နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နိုင်ပွဲမရခဲ့တာကြောင့် စိတ်ပျက်တယ် ဆိုတဲ့ အာတေးတား | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ မနေ့ညက ကစားခဲ့တ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရပေမယ့် ဂိုးမရှိ သရေနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ လစ်ဗာပူးလ်တို့ အမှတ်လျော့ခဲ့ပေမယ့်လည်း အာဆင်နယ်တို့ အခွင့်ကောင်း မယူနိုင်ခဲ့ပဲ နှစ်ပွဲဆက် ၂ မှတ်စီ လျော့ခဲ့တာ ဖြစပါတယ်။ ပွဲအပြီးမှာတော့ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက သူ့ အသင်းဟာ နိုင်ပွဲ ရဖို့ ထိုက်တန်ခဲ့ပြီးမှ နိုင်ပွဲ မရခဲ့တာကြောင့် စိတ်ပျက်မိကြောင်း ညည်းတွားသွားခဲ့ပါတယ်။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက “ကျွန်တော် တို့က ဒီပွဲကို အနိုင်ရဖို အပြည့်အဝ ထိုက်တန်တဲ့ အတွက် နိုင်ပွဲ မရခဲ့တာက ကျွန်တော့် အတွက် စိတ်ပျက်စေရပါတယ်။ ကျွန်တော် တို့က မှန်ကန်တဲ့ အရာတွေ အားလုံးကို လုပ်ဆောင်ခဲ့တယ်။ ကြီးမားတဲ့ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ပြိုင်ဘက် အသင်းက ဆိုရင် ဘာအခွင့်အရေး ကိုမှ မဖန်တီးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီရလဒ်ကို ကျွန်တော် တကယ် စိတ်ပျက်မိရပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

အာဆင်နယ်ဟာ အခုပွဲကို သရေကျသွားခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်က လစ်ဗာပူးလ်ထက် ၁ ပွဲ ပိုကစားပြီး ရမှတ် ၆ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပုံစံကောင်း ရနေတဲ့ ချဲလ်ဆီးက ဘရန့်ဖို့ဒ်နဲ့ ကစားရဖို့ ရှိနေသေးပြီးတော့ အကယ်၍ အန်ဇို မာရက်စ်ကာရဲ့ အသင်းသာ ၃ မှတ် အပြည့် ရခဲ့ရင်တော့ အာဆင်နယ်တို့ ဇယားထိပ်က အသင်းတွေနဲ့ ရမှတ်တွေ ပိုပြတ်တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်က ဒီပွဲမှာ အဲဗာတန်ရဲ့ Low Block ပိတ်ကစားပုံကို အဖြေရှာ ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပဲ တိုက်စစ်ပိုင်းက အားနည်းချက်တွေ သိသာ ထင်ရှားလွန်းခဲ့ပါတယ်။ ဒါ့အပြင် မီခဲလ် အာတေးတားရဲ့ နည်းစနစ်ပိုင်းနဲ့ လူစားလဲလှယ်မှုတွေက အားနည်းချက်တွေ ရှိခဲ့တာကြောင့် ပျင်းစရာ ကောင်းတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ရပါတယ်။ ဒီပွဲရလဒ်ကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ်မှာ နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲ ဆက်တိုက် သရေကျခဲ့ပြီး အရေးပါတဲ့ ရမှတ်တွေ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို ရရှိဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ရှိခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုရာသီမှာလည်း အာဆင်နယ် ပရိသတ်တွေ အနေနဲ့ သူတို့ အသင်း ဝေးကွာနေတဲ့ ချန်ပီယံဆုကို မျှော်လင့်ခဲ့ကြပေမယ့် ဂန်းနားတွေ ကတော့ ခြေစွမ်းပိုင်း သိသိသာသာ ယိမ်းယိုင်နေခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ် ကတော့ လာမယ့် ကြားရက်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ခါရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ် ဆက်လက် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ် နဲ့ပဲ ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်