နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွင်းလယ် ကစားသမား ထပ်ခေါ်တော့မှာ မဟုတ်တဲ့ ဘာစီလိုနာ | လာလီဂါ

 လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အခုနွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ် ကစားသမားသစ် ထပ်မံ ခေါ်ယူသွားတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ကစားသမားသစ် ခေါ်ယူမှုတွေနဲ့ ပတ်သတ်လို့ ဘာစီလိုနာရဲ့ နည်းပြသစ် ဟန်ဆီ ဖလစ်ခ်က အခုလိုပဲ အတည်ပြု ပြောကြားလာခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ပြောကြားချက် အရတော့ လက်ရှိ ဘာစီလိုနာမှာ အရည်အသွေးမြင့် ကွင်းလယ် ကစားသမားတွေ ရှိနှင့်နေပြီးသား ဖြစ်တာကြောင့်လို့ သိရပါတယ်။

လာလီဂါ ကလပ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ကာလမှာ လိုက်ပ်ဇစ်က စပိန် လက်ရွေးစင် တောင်ပံကစားသမား ဒန်နီ အော်လမို တစ်ဦးတည်း ကိုသာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ ဒန်နီ အော်လမို ကိုတော့ ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ + အပိုဆုကြေးတွေနဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ၂၀၃၀ ခုနှစ် အထိ သက်တမ်းရှိမယ့် ၆ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ 

  ဒါပေမယ့်လည်း လာလီဂါ ကလပ် အနေနဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်း အတွက် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖွယ် ရှိနေကြောင်း စပိန်က လာတဲ့ သတင်းတွေမှာ ဖော်ပြနေကြတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဟန်ဆီ ဖလစ်ခ်က အသင်း အတွက် ကွင်းလယ် ကစားသမားသစ် ထပ်မံ ခေါ်ယူမယ့် အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းမှုတွေကို အခုလိုပဲ ဖြေကြားလာခဲ့တာ ဖြစ်ပါတယ်။ 

“ကျွန်တော်တိုမှာ တစ်ဦးချင်းအရ အရည်အသွေးမြင့်တဲ့ ကွင်းလယ် ကစားသမားတွေ ရှိနေပါတယ်။ တချို့ ကစားသမားတွေ ဒဏ်ရာရနေတယ် ဆိုပေမဲ့ လက်ရှိမှာ သူတို့ ပြန်လာနိုင်ပါပြီ။ အသင်း အနေနဲ့ ကွင်းလယ်အတွက် အကောင်းဆုံး အင်အား ဖြည့်တင်းထားတလာလီဂါယ်လို ကျွန်တော် ထင်ပါတယ်။” လို့ ဟန်ဆီ ဖလစ်ခ်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဘာစီလိုနာက လက်ကျန် နွေရာသီစျေးကွက် အတွင်းမှာ ကစားသမားသစ် အနည်းဆုံး ၂ ဦး ထပ်မံ ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ ဖော်ပြနေကြပါတယ်။ ဘာစီလိုနာရဲ့ ပစ်မှတ် ကစားသမားတွေထဲ မှာတော့ ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်လည်း ပါဝင်ပြီး သတင်းတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟန်ဆီ ဖလစ်ခ်ရဲ့ အခုလို ပြောကြားချက်ကြောင့် ဘာစီလိုနာ အနေနဲ့ ဒီနွေရာသီမှာ နီကို ကို ခေါ်ယူဖို့ လက်လျှော့သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဟန်ဆီ ဖလစ်ခ် အနေနဲ့ ဘာစီလိုနာရဲ့ နည်းပြ တာဝန်ကို ရယူပြီးချိန်က စပြီး သူ့ရဲ့ အနာဂတ် အစီအစဉ်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟထားသူ ဖြစ်ပါတယ်။ ဟန်ဆီဖလစ်ခ်ဟာ တန်ကြေးမြင့် ကစားသမားသစ်တွေ ခေါ်ယူဖို့ထက် ဘာစီလိုနာရဲ့ လာမားစီးယား အကယ်ဒမီထွက် လူငယ်ကစားသမားတွေ ကိုသာ အဓိက အသုံးပြုမယ်လို့ ကတိပေးထားတာပါ။ ဒါပေမယ့် အခု ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ဟန်ဆီဖလစ်က အသင်းရဲ့ အကယ်ဒမီ ကြယ်ပွင့်တွေ အပြင် ထိပ်တန်း ကစားသမား တချို့ကို ခေါ်ယူ အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

လာလီဂါ ကလပ်ရဲ့ နည်းပြသစ် ဖလစ်ခ်က ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ၊ ချန်ပီယံလိဂ်၊ ပိုကယ်ဖလား၊ ဥရောပစူပါဖလား၊ ဂျာမန် စူပါဖလား၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတို့ ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန် လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ချိန်မှာတော့ အားရစရာ စွမ်းဆောင်ရည် မပြသနိုင်ခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်