နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စာချုပ်သစ် ချုပ်ဆိုခဲ့လို့ နောင်တမရဘူး ဆိုတဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ သူ့အနေနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်း အတွက် နောင်တမရပေမယ့် အသင်းမှာ ထာဝရ ရှိနေမှာတော့ မဟုတ်ကြောင်း ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာက သူ့ အနေနဲ့ အထုတ်ပယ်ရခံနိုင်ချေရှိတဲ့ အခြေအနေကို ခံနိုင်ရည် ရှိမှာ မဟုတ်ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။ 

ပပ် ဂွာဒီယိုလာ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးကို ၂၀၁၆ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့ပြီးတော့ ၈ နှစ်တာ ကာလ အတွင်း ဆုဖလား အောင်မြင်မှု များစွာ ရယူပေးခဲ့သူ ဖြစ်ပါတယ်။ မန်စီးတီးက ဂွာဒီယိုလာ လက်ထက် မှာတော့ ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၃ ကြိမ်၊ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ်စီ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှု များစွာ ရယူပေးထားနိုင်ခဲ့တဲ့ ဂွါဒီယိုလာ အနေနဲ့ လက်ရှိမှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း တိုးခဲ့ပေမယ့်လည်း လက်တလော မှာတော့ လက်ရှိ ချန်ပီယံ တို့ဟာ တော်တော်လေးကို ရုန်းကန်နေရတာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့ပြီးတော့ အမှတ်ပေးဇယား မှာလည်း အဆင့် ၅ နေရာအထိ ရောက်ရှိနေပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာရဲ့ အသင်းက အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့လည်း ၉ မှတ် အထိ ပြတ်တောက်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ ဒီကနေ့ ညမှာလည်း ယူနိုက်တက်နဲ့ ခက်ခဲတဲ့ ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီ ပွဲစဉ် တစ်ပွဲ ကစားရဖို့ ရှိနေပါတယ်။ ပြိုင်ဘက် ယူနိုက်တက် နည်းပြသစ် ရူဘင် အမော်ရင် ကတော့ သူ စပို့တင်းလစ္စဘွန်းကို ကိုင်တွယ်ခဲ့စဉ်က မန်စီးတီးကို ချန်ပီယံလိဂ်မှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် ချေမှုန်းထားခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီးဟာ ဒီကနေ့ ညမှာလည်း ယူနိုက်တက်နဲ့ ခက်ခဲတဲ့ ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီ ပွဲစဉ် တစ်ပွဲ ကစားရဖို့ ရှိနေပါတယ်။
ဒီကနေ့ညမှာ မန်ချက်စတာဒါဘီ ပွဲစဉ် ကစားရဖို့ ရှိနေတဲ့ မန်စီးတီး

Sky Sportsနဲ့ သီးသန့် အင်တာဗျူးမှာ ပပ် ဂွါဒီယိုလာက “ပိုင်ရှင်တွေ အနေနဲ့ အခြေအနေတွေ ဆိုးရွားနေချိန်မှာ သိပါတယ်။ ကျွန်တော်တို့ ပွဲတွေ ရှုံးတော့မယ် ဆိုတာလည်း သိပါတယ်။ အဲဒီ အချိန်မှာ ရေရှည်တော့ မဖြစ်နိုင်တော့ပါဘူး။ နောက်လ ဒါမှမဟုတ် နောက်နှစ်လလောက်မှာ ကျွန်တော် ဒီမှာ ရှိမှာ မဟုတ်ဘူး။ ရလဒ်တွေက တကယ့် လက်တွေ့ကို ညွှန်ပြပါတယ်။ ကျွန်တော်တို့ ဂိမ်းတွေကို အမြဲတမ်း ရှုံးနေလို့ မရပါဘူး။ ကျွန်တော်တို့ အတိတ်မှာ လုပ်ဆောင်နိုင်ခဲ့တာတွေ ရှိခဲ့ပေမယ့် မန်နေဂျာ ဖြစ်နေတဲ့ အလျောက် နေ့စဉ် အကဲဖြတ်တာ ကိုတော့ ခံရမှာပါပဲ။ ဆိုးရွားတဲ့ ရာသီ တစ်ခု ဖြစ်တာကြောင့် ကျွန်တော်တို့ ထွက်ခွာသွားရနိုင်ပါတယ်။ ဒါပေမယ့် ဒါကို ကျွန်တော် မလုပ်ဘူး ဆိုတာ ကလပ်က သိပါတယ်။ ကျွန်တော် ကစားသမားတွေနဲ့ နီးနီးကပ်ကပ် ရှိချင်ပါတယ်။ ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့ နှစ်ရာသီက ထက် ပိုပြီး ရှုံးပွဲတွေ များနေခဲ့ပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက “တစ်ခုခုတော့ မှားနေပြီ၊ ဒါပေမယ့် ပိုကောင်းအောင် ဘာတွေလုပ်နိုင်မလဲ ဆိုတာကို အရင် စဉ်းစားနေပါတယ်။ တူရင် [ဗုဒ္ဓဟူးနေ့က ဂျူဗင်တပ်စ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ] ကျွန်တော် တို့ အကယ်ဒမီ ကစားသမား ၄ ဦး အထိ ပါဝင်ခဲ့တာကို အားလုံး မြင်မှာပါ။ နောက်ပွဲတွေ မှာလည်း ဒီအတိုင်းပါပဲ၊ ပြီးခဲ့တဲ့ လတုန်း ကလည်း ဒီလိုပါပဲ။ ဒါက ကျွန်တော်တို့ ဂိမ်းအနည်းငယ် အတွက် အဆင်ပြေနိုင်ပေမယ့် တစ်လကျော် အကြာလောက် ကျွန်တော်တို့ လုပ်ခဲ့ရတာပါ။ သူတို့က အဲဒါကို မလိုချင်တာကြောင့် မဟုတ်ဘူး၊ ပြက္ခဒိန်၊ အချိန်ဇယားကြောင့် ဖြစ်ပါတယ်။ ကျွန်တော် တို့က လာမယ့်နွေရာသီမှာ အော်လန်ဒိုမှာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို သွားရောက် ကစားရမှာ ဖြစ်ပြီးတော့ သုံးပတ် အကြာမှာ ပရီးမီးယားလိဂ်ကို စတင်ရပါမယ်။ ဒါက မဖြစ်နိုင်ပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်