နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒိုမပါနိုင်လို့ ယူကရိန်းမြေ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ရုံးကန်ရဦးမယ့် ဂျူဗင်တပ်စ်

ဒိုင်နမိုကိဗ် vs ဂျူဗင်တပ်စ်

အခုတစ်ပတ် အင်္ဂါနေ့ ညကစပြီး ၂၀၂၀ ခုနှစ်အတွက် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ ကစားဖို့ ရှိနေပြီး မြန်မာ စံတော်ချိန် ည ၁၁နာရီ ၂၅ မိနစ်မှာတော့ အုပ်စု(ဂျီ)က ဒိုင်နမိုကိဗ်နဲ့ ဂျူဗင်တပ်စ်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေ ပါတယ်။

ဒိုင်နမိုကိဗ်တို့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ပြန်ပြီး ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ယူကရိန်းပရီးမီးယားလိဂ်မှာ ၆ပွဲကစားပြီး ၄ပွဲနိုင်၊ ၂ပွဲသရေ ရှုံးပွဲလုံးဝ မရှိသေးပဲ ခြေစွမ်းပိုင်းတည်ငြိမ်နေတဲ့ ဒိုင်နမိုကိဗ်တို့ ချန်ပီယံလိဂ် ခြေစစ်ပွဲတတိယအဆင့် ကနေ စတင်ကစားခဲ့ ရပါတယ်။ နယ်သာလန်ကလပ် အေဇက်အယ်ခမာကို ၂ ဂိုးပြတ်နဲ့ ကျော်ဖြတ်ပြီး နောက်ဆုံး ရှုံးထွက်အဆင့် မှာတော့ ဘယ်ဂျီယံကလပ် ဂျန့်ကို နှစ်ကျော့ပေါင်း ၅-၁ နဲ့အနိုင်ရခဲ့လို့ အုပ်စုအဆင့်ကို တက်ရောက် ကစားခွင့်ရခဲ့ တာ ဖြစ်ပါတယ်။ ယူကရိန်းရဲ့ လက်ရှိအအောင်မြင်ဆုံး အသင်း ဒိုင်နမိုကိဗ်တို့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ရှက်တာဒိုးနက်စ်နဲ့ ရမှတ် ၁၄မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး ဥရောပအဆင့်ကို ၄နှစ်အကြာမှ တကျော့ ပြန် တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

