နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာသီကုန်မှာ ဘောလုံးကစားခြင်း ကနေ အနားယူဖွယ် ရှိနေတဲ့ ဘန်ဇီမာ

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ရဲ့ ဝါရင့် တိုက်စစ်မှူး ကီရင် ဘန်ဇီမာ ကတော့ ရာသီအကုန်မှာ ကစားသမား ဘဝ ကနေ အနားယူဖို့ ရှိနေတယ်လို့ စပိန်က လာတဲ့ သတင်းတွေ အရ သိရပါတယ်။ ဒါ့အပြင် ဘန်ဇီမာ အနေနဲ့ ကစားသမား ဘဝ ကနေ အနားယူချိန် မှာလည်း သူ့ရဲ့ လာလီဂါ ကလပ်ဟောင်း ရီးရဲလ်မက်ဒရစ်မှာ သံတမန် အဖြစ် ပြန်လည် သွားရောက် လုပ်ကိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ 

အသက် ၃၇ နှစ် ပြည့်မြောက်သွားခဲ့ပြီ ဖြစ်တဲ့ ဘယ်လွန်ဒေါဆုရှင် ဘန်ဇီမာဟာ လက်ရှိမှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်နဲ့ အတူ ဒုတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ ဒီရာသီဟာ ပြင်သစ် ဝါရင့် တိုက်စစ်မှူးကြီး ဘန်ဇီမာ အတွက် ကစားသမားဘဝ နောက်ဆုံး ရာသီလည်း ဖြစ်သွားနိုင်ကြောင်း စပိန် အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Relevo က အခိုင်အမာ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

လိုင်ယွန် လူငယ် အသင်း ကနေမှ တစ်ဆင့် လိုင်ယွန် စီနီယာ အသင်းကြီး အတွက် ကစားပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝ စတင်ခဲ့တဲ့ ဘန်ဇီမာ ကတော့ လိုင်ယွန်မှာ ၅ ရာသီကြာ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ပြင်သစ် ကလပ်မှာ တောက်ပခဲ့တဲ့ ဘန်ဇီမာက ၂၀၀၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီးတော့ ကစားသမား ဘဝရဲ့ တဆင့်မြင့်တဲ့ အခြေအနေကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိ ဘန်ဇီမာရဲ့ အသင်းက လက်ရှိရာသီ ဆော်ဒီပရိုလိဂ်ရဲ့ အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင်နေပြီး ဘန်ဇီမာ ကလည်း သွင်းဂိုး ၁၀ ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပါတယ်။
အသင်းဟောင်း ရီးရဲလ်မက်ဒရစ် အတွက် သံတမန် ပြုလုပ်သွားဖွယ် ရှိနေတဲ့ ဘန်ဇီမာ

ဘန်ဇီမာက လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်မှာ ဆယ်စု နှစ်ခုခွဲ အကြာ ဖြတ်သန်းခဲ့ပြီးတော့ သွင်းဂိုး ၃၅၄ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘန်ဇီမာက ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ဖလား ၅ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၅ ကြိမ်၊ ဥရောပ စူပါဖလား ၄ ကြိမ်၊ လာလီဂါ ဖလား ၄ ကြိမ်၊ ကိုပါဒယ်ရေး ဖလား ၃ ကြိမ်နဲ့ စပိန်စူပါ ဖလား ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် မှာတော့ ဘန်ဇီမာ က တစ်ဦးတစ်ယောက်ချင်း အောင်မြင်မှု အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘယ်လွန်ဒေါလည်း ရရှိခဲ့ပါတယ်။ ဘန်ဇီမာက ၂၀၂၃ ခုနှစ် ဇူလိုင်လ မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဘန်ဇီမာက အဲလ်အစ်တီဟတ်ကို ပြောင်းရွှေ့ကာစမှာ ဒဏ်ရာကြောင့် အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့်လည်း နောက်ပိုင်း ပွဲစဉ်တွေမှာတော့ အသင်း အတွက် သွင်းဂိုးတွေ ရှာဖွေပေးနိုင်ခဲ့ပါတယ်။ လက်ရှိ ဘန်ဇီမာရဲ့ အသင်းက လက်ရှိရာသီ ဆော်ဒီပရိုလိဂ်ရဲ့ အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင်နေပြီး ဘန်ဇီမာ ကလည်း သွင်းဂိုး ၁၀ ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပါတယ်။ ဘန်ဇီမာ အနေနဲ့ အဲလ်အစ်တီဟတ် အတွက် ဒီရာသီမှာ ဆော်ဒီပရိုလိဂ် ချန်ပီယံ ဖြစ်လာစေဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပြီး ရာသီ အကုန် မှာတော့ ကစားသမားဘဝ ကနေ အနားယူသွားဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်