နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျာမန်ဘီလူးကြီးကို အိမ်တိုက်ရာရောက် ရှုံးကြွေးသွားဆပ်တဲ့ ပါရီသားများ – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ် ၂ – ၃ ပီအက်စ်ဂျီ

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရဲ့ အကောင်းဆုံး ထိပ်တိုက် တွေ့ဆုံမှုမှာတော့ ပီအက်စ်ဂျီတို့ ဘေယန်မြူးနစ်ကို အဝေးကွင်းမှာ ၂-၃ နဲ့ အနိုင်ယူပြီး ရှုံးကြွေးဆပ်သွားခဲ့ပါတယ်။ အဓိက တိုက်စစ်မှူး မပါတဲ့ ဘေယန်မြူးနစ်တို့ တစ်ဖက် ဂိုးသမားရဲ့ ကာကွယ်မှုတွေ အောက်မှာ ကျရှုံးခဲ့ရပြီး ၂၀၁၉ ခုနှစ် မတ်လ နောက်ပိုင်း ပထမဦးဆုံး ချန်ပီယံလိဂ် ရှုံးပွဲတွေ့သွားခဲ့ပါတယ်။

အဓိကတိုက်စစ်မှုး လီဝန်ဒေါစကီးနဲ့ ဂနာဘရီတို့ မပါဝင်နိုင်ခဲ့တဲ့ ဘေယန်မြူးနစ်တို့ ချောင်ပိုမော့တင်း ကို အထောင်ထားကာ ဆာနေး၊ မူလာ၊ ကိုးမန်းတို့ တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာတော့ ဂိုရက်ဇ်ကာနဲ့ ကင်မစ်ချ် တို့ကိုပဲ အထိုင်ထားခဲ့ပါတယ်။ ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီ ကတော့ ဘေယန်ရဲ့ ကစားကွက်အတိုင်း ၄-၂-၃-၁ ပုံစံနဲ့ပဲ ပြန်လည် ရင်ဆိုင်ခဲ့ပြီး တိုက်စစ်မှာ အန်ဘာပေး၊ နေမာ၊ ဒီမာရီယာ၊ ဒရက်ဇ်လာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစပြီး ၃ မိနစ် မှာတင် နေမာရဲ့ ပေးပို့မှုကို အန်ဘာပေးက အဆုံးသတ် ကန်သွင်းသွားခဲ့လို့ ပီအက်စ်ဂျီတို့ စောစောစီးစီး ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်း ဘေယန်မြူးနစ်တို့ တိုက်စစ်ကို အရှိန်တင်ကစားလာခဲ့ပြီး တောင်ပံနှစ်ဖက်စလုံးကနေ ဂိုးရဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီ ခံစစ်နဲ့ ဂိုးသမား နားဗက်စ်ရဲ့ ကာကွယ်မှုတွေက ဘေယန်မြူးနစ်ကို ဂိုးပေါက် ပျောက်နေစေခဲ့တာပါ။ အိမ်ရှင်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တစ်ဖက်သတ် ဖိကစားနေပေမယ့် ဂိုးထပ်ရခဲ့တာကတော့ တန်ပြန်တိုက်စစ်ကို အဓိက အားပြုကစားနေတဲ့ ပိုချက်တီနိုရဲ့ အသင်းဖြစ်ပြီး ၂၈ မိနစ်မှာ နေမာရဲ့ အကွက်မြင် တိကျတဲ့ ပေးပို့မှုကနေ မာကွင်ဟိုက အနီးကပ် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ နှစ်ဂိုးအထိ ပေးလိုက်ရပြီးနောက် ဟန်ဆီဖလစ် အနေနဲ့ အသင်းကို အပြောင်းအလဲတချို့လုပ်ခဲ့ပြီး ဂိုရက်ဇ်ကာ နေရာမှာ အဲလ်ဖွန်ဆိုဒေးဗီးစ်နဲ့ စောစောစီးစီးပဲ လူစားလဲလိုက်ပါတယ်။ တိုက်စစ်နေရာအစုံ ကနေ မရပ်မနား ထိုးဖောက်နေတဲ့ ဘေယန်တို့ ပီအက်စ်ဂျီ နောက်တန်းနဲ့ ဂိုးသမားကို ကျော်ဖို့ ခက်ခဲနေခဲ့ပြီး ၃၇ မိနစ်မှာမှ မူလာရဲ့ ဖြတ်တင်ပေးမှုကို ချောင်ပိုမော့တင်း ခေါင်းတိုက် အဆုံးသတ်နိုင်ခဲ့တာကြောင့် ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဘေယန်တို့ပဲ တိုက်စစ်ဆင်နေခဲ့ပေမယ့် ပီအက်စ်ဂျီရဲ့ ထိရောက်တဲ့ တန်ပြန်တိုက်စစ်တွေ ကလည်း ဘေယန်မြူးနစ် ဂိုးပေါက်ကို ပြန်လည် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ မိနစ် ၆၀ မှာတော့ ကင်မစ်ချ်ရဲ့ ဖြတ်တင်ဘောကို မူလာက ခေါင်းတိုက်ပြီး ဒုတိယချေပဂိုးကို ရယူပေးခဲ့ပါတယ်။ ဘိုင်ယန်တို့ချေပဂိုး ရအပြီး ၈ မိနစ်သာ ကြာတဲ့အချိန်မှာ ဒီမာရီယာရဲ့ ပံ့ပိုးမှုကနေ အန်ဘာပေးကပဲ သပ်သပ်ရပ်ရပ် ကန်သွင်းကာ (၂-၃) ရလဒ်နဲ့ ပွဲကို ပြီးဆုံးစေခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

