နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မထင်မှတ်ထားတဲ့ ရလဒ်တွေနဲ့ ပရိသတ်တွေကို စွဲဆောင်ဦးမယ့် ပရီးမီးယားလိဂ် ၂၀၂၀

အခုတစ်ပတ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ကတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက် ရလဒ်တွေနဲ့အတူ ဘောလုံး ပရိသတ်တွေကို ထုံးစံအတိုင်း ရသအပြည့်အဝ ပေးစွမ်းနိုင်ခဲ့ပြန်ပါပြီ။ ဒါ့ကြောင့် ပွဲစဉ် ၆ အပြီးမှာ သတိ ထားမိခဲ့တဲ့ အချက်တွေထဲကမှ အကြောင်းအရာတချို့ကို SBOTOP‌ ပရီးမီးယားလိဂ် ပရိသတ်တွေအတွက် ပြန်လည်‌ ဖော်ပြပေးသွားပါမယ်။
 

ပထမဦးဆုံးရှုံးပွဲနဲ့ ရင်ဆိုင်သွားရတဲ့ ဦးဆောင်သူများ

ဒီရာသီမှာ ပရီးမီးယားလိဂ် မှာ ဦးဆောင်နေတဲ့ အဲဗာတန်နဲ့ အက်စတွန်ဗီလာတို့ကတော့ အခုတစ်ပတ် ပွဲစဉ် ၆ အပြီးမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂိုးပြတ်ရှုံးပွဲ ကိုယ်စီတွေ့ခဲ့ကြပါတယ်။ အက်စတွန်ဗီလာက လိဒ်စ်ယူနိုက်တက်ကို အိမ်ကွင်း ဗီလာပါခ့်မှာ ခြေပြတ် ဂိုးပြတ် ၃-၀နဲ့ အရှုံးပေးခဲ့ရပြီး ရမှတ်စတင်ဆုံးရှုံးခဲ့ရပါတယ်။ အဲဗာတန်အသင်းကတော့ ပြီးခဲ့တဲ့ လစ်ဗာပူးလ်နဲ့ ပွဲမှာ သရေကျပြီး နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရသလို အခုတစ်ပတ်မှာတော့ ဆောက်သမ်တန်ရဲ့ စိန့်မေရီကွင်းမှာ ၂ဂိုးပြတ် အရေးနိမ့်ခဲ့ရပါတယ်။ အဲဗာတန်တို့ အခုရာသီမှာ ပြီးပြည့်စုံတဲ့ ခြေစွမ်းနဲ့ အမှတ်ပေးဇယားမှာ ဦးဆောင်နေတယ်ဆိုပေမယ့် အမှတ်ပေးချန်ပီယံဆုရဖို့ ဘာ့ကြောင့် လက်မခံကြသေးတာလဲ ဆိုတာကို ဒီပွဲမှာ တော်ဖီတို့ သက်သေပြခဲ့ပါတယ်။ အန်ဆယ်လော့တီ လက်အောက်မှာ အကောင်းဆုံးစတင်ခြင်းနဲ့ ပရီးမီယားလိဂ် ဒုတိယရာသီကို ဆက်လက်ဖြတ်သန်းနေတဲ့ အဲဗာတန်တို့ အမှတ်ပေးချန်ပီယံဘွဲ့ကို ရယူဖို့ ရည်ရွယ်ထားခဲ့တယ်ဆိုရင်တောင် အခုထက်ပိုပြီး ကောင်းတဲခြေစွမ်းကို ပြသနိုင်ဖို့ လိုအပ်နေသေးသလို ကစားသမားခေါ်ယူ အားဖြည့်မှုတွေ ထပ်လုပ်မှရမှာပါ။ လစ်ဗာပူးလ်လို အသင်းမျိုးတောင် နှစ်ပေါင်း ၃၀ ကြာဝေးကွာနေတဲ့ ချန်ပီယံဆုကိုရဖို့  နည်းပြဂျာဂျင်ကလော့ပ် ဟာ ၅နှစ်လောက် အချိန်ယူတည်ဆောက်ခဲ့ရတာမို့လို့ အဲဗာတန် ဆိုရင် အခုထက်ပိုပြီး ကြိုးစားဖို့လိုအပ်နေပါသေးတယ်။

အခုတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ် ၆ အပြီးမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂိုးပြတ်ရှုံးပွဲ ကိုယ်စီတွေ့ခဲ့ကြပါတယ်။
အက်စတွန်ဗီလာရော အဲဗာတန်ပါ ရှုံးပွဲတွေ့ခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆

လိဒ်စ်ယူနိုက်တက်တို့ တကယ်ပဲ ပြန်လာခဲ့ပြီလား။

လိဒ်စ်တို့ ၁၆ နှစ်အကြာ စွန့်ခွာခဲ့ရတဲ့ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာပြီး အသင်း ပရိသတ်တွေအတွက် ကျေနပ်စရာ ရလဒ်တွေ ရရှိအောင် လုပ်ပြနေပါပြီ။ အဖွင့်ပွဲမှာ လစ်ဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပေမယ့် သူတင်ကိုယ်တင် ကစားပြီး ၄-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်သလို နောက်နှစ်ပွဲမှာ ဆက်တိုက် အနိုင်ရခဲ့ပါတယ်။ မန်ချက်စတာစီးတီးကို သရေထပ် ကစားနိုင်ပေမယ့် ဝုဗ်နဲ့ပွဲမှာတော့ အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်လို့ ရှုံးနိမ့်ခဲ့ပါတယ်။ နောက်ဆုံးပွဲ မှာတော့ အဓိက ကွင်းလယ်ကစားသမား ကယ်ဗင်ဖီးလစ် မပါပေမယ့်လည်း  အက်စတွန်ဗီလာကို အဝေးကွင်းမှာ ပွဲချိန်ပြည့် ဖိကစားပြီး အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ တိုက်စစ်က ကျောနံပါတ် ၉ ပက်ထရစ်ဘမ်းဖို့ဒ်ရဲ့ တောက်ပမှုတွေ မြင်တွေ့ခဲ့ရပြီးတော့ နည်းပြကြီး ဘီရာဆာ ဘယ်လောက်အထိ စွမ်းသလဲဆိုတာ လက်တွေ့ပြခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ လိဒ်စ်ယူနိုက်တက်တို့ ထိပ်ဆုံးကဦးဆောင်နေတဲ့ အဲဗာတန်နဲ့ ၃မှတ်ပဲ ကွာဟပါတယ်။
 

လက်စတာစီးတီးအတွက် နောက်ထပ်အောင်မြင်တဲ့ ရာသီဖြစ်လာဦးမှာလား။

ဒါကတော့ ဖြစ်နိုင်ချေနည်းပါတယ်။ လက်စတာစီးတီးတို့ ၂၀၁၆ ခုနှစ်က ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တယ်ဆိုတာ အခုထက်ခြေပိုကောင်းပြီး ပြိုင်ဘက်တွေရဲ့ အားနည်းချက်တွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဘရန်ဒန်ရော်ဂျာ ကိုင်တွယ်နေတဲ့ လက်စတာတို့ ဒီရာသီမှာ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်လို့ အသင်းကြီး ၂သင်းဆီကနေ ၃မှတ်အပြည့် ယူပြီးပါပြီ။ ချိန်သားကိုက် အလုပ်လုပ်နိုင်စွမ်းရှိတဲ့  ဘရန်ဒန်ရော်ဂျာရဲ့ အသင်းက ဘာ့ကြောင့် အဆိပ်ပြင်းနေသလဲဆိုတာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ သက်သေပြခဲ့ပါတယ်။ နည်းစနစ်ကောင်းပါတယ် ဆိုတဲ့ အာတေးတားရဲ့ အာဆင်နယ်က ဘောလုံးအပေးအယူနဲ့ပဲ အချိန်ကုန်နေတာကို အခွင့်ကောင်းယူပြီး လိုအပ်နေတဲ့ သွင်းဂိုးရယူဖို့ အချိန်ကျလာချိန်မှာ ဗာဒီလိုကစားသမားကို ထည့်ပြီး အပိုင် ၃မှတ်ရအောင် ယူပြသွားခဲ့တာပါ။ ဗာဒီကတော့ အာဆင်နယ်ဆိုရင် မသိဘူး။ ဂိုးသွင်းမယ် ဆိုတဲ့ ကစားသမားလို့ ပြောရလောက်အောင် အာဆင်နယ်နဲ့ တွေ့ဆုံတဲ့ ၁၂ကြိမ်မှာ ၁၁ဂိုးသွင်းထားနိုင်ခဲ့သလို အမ်းမရိတ်စ်မှာ ၅ဂိုးအထိ သွင်းယူနိုင်တဲ့ ကစားသမားဖြစ် လာပါတယ်။
 