 
ဂျူဗင်တပ်စ်ကတော့ နှစ်စဉ်နှစ်တိုင်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ပေမယ့် ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့တာက လွဲရင် နောက်ပိုင်းနှစ်တွေမှာ ရှုံးထွက်အဆင့်တွေကနေပဲ လှည့်ပြန်ခဲ့ ရတာ များပါတယ်။ ၁၉၈၅နဲ့ ၁၉၉၆ ခုနှစ်တွေမှာ ချန်ပီယံနှစ်ကြိမ် ဖြစ်ခဲ့ဖူးတဲ့ တူရင်အခြေစိုက်ကလပ် အနေနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုလို ကစားသမားကို ခေါ်ယူပြီး ဝေးကွာနေခဲ့တဲ့ ချန်ပီယံလိဂ် အောင်မြင်မှုကို ပြန်လည် ရယူနိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် လက်ရှိအချိန်ထိတော့ မှန်းချက်နဲ့  နှမ်းထွက်မကိုက်သေးဘူးလို့ ဆိုရ မှာပါ။ ရော်နယ်ဒိုကို ခေါ်ယူပြီး ချန်ပီယံလိဂ် အိမ်မက်ကို အသက်သွင်းဖို့စီစဉ်ခဲ့တာ မှန်ပေမယ့် ကစားသမားတစ်ဦး တည်းက အသင်းရဲ့အဖြေကို ထုတ်ပေးနေရရင်‌တော့ လိုချင်တဲ့ အောင်မြင်မှုနဲ့ ဂျူဗင်တပ်ပ်စ်တို့ ဝေးကွာနေရဦးမှာ ဖြစ်ပါတယ်။ မနှစ်က နာပိုလီ၊ ချဲလ်ဆီးတို့မှာ နာမည်ကြီးခဲ့တဲ့ ဆာရီကို တာဝန်ပေးခဲ့ပေမယ့်လည်း ရော်နယ်ဒိုလို ကစားသမားမျိုးတောင် နည်းစနစ်နဲ့ အံဝင်လာဖို့ တော်တော်လေး အချိန်ယူခဲ့ရပါတယ်။ စီးရီအေ ၉နှစ်ဆက် ချန်ပီယံဘွဲ့ ရရှိခဲ့တယ် ဆိုပေမယ့် ရော်နယ်ဒိုသာ မရှိရင် ဂျူဗင်တပ်စ်တို့ အိမ်မက်တောင် မက်နိုင်မှာ မဟုတ်ပါဘူး။ မနှစ်က ချန်ပီယံလိဂ်မှာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းကို နှစ်ကျော့ပေါင်း ၂-၂နဲ့သရေကျပြီး အဝေးဂိုးစည်းမျဉ်း အရ ၁၆သင်းအဆင့်ကနေပဲ လှည့်ပြန်ထားခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းကလည်း ရော်နယ်ဒို တစ်ဦးတည်းကပဲ ၂ ဂိုး သွင်းပြီး နောက်တစ်ဆင့်တက်ဖို့ ရုန်းကန်ပေးခဲ့ပေမယ့် နိုင်လိုစိတ်မရှိတဲ့ အသင်းဖော်တွေကြောင့် ဂျူဗင်တပ်စ် ရော ရော်နယ်ဒိုပါ အိမ်မက်ကိုယ်စီ ကြေမွခဲ့ရတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်တို့ ၂၀၂၀ စီးရီးအေ ပွဲစဉ် ၄ပွဲကစားပြီးချိန် အထိ ၂ပွဲနိုင်၊ ၂ပွဲသရေနဲ့ ရမှတ် ၈မှတ်ရရှိပြီး အဆင့် ၅နေရာမှာ ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ်ဖလား ၂ကြိမ်ရဖူးတဲ့ ပီယာလိုကလည်း အေစီမီလန်နဲ့ အတူကိုင်မြှောက်ခွင့်ရခဲ့တာ ဖြစ်လို့ လက်ရှိ ဂျူဗင်တပ်စ်အတွက် ၂၅နှစ်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် အောင်မြင်မှုကို တကျော့ပြန် ရယူပေးနိုင်မလားဆိုတာ ဆက်လက်စောင့် ကြည့်ရမှာ ဖြစ်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒိုင်မိုကိဗ်နဲ့ ဂျုဗင်တပ်စ်တို့ သမိုင်းတစ်လျှောက် ၄ကြိမ် တွေ့ဆုံထားပြီး ဂျူဗင်တပ်စ်အသင်းက ၃ပွဲအနိုင်ရပြီး ၁ပွဲသရေကျထားပါတယ်။ ဂျူဗင်တပ်စ်တို့ ဒိုင်နမိုကိဗ်နဲ့ တွေ့ဆုံမှု ၄ကြိမ်မှာ ရဂိုး ၁၂ဂိုးရှိခဲ့ပြီး ဒိုင်နမိုကိဗ်ကတော့ ၃ဂိုးပဲ ပြန်ရထားခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ကြည့်မယ်ဆိုရင်တော့ ဒိုင်နမိုကိဗ်တို့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ပွဲ ကစားထားရာမှာ ၈ပွဲနိုင်ပြီး ၂ပွဲသရေကျထားသလို ရှုံးပွဲလုံးဝမရှိသေးပါဘူး။ ဂျူဗင်တပ်စ်ကတော့ နောက်ဆုံး၅ပွဲမှာ ၃ပွဲနိုင်ပြီး ၂ပွဲသရေကျထားခဲ့ပါတယ်။ အဓိကတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံ ထား ရလို့ ပါဝင်လာနိုင်ဦးမှာမဟုတ်သလို ဒီလစ်ဂျ်၊ ရမ်ဆေး၊ အဲလက်စ်ဆန်ဒရိုတို့ လည်း ဒဏ်ရာ ကြောင့် ပွဲထွက် လူစာရင်းမှာ ပါဝင်လာဖို့ မသေချာပါဘူး။ နည်းပြ ပီယာလိုအနေနဲ့ မိုရာတာ၊ ကူလက်ဗ်စကီး အာသာ၊ ကွာဒွာဒို၊ ဘိုနူချီ၊ ချီလီနီ၊ ဘာနက်ဒက်ရှီ၊ ဒန်နီလိုတို့ကို အသုံးပြုပြီး ပွဲထွက်လာနိုင်ပါတယ်။ ဒိုင်နမိုကိဗ်ဘက်မှာတော့ ဒဏ်ရာရပွဲပယ် ကင်းရှင်းနေပြီး ပြီးခဲ့တဲ့ နေးရှင်းလိဂ်မှာ စပိန်ဘက်ကို အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဆီယန်ကော့ဗ်နဲ့ အတူ ရှာပါရန်ကို၊ ဆိုင်ဒိုချက်ခ်၊ မိုင်ကိုလန်ကို၊ ကရာဗေ့်၊ ဇဗာနီ တို့ ပွဲထွက်လူစာရင်းမှာ အသုံးပြုလာဖို့ ရှိနေပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဒိုင်နမိုကိဗ် vs ဂျူဗင်တပ်စ် 1X2 ဂျူဗင်တပ်စ် @ ၁.၈၈ဆ
အောက်တိုဘာလ ၂၀ ရက်, ည ၁၁:၂၅ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင် ဘက်က ၃.၅၅ ဆ၊ ဧည့်သည်ဘက်က  ၁.၈၈  ဆနဲ့ သရေအတွက် ၃.၃၀ဆ ကြေးဖွင့်ထားပါတယ်။ ခြေစွမ်းပိုင်းအရ ဂျူဗင်တပ်စ်တို့ကို လုံးဝအားမရတာ အမှန်ပါပဲ။ အသက် ၃၅နှစ်ကျော်နေတဲ့ တိုက်စစ်မှူး တစ်ဦးတည်းကို အရာရာပုံအပ်ပြီး အားကိုးခွင့်ရနေတာကိုက တူရင်ကလပ်အတွက် ကံကောင်းမှုတစ်ခု ဖြစ်ပါတယ်။ အခုပွဲမှာ ရော်နယ်ဒို မပါနိုင်ဘူးဆိုတာ သေချာနေလို့ ဂျူဗင်တပ်စ် တိုက်စစ်က အသက်မဲ့နေဦးမှာပါ။ အခန့်မသင့်ရင် ခြေတက်နေတဲ့ အိမ်ရှင် ဒိုင်နမိုကိဗ်ကြောင့် ယူကရိန်းကနေ ရမှတ်ဗလာနဲ့ အိမ်ပြန်လာရနိုင် ပါတယ်။ ဒါပေမယ့် အစဉ်အလာနဲ့ ဂုဏ်သိက္ခာအရ ဂျူဗင်တပ်စ်တို့ အနိုင်ကစားမှာပါ။ ၁-၂ လောက်နဲ့ ကပ်နိုင်သွားနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်