နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရှုံးပွဲတွေ အတွက် စိတ်ညစ်မနေပဲ မန်ချက်စတာဒါဘီ အတွက် ပြင်ဆင်ရမယ် ဆိုတဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေပြီးတော့ နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားတာ ဖြစ်ပါတယ်။ မန်စီးတီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ဂျူဗင်တပ်စ်ကို ၂-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ဂျူဗင်တပ်စ်ကို ရှုံးနိမ့်ခဲ့မှုကြောင့် စိတ်ညစ်မနေပဲ ယူနိုက်တက်နဲ့ မန်ချက်စတာဒါဘီ အတွက် ပြင်ဆင်သွားရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက “ကျွန်တော် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေတယ် ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်က ကောင်းတဲ့ အချိန်မှာရော ဆိုးတဲ့ အချိန်မှာပါ တည်ငြိမ်မှု ရှိပါတယ်။ နည်းလမ်းရှာဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ အဝတ်လဲခန်း ကလည်း တည်ငြိမ်မှု ရှိပါတယ်။ နိုင်ပွဲ ရရင် ကျွန်တော်တို့ ပျော်ရွှင်ကြပြီး ရှုံးနိမ့်ရင်တော့ မပျော်ရပါဘူး။  ကျွန်တော်တို့ ဘာလုပ်နိုင်လဲ။ ကိုယ့်ဘာသာ စိတ်မကောင်း ဖြစ်ရမှာလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို တိုးတက်အောင် လုပ်ပြီးတော့ ရှေ့ဆက်သွားရမှာပါ။ ဒီလထဲမှာ ဒီလို အခြေအနေမျိုး ကျွန်တော်တို့ အများကြီး ကြုံပြီးပါပြီ။ မနက်ဖြန်မှာ အနားယူပြီးတော့ ယူနိုက်တက်နဲ့ ပွဲအတွက် ပြင်ဆင်သွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

မန်စီးတီးဟာ လာမယ့် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီမှာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီ ကစားရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ မန်ချက်စတာဒါဘီ ကစားရမယ့် မန်စီးတီး

မန်စီးတီး ကတော့ လက်ရှိမှာ ခြေစွမ်းပိုင်းရော စိတ်ဓာတ်ပိုင်း မှာပါ အဘက်ဘက်ကို အကျဘက် ရောက်နေပြီးတော့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်မှာလည်း ဂျူဗင်တပ်စ်ကို ခြေစွမ်းပိုင်းမှာ မယှဉ်နိုင်ပဲ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ အနိုင်ရကာ ၂ ပွဲ သရေ၊ ရှုံးပွဲ ၇ ပွဲ အထိ ရှိထားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ လာမယ့် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီမှာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီ ကစားရမှာ ဖြစ်ပါတယ်။

ဂွာဒီယိုလာရဲ့ အသင်း အနေနဲ့ ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရထားပြီးတော့ အက်ဖ်အေဖလား ဗိုလ်ပွဲ မှာသာ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလာမယ့် ပွဲ အတွက် မန်စီးတီးရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ ဂျွန်စတုန်းစ်၊ အာကန်ဂျီ၊ နေသန် အေခီ၊ အော်စကာ ဘော့ဘ်နဲ့ ရိုဒရီတို့ ပါဝင်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရီကို လီဝစ် ကလည်း ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ဦးမှာပါ။ ယူနိုက်တက် ဘက်မှာတော့ လုခ် ရှော တစ်ဦးတည်း လွဲချော်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ မန်စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ပွဲ ကစားပြီးချိန်အထိ ၈ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပြီး ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဇယားထိပ်က လစ်ဗာပူးလ်နဲ့တော့ တစ်ပွဲ ပိုကစားထားပြီး ၈ မှတ် အထိ ပြတ်နေခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ကတော့ ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်