 

ဒုံရင်းကဒုံရင်း အာဆင်နယ်နဲ့ ရှေ့လူလမ်းစဉ်မလိုက်မိဖို့ လိုအပ်နေတဲ့ အာတေးတား

ဒီပုံအတိုင်းသာ ဆက်သွားရင် အာဆင်နယ်ရဲ့ အနာဂတ်က မတွေးဝံ့စရာပါ။ နည်းပြအာတေးတား တစ်ယောက် အူနိုင်းအန်မေရီရဲ့ ခြေရာမနင်းမိဖို့ လိုအပ်နေပါပြီ။ ဝီလျံ၊ ဂါဘရီရယ်တို့ရောက်လာတဲ့ အာဆင်နယ်ကို ရာသီအစမှာ အများကြီး မျှော်လင့်လို့ ရခဲ့ပေမယ့် တကယ့်လက်တွေ့မှာ အာတေးတားလည်း အာဆင်နယ်ကို ထိထိရောက်ရောက် လမ်းပြနိုင်ဖို့ ခက်ခဲနေဆဲပါတယ်။ အာဆင်နယ်တို့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၆ပွဲကစားပြီး ၃ပွဲနိုင်၊ ၃ပွဲရှုံးထားကတော့ အသင်းကြီးတစ်သင်းအနေနဲ့ မဖြစ်သင့်တဲ့ ရလဒ်ပါ။ သောမက်စ်ပါတေးကို ရဖို့ တော်တော်လေးရုပ်ပေါက်ခဲ့ပေမယ့် ပါတေးဝင်ကစားကတည်းက မန်စီးတီးကို ရှုံးပါတယ်၊၊ ဒါပေမယ့် အချိန်ခဏလေးပဲ ဝင်ကစားခဲ့ရတယ်ဆိုပြီး ပြောနိုင်ပေမယ့် ယူရိုပါလိဂ် ရက်ပစ်ဝီရင်နဲ့ ပွဲမှာ ပွဲချိန်ပြည့် ကစားခဲ့ပါတယ်။ သိပ်တော့ မစွံလှပါဘူး။ လက်စတာနဲ့ ပွဲမှာလည်း ပါဝင်ခဲ့ပေမယ့် ပေါင် ၄၅သန်းနဲ့ တန်တဲ့ စွမ်းဆောင်ရည်တော့ မမြင်တွေ့ရပါဘူး။ တကယ်တမ်း အိုဇေးလ်ကိုတောင် ပြန်ပြီးအသုံးပြုသင့်တဲ့ အခြေအနေ ဆိုတာ အာတေးတား သိသင့်နေပါပြီ။ ကွင်းလယ် ဖန်တီးရှင် ဆိုတာမျိုး မရှိသ၍တော့ တိုက်စစ်က အော်ဘာမီယန်း ဂိုးပေါက်ပျောက်နေတာ မဆန်းပါဘူး။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်