ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ တောင်ပံကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ ရောင်းထုတ်သွားဖို့ ရှိနေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ အသင်းရဲ့ အကယ်ဒမီထွက် အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမားကို လာမယ့် နွေရာသီမှ ရောင်းထုတ်ဖို့ စဉ်းစားထားပေမယ့် လက်ရှိမှာတော့ အလျင်အမြန်ပဲ ရောင်းထုတ်သွားဖို့ ရှိနေကြောင်း သတင်းတွေက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ၏
အသက် ၂၇ နှစ် အရွယ် ကစားသမား ရက်ရှ်ဖို့ဒ်ဟာ ကစားသမား တစ်ယောက်ရဲ့ Prime time ကို ရောက်ရှိနေပေမယ့်လည်း ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ဝေဖန်မှုတွေ ဆက်တိုက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းပိုင်း တောက်လျောက် ကျဆင်းနေတဲ့ ရက်ရှ်ဖို့ဒ်ကို နည်းပြသစ် ရူဘင် အမော်ရင် ကလည်း မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်မှာ ဆိုရင် လူစာရင်း ကနေ ချန်လှပ်ခဲ့ပါသေးတယ်။ ဒီလို လူစာရင်းမှာ မပါဝင်ခဲ့တဲ့နောက် ရက်ရှ်ဖို့ဒ် တစ်ယောက် ယူနိုက်တက် ကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေဟာ ပိုမို သေချာလာခဲ့တာ ဖြစ်ပါတယ်။
မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ အသက် ၇ နှစ်သား အရွယ် ကတည်းက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ရောက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် မှာတော့ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် စီနီယာ အသင်းကြီး အတွက် စတင် ကစားခွင့် ရရှိခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်း အတွက် အရေးပါတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်က အသင်းမှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို တသမတ်တည်း ထိန်းသိမ်းထားနိုင်ခြင်း မရှိခဲ့ပဲ ရုန်းကန်နေရတာက ပိုများလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်းနှစ်တွေမှာလည်း ရက်ရှ်ဖို့ဒ်က အသင်းရဲ့ တိုက်စစ်ပိုင်းမှာ စိတ်ပျက်စရာ စွမ်းဆောင်ရည်တွေနဲ့ အပိုင်အခွင့်အရေးတွေ ကိုတောင် အသုံးမချနိုင်တာကြောင့် သွင်းဂိုးတွေလည်း ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။
ဒီလို ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကျဆင်းမှုကို သည်းမခံနိုင်တော့တဲ့ ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ကို အရောင်းစာရင်း တင်လိုက်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ သင့်လျော်တဲ့ ကမ်းလှမ်းမှု ရရှိရင် ရောင်းထုတ်သွားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို ဆုံးဖြတ်ချက်ကို နည်းပြ ရူဘင် အမော်ရင် ကိုယ်တိုင်က သဘောတူလိုက်ပြီ ဖြစ်တာကြောင့် ရက်ရှ်ဖို့ဒ် တစ်ယောက် မန်ချက်စတာကို စွန့်ခွာဖို့ ပိုပြီး သေချာသွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ယူနိုက်တက်နဲ့ လမ်းခွဲတော့မယ့် ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်က ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တစ်ဖက် မှာလည်း လာလီဂါ ထိပ်သီး ဘာစီလိုနာ ကလည်း ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီးတော့ ယူနိုက်တက် ကတော့ ရက်ရှ်ဖို့ဒ်ကို ပေါင်သန်း ၄၀ လောက်နဲ့ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ ဒီတော့ ယူနိုက်တက်နဲ့ လုံးဝ အဆင်မပြေတော့တဲ့ ရက်ရှ်ဖို့ဒ် တစ်ယောက် လာမယ့် ဆောင်ရာသီမှာ ဘယ်အသင်းကို ပြောင်းရွှေ့သွားမလဲ ဆိုတာ စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.