နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၁၇၁ ကြိမ်မြောက် ပရီးမီးယားလိဂ် တွေ့ဆုံမှုမှာ မန်စီးတီးကို ဂန်းနားတို့ အသာရဖို့ မဖြစ်နိုင်သေးပါဘူး

မန်ချက်စတာစီးတီး vs အာဆင်နယ်

လာမယ့် အောက်တိုဘာလ ၁၇ရက်နေ့၊ ည ၁၁နာရီအချိန်မှာ မန်ချက်စတာစီးတီးတို့ အိမ်ကွင်း အီတီဟတ်မှာ အာဆင်နယ်ကို လက်ခံကစားဖို့ ရှိနေပါတယ်။ ထိပ်သီးနှစ်သင်း တွေ့ဆုံမှုဖြစ်လို့ SBOTOP  ပရိတ်သတ် တွေ ကြိုက်နှစ်သက်မယ့် ပွဲကောင်းတစ်ပွဲ ကျိန်းသေပေါက် ဖြစ်လာဖို့ရှိနေပါတယ်။

မန်ချက်စတာစီးတီး ကတော့ အခုနှစ် ပရီးမီယားလိဂ် မှာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေပြီး ၃ပွဲကစား ၁ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံးနဲ့ ရမှတ်၄မှတ်သာ ရထားပြီး အမှတ်ပေးဇယား အဆင့် ၁၄နေရာမှာ ရောက်ရှိနေခဲ့ပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အဆိုးရွာဆုံး ရာသီအစ ဖြစ်ခဲ့ပြီး မန်ချက်စတာစီးတီး တို့ အဖွင့်ပွဲစဉ်မှာ ဝုဗ်ကို အ ၁-၃ နဲ့ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲစဉ်မှာတော့ လက်စတာစီးတီးကို အိမ်ကွင်းအီတီဟတ်မှာ လက်ခံကစားခဲ့ရ ပေမယ့် ဂိုးပြတ် အရေးနိမ့်ထားခဲ့ပါတယ်။ နည်းပြဂွါဒီယိုလာ ကိုင်တွယ်ချိန်ကစလို့ ပထမဦးဆုံး အကြိမ် ပြိုင်ဘက်ကို တစ်ပွဲတည်း ၅ ဂိုးအထိပေးပြီး ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံး ပွဲစဉ်မှာတော့ တန်းတက် လိဒ်စ်ယူနိုက်တက် ကို အဝေးကွင်းမှာ အသည်းအသန်ကစားပြီး သရေထပ် ကျခဲ့လို့ ကစားပုံပျက်နေတယ်ဆိုတာ သေချာခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေအရဆိုရင်တော့ အာဆင်နယ်နဲ့ ပွဲမှာ ဒီဘရိုင်းနား၊ ဂါဘရီရယ်ဂျီးဆုစ်တို့ ပါဝင်နိုင်ဖို့ မသေချာပေမယ့် အဂွဲရိုးကတော့ ဒဏ်ရာက ပြန်လည် သက်သာ လာတာကြောင့် ပွဲထွက်လူစာရင်းမှာ ပါလာနိုင်ပါတယ်။

 
အာဆင်နယ်တို့ ၂၀၂၀ ပရီးမီယားလိဂ် မှာ ၄ပွဲကစား ၃ပွဲ နိုင်၊ ၁ပွဲရှုံးနဲ့ ရမှတ်၉မှတ် ရရှိထား ပြီး အဆင့် ၄နေရာ မှာ ရပ်တည်နေပါတယ်။ အာဆင်နယ်လ်တို့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မှာ ၃-၀ ရလဒ်နဲ့ ဖူလ်ဟမ်ကို အဝေးကွင်း နိုင်ပွဲရရှိပြီး အဖွင့်လှခဲ့ပါတယ်။ ဒုတိယပွဲစဉ်မှာလည်း ၂-၁နဲ့ ဝက်စ်ဟမ်း ကိုအနိုင်ရရှိခဲ့ပြီး၊ ပွဲစဉ် ၃ မှာတော့ လစ်ဗာပူးလ်ရဲ့ အန်ဖီးလ်ကွင်းမှာ သွားရောက်ကစားပြီး ၃ဂိုး၁ဂိုး နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ နောက်ဆုံး ပွဲစဉ်အဖြစ် အိမ်ကွင်းအန်းမရိတ်စ် မှာ ကစားခဲ့ရာမှာတော့ ခြေစွမ်းပိုင်း အားရစရာ မရှိခဲ့ပေမယ့် ဘူကာယို ဆာကာ၊ ပေပေတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ နည်းပြအာတေးတား ရောက်ရှိလာချိန်ကတည်းက အာဆင်နယ်တို့ အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းဆောင်ရည်တွေ ပြသထားနိုင်ပြီး ရလဒ်တွေကလည်း အရင်နှစ် တွေကထက် အားရစရာကောင်းနေပါတယ်။ ငွေသုံးကပ်စေးနည်းခဲ့တဲ့ အာဆင်နယ်ကို ဒီရာသီမှာတော့ လိုအပ်တဲ့ နေရာမှာ လိုအပ်သလို သုံးစွဲလာတာတွေ့ရပြီး ပြုပြင်ပြောင်းလဲမှုတွေ နဲ့ ရေရှည်အတွက် အသင်းကို ပြန်လည် တည်ဆောက်နေခဲ့တာ တွေ့ရပါတယ်။ ရာသီမစခင် ချဲလ်ဆီးက ဝီလျံ၊ ဂါဘရီရယ်တို့ကို ခေါ်ယူနိုင်ခဲ့ပြီး အဓိက တိုက်စစ်မှူး အော်ဘာမီယန်းကိုလည်း စာချုပ်သက်တမ်းတိုး နိုင်ခဲ့ပါတယ်။ အဲ့နောက် အပြောင်းအရွှေ့မပိတ်ခင် အက်သလက်တီကိုမက်ဒရစ်က သောမက်စ်ပါတေးကို ပေါင် ၄၅သန်းသုံးစွဲပြီး အမိအရ ခေါ်ယူထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်တို့ လက်ရှိ လူစာရင်းအရ အသင်းအားလုံးကို အကောင်းဆုံး ရင်ဆိုင်နိုင်တဲ့ ခြေစွမ်းမှာ ရှိနေပါတယ်။ သောမက်စ်ပါတေးလို ကစားသမားမျိုးကို အာဆင်နယ်တို့ ခေါ်ယူနိုင်ခဲ့တာကလည်း တကယ့်ကို အကျိုးရှိတဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်ပေမယ့် ပရီးမီးယားလိဂ်နဲ့ အသားကျမကျဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

