နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတန်းဖိုဒ့်ဘရစ်ချ်က ပရီးမီးယားလိဂ်ကောင်းကင်မှာ လင်းယုန်တွေပျံဝဲခွင့်မရှိပါဘူး။

ချယ်လ်ဆီး vs ခရစ္စတယ်ပဲလေ့စ်

လာမယ့် အောက်တိုဘာလ ၃ရက်နေ့ ညနေ ၆နာရီမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၄)ရဲ့ ပွဲကောင်းတစ်ပွဲ    ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ် တို့ရဲ့ ပွဲကို  SBOTOP ရဲ့ ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက် သုံးသပ်ဖော်ပြ ပေးချင်ပါတယ်။

ဖရန့်လမ်းပတ်ရဲ့ ချယ်လ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက ရမှတ် ၆၆မှတ် ရရှိပြီး မန်ချက်စတာယူနိုက်တက်နဲ့ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်အရ အဆင့် ၄နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့တာကြောင့် လမ်းပတ် အတွက် ထိုက်သင့်တဲ့ အောင်မြင်မှု ရရှိထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ကစားသမား ပြောင်းရွေ့ခွင့် ပြစ်ဒဏ်ကနေ လွတ်မြောက်တာနဲ့ ရာသီကြို ပြင်ဆင်မှုအဖြစ် ငွေကြေး အမြောက်အမြား သုံးစွဲပြီး ထိပ်တန်းကစားသမား တော်တော်များများနဲ့ ဝယ်ယူ အားဖြည့် ထားခဲ့ပါတယ်။ ဇီယက်ချ်၊ ဘန်ချေးလ်ဝဲလ်၊ တီမိုဝါနာ၊ ကိုင်ဟာဗက်၊ သီယာဂိုဆေးလ်ဗားစတဲ့ ကစားသမားကောင်းတွေ ခေါ်ယူပြီး အောင်မြင်မှု ရရှိအောင် ပြင်ဆင်ထားခဲ့တာပါ။ ယခင်ရှိပြီးသား ကစားသမားဟောင်းတွေဖြစ်တဲ့ ဂျီရူး၊ အေဘရာဟမ်၊ ပူလီဆစ်၊ မေဆင်မောင့်၊ ဟက်ဆန်အိုဒွိုင်း၊ ကန်တေ၊ ကိုဗာချစ်၊ ဂျော်ဂျင်ဟို၊ အလွန်ဆို၊ ဘန်ချေးလ်ဝဲလ်၊ အက်စ်ပီလီကျူအာတာ တို့နဲ့ ပေါင်းစပ်လိုက်ရင် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းအဖြစ် အများစုက သုံးသပ်ထား ကြပါတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဘရိုက်တန်ရဲ့ အိမ်ကွင်းမှာ ဂျော်ဂျင်ဟို၊ ဇူးမား၊ ရစ်ဆီဂျိမ်းစ် တို့ ဂိုးတွေနဲ့ အနိုင်ရခဲ့လို့ တာထွက် ကောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပွဲစဉ် မှာတော့ ချန်ပီယံ လစ်ဗာပူးလ်ကို စတန်းဖိုဒ့်မှာ  ဧည့်ခံကစားခဲ့ရာ မှာတော့ ဝ-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ တတိယပွဲစဉ်မှာလည်း ဝက်စ်ဘရွန်းရဲ့ အိမ်ကွင်းမှာ ၃ဂိုးပြတ် ရှုံးနိမ့်နေခဲ့ရာ ကနေ နောက်ကစားခဲ့ရပြီး  မေဆန်မောင့်၊ အေဘရာဟမ်၊ ဟက်ဆန်အိုဒွိုင်းတို့ က ပြန်လည် ချေပနိုင်ခဲ့တာ အပြင် ကံတရားနဲ့ VAR ကယ်လို့ အဖိုးတန် သရေ ၁မှတ်ရခဲ့ပါတယ်။ ခြင်္သေ့ပြာတို့ လက်ရှိမှာ ၃ပွဲ ကစားပြီးချိန် ၁ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံး၊ ရမှတ် ၄မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေတာ ကိုတော့ နည်းပြ ဖရန့်ခ်လမ်းပတ် ကျေနပ်နေမှာတော့ မဟုတ်ပါဘူး။ အဲ့နောက်မှာ ကြားရက် က ခရာဘောင်ဖလား ၁၆သင်းအဆင့် ပြိုင်ပွဲမှာ တော့တမ်ဟမ် ဟော့စပါးအသင်း ကို သာမန်ပွဲချိန်မှာ ၁ဂိုးစီ သရေကျနေလို့ ပယ်နယ်တီ အဆုံးအဖြတ် ကန်ရာမှာ စပါးအသင်းက ၅ဂိုး၄ဂိုးနဲ့ အနိုင်ရရှိသွားလို့ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရ ပြန်ပါတယ်။ နည်းပြ ဖရန့်လမ်းပတ်ကတော့ ရှေ့တစ်ပတ်ထဲ နေးရှင်းလိဂ်ပွဲစဉ်တွေ မကစားမီ အိမ်ကွင်း နိုင်ပွဲရရှိဖို့ လိုလားနေပါတယ်။ ဝက်စ်ဘရွန်းပွဲမှာ ပရိတ်သတ် လှောင်ပြောင်ခြင်း ခံခဲ့ရတာကို ပြန်လည်ချေဖျက်မှာ အသေအချာပါဘဲ။