နောက်ထပ် ထူးခြားချက်ကတော့ ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုဟာ ဘေယန်မြူးနစ် နည်းပြ ဟန်ဆီဖလစ်ခ်ကို ချန်ပီယံလိဂ် မှာ ပထမဦးဆုံး အနိုင်ရခဲ့သူလည်း ဖြစ်လာပါတယ်။
ချန်ပီယံလိဂ် မှာ ဟန်ဆီဖလစ်ခ် ကိုပထမဦးဆုံး အနိုင်ရတဲ့ နည်းပြ ဖြစ်လာသူ ပိုချက်တီနို

ဘိုင်ယန်ဘက် ကင်မစ်ချ်ဟာ ဒီပွဲမှာခြေစွမ်းပြနိုင်ခဲ့ပြီး အခွင့်အရေးတွေ အကြိမ်ကြိမ်ဖန်တီးပေးနိုင်ခဲ့ပေမယ့် လီဝန်ဒေါစကီး မပါတဲ့ တိုက်စစ်က ဆားမပါတဲ့ ဟင်းလို ဖြစ်ခဲ့ရပါတယ်။ နှစ်ဂိုး သွင်းပေးခဲ့တဲ့ အန်ဘာပေး အတွက် ဒီရာသီ ချန်ပီယံလိဂ် သွင်းဂိုး ၈ ဂိုးအထိ ရှိလာခဲ့ပြီး သမိုင်းတလျောက် တစ်ရာသီတည်းမှာ ဂိုးအများဆုံး သွင်းနိုင်တဲ့ ပြင်သစ်ကစားသမား အဖြစ် ဘန်ယယ်ဒါ၊ ထရက်ဇီဂေး တို့နဲ့အတူ ရပ်တည်လာနိုင်ခဲ့ပါပြီ။ ဒီပွဲကို အဆုံးအဖြတ်ပေးခဲ့သူကတော့ ပီအက်စ်ဂျီ ဂိုးသမား ကိုင်လာ နားဗတ်စ် လို့ပဲ ပြောရမှာပါ။ ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ ဘိုင်ယန်ရဲ့ အနီးကပ် ပိတ်သွင်းမှုတွေ အပါအဝင် နေရာစုံ ကန်သွင်းမှု စုစုပေါင်း ၁၂ ကြိမ်အထိ လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။ ဒါ့အပြင် နေမာရဲ့ ဖန်တီးမှုတွေနဲ့ အန်ဘာပေးရဲ့ လျင်မြန်မှု အဆုံးသတ် ကောင်းမွန်မှုတွေက ပီအက်ဂျီကို အနိုင်ရလဒ်အပြင် အဝေးဂိုးတွေပါ ပါဆယ်ထုပ်သွားစေနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက်ကတော့ ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုဟာ ဘေယန်မြူးနစ် နည်းပြ ဟန်ဆီဖလစ်ခ်ကို ချန်ပီယံလိဂ် မှာ ပထမဦးဆုံး အနိုင်ရခဲ့သူလည်း ဖြစ်လာပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့် ရက်မှာ ယူနီယံဘာလင်နဲ့ ဘွန်ဒက်စ်လီဂါ ကစားရမှာ ဖြစ်ပြီး ပီအက်စ်ဂျီ ဟာလည်း စတွက်စ်ဘော့ဂ်နဲ့ လီဂူးဝမ်းကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်