၂၀၂၀ ပရီးမီယားလိဂ် မှာ ၄ပွဲကစား ၃ပွဲ နိုင်၊ ၁ပွဲရှုံးနဲ့ ရမှတ်၉မှတ် ရရှိထား ပြီး အဆင့် ၄နေရာမှာ ရပ်တည်နေပါတယ်။
နောက်ဆုံးတွေ့ဆုံမှုအဖြစ် မန်ချက်စတာစီးတီးကို အက်ဖ်အေဖလားမှာ ၂-၀ နဲ့ အနိုင်ရထားတဲ့ အာဆင်နယ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုအရဆိုရင်တော့ ၂၀၁၀ ခုနှစ်နောက်ပိုင်း အာဆင်နယ်တို့ မန်ချက်စတာစီးတီးကို အသာမရ ခဲ့တာ ကြာခဲ့ပါပြီ။ ပြိုင်ပွဲစုံ တွေ့ဆုံမှု ၂၈ ကြိမ်မှာ မန်စီးတီးက ၁၃ကြိမ်နိုင်၊ အာဆင်နယ်က ၉ ကြိမ်နိုင်ပြီး ၆ ကြိမ် သရေကျထားပါတယ်။ မနှစ်က တွေ့ဆုံမှုမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ကျော့စလုံး မန်ချက်စတာစီးတီးက ၃ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာတော့ အာဆင်နယ်က အော်ဘာမီယန်း ခြေစွမ်း ပြပြီး ၂ဂိုးပြတ်နဲ့ ပြန်အနိုင်ရထားပါတယ်။ အာဆင်နယ်နည်းပြ အာတေးတားအနေနဲ့ ဆရာအရင်း ဂွါဒီယိုလာနဲ့ ပြန်ပြီး ရင်ဆိုင်ရမယ့် တတိယမြောက်ပွဲစဉ်လည်း ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးမှာ အီဒါဆင်၊ ရူဘင်ဒီးရာ့ဇ်၊ လာပေါ့တ်၊ မန်ဒီ၊ ဖိုဒန်၊ ရိုဒရီ၊ ဂန်ဒိုဂန်၊ ဘရာနာဒိုဆေးလ်ဗား၊ မားဟ်ရက်ဇ်၊ စတာလင်တို့နဲ့ ပွဲထွက်လာဖို့ ရှိနေပါတယ်။ အာဆင်နယ် ကတော့ ပွဲထွက်လူစာရင်းမှာ လန်နို၊ ဘယ်လာရင်၊ ဒေးဗစ်လုဇ်၊ ဂါဘရီရယ်၊ တီယာနီ၊ ဆယ်ဘာလော့စ်၊ ပါတေး၊ ဆာကာ၊ ဝီလျံ၊ လာကာဇက်၊ အော်ဘာမီယန်းတို့နဲ့ ရင်ဆိုင်လာဖွယ် ရှိနေပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာစီးတီး VS အာဆင်နယ် အချိန်ပြည့် ၂ဂိုးမှ၃ဂိုး @ ၂.၁၉ဆ
အောက်တိုဘာလ ၁၇ ရက်, ည ၁၀:၀၀ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက်ကို ၁.၅၀ဆ၊ ဧည်သည်အသင်း အတွက် ၅.၆၀ဆနဲ့ သရေ အတွက်ကိုတော့ ၄.၆၀ဆ အထိ ကြေးဖွင့် ထားပါတယ်။ ဒီရာသီမှာ မန်ချက်စတာစီးတီး ခြေတော်တော်ကျနေပြီး ကစားသမားတွေလည်း နိုင်လိုစိတ် ပျောက်ဆုံးနေတာ တွေ့ရပါတယ်။ ဒါးဗစ်ဆေးလ်ဗား မရှိတဲ့ နောက်ပိုင်း ကွင်းလယ်မှာ လိုအပ်ချက်ရှိနေပြီး ဒီဘရိုင်းနား ခြေစွမ်းပြနေပေမယ့် မန်ချက်စတာစီးတီးတို့ အားနည်းချက်တွေ ရှိနေဆဲပါ။ အလားတူပဲ အာဆင်နယ်တို့ ရလဒ်ကောင်းနေပေမယ့် ခြေစွမ်း အတက်အကျ မြန်နေလို့ အပြည့်အဝ ယုံကြည်ထားလို့ မရပြန်ပါဘူး။ အကြိတ်အနယ်ကစားပြီး ၂-၂ ရလဒ်လောက်နဲ့ပဲ ပွဲပြီးသွားနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်