နည်းပြ ရွိုင်းဟော့ဆန်ရဲ့ ခရစ်စတယ်ပဲလေ့စ် ကတော့ ပြီးခဲ့တဲ့ရာသီက ရမှတ် ၄၃မှတ် ရပြီး အဆင့် ၁၄နေရာနဲ့ ရာသီသိမ်း ထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲ ကစားပြီးချိန်မှာတော့ ၂ပွဲနိုင် ၁ပွဲရှုံး ရမှတ် ၆မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၆နေရာမှာ ရပ်တည်နေပါတယ်။ အဖွင့်ပွဲစဉ်အဖြစ် ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဇာဟာရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် ရာသီသစ်ကို ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ လင်းယုန်တွေဟာ ဒုတိယပွဲမှာလည်း မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်း  အိုးထရက်ဖို့ဒ်မှာ တောင်ဆန်၊ ဇာဟာတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရလဒ်တစ်ခုကို ထပ်ပြီး စွမ်းဆောင် ထားနိုင်ခဲ့ ပြန်ပါတယ်။ ဒါပေမယ့်လည်း တတိယပွဲစဉ်မှာတော့ အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ၁-၂နဲ့ရှုံးနိမ့်လို့ နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ပါတယ်။ အဓိကတိုက်စစ်မှုး ဇာဟာကတော့ ၃ပွဲကစားပြီး ၃ဂိုးရရှိအောင် စွမ်းဆောင်ထားတဲ့ ကစားသမားပါ။ ဇာဟာ၊ ဘန်တီကီ၊ ဂျော်ဒန်အရှုး၊ ဘက်ရှုယာရီ၊ တောင်ဆန်၊ ဆာခို၊ မီလိုဂျီဗစ်၊ ကူရာတေး၊ မက်အာသာ၊ ဂယ်ရီကာဟေးလ် တို့ဟာ အသင်းလိုက်စုစည်းမှု ကောင်းကောင်းနဲ့ ရာသီအသစ်မှာ တိုက်ပွဲဝင်နေခဲ့ပါတယ်။

ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဇာဟာရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် ရာသီသစ်ကို ဖွင့်လှစ် နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ရမှတ် ၄၃မှတ် ရပြီး အဆင့် ၁၄နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

၂၀၁၃ခုနှစ် ကနေစလို့ ထိပ်တိုက်တွေ့ဆုံမှု ၁၄ကြိမ် မှာ ချယ်လ်ဆီးက ၁၀ကြိမ်အထိ အနိုင်ရပြီး ခရစ္စတယ်ပဲလေ့စ်က ၄ကြိမ်သာ အနိုင်ရထားပါတယ်။ အနီးစပ်ဆုံး နောက်ဆုံးတွေ့ဆုံမှု ၅ကြိမ် မှာလည်း ချယ်လ်ဆီးကပဲ ၅ကြိမ်စလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။ ချယ်လ်ဆီးတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ပွဲ မှာ ၅ပွဲနိုင်၊ ၄ပွဲရှုံးပြီး သရေ၁ပွဲပဲ ရှိထားပါတယ်။ အိမ်ကွင်း နောက်ဆုံး ၄ပွဲမှာ လီဗာပူးတစ်သင်းကိုပဲ ရှုံးနိမ့်ပြီး ၃ပွဲနိုင် ထားပါတယ်။ ခရစ်စတယ်ပဲလေ့စ်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ပွဲ မှာတော့ ၂ပွဲသာ အနိုင်ရပြီး ၁ပွဲသရေနဲ့ ၇ပွဲရှုံးထားပါတယ်။ နိုင်ပွဲ ၂ပွဲကလည်း ဒီနှစ်ရာသီအသစ်မှာမှ ရရှိထားတယ် ဆိုတာကိုတော့ သတိပြုရမှာပါ။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ချယ်လ်ဆီး vs ခရစ္စတယ်ပဲလေ့စ် 1X2 ချဲလ်ဆီး @ 1.43
စက်တင်ဘာလ ၂၅ ရက်, ည ၁:၃၀ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၄၃ ဆ၊  ဧည့်သည်အသင်းအတွက် ၆.၈ ဆ နဲ့ သရေ အတွက်ကိုတော့ ၄.၅၀ ဆသတ်မှတ်ထားပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု အပေါ် မူတည်ပြီး သုံးသပ်ရရင်တော့ နည်းပြဖရန့်လမ်းပတ် အနေနဲ့ကတော့ အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ အမှားခံမှာ မဟုတ်ဘဲ ဒီရာသီရဲ့ ဒုတိယမြောက်နိုင်ပွဲရရှိဖို့ မဖြစ်မနေ အနိုင်ကစားသွားဖို့ ပြင်ဆင်လာမှာပါ။ တိုက်စစ်ဖွင့် ကစားတတ်တဲ့ အသင်းတွေ ဖြစ်လို့ သွင်ဂိုးလည်း များနိုင်ပါတယ်။ အစဉ်အလာအရရော လက်ရှိလူအင်အားအရ အဘက်ဘက်က အသာရနေတဲ့ ချယ်လ်ဆီး ပဲ အနိုင်ရသွားမယ့် ပွဲပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်