နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်တို့ အဲဗာတန်ဆီက အမှတ်ပြည့် ရယူသွားနိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – အဲဗာတန်

ပရီးမီးယားလိဂ် ပွဲစဉ် (၁၆) ရဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် အာဆင်နယ်က အဲဗာတန်ကို အမ်းမရိတ်စ်မှာ ဧည့်ခံရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပွဲမှာ အမှတ်လျော့ခဲ့တဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ ရလဒ်ကောင်း ပြန်လည် ရှာတွေ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဖူလ်ဟမ်နဲ့ အမှတ်ခွဲယူခဲ့ရပြီးတော့ ကြားရက်မှာ ကစားတဲ့ ယူရိုပါလိဂ် မှာတော့ မိုနာကို ကို ၃-၀ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ အာဆင်နယ်က လက်ရှိမှာ အမှတ်ပေးဇယား ထိပ်က လစ်ဗာပူးလ်ထက် တစ်ပွဲ ပိုကစားထားပြီးတော့ ၆ မှတ် အကွာ ကနေ လိုက်နေပြီး အမှားခံလို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အသင်းမှာ လူပြန်စုံနေပေမယ့် ဒီကလန် ရိုက်စ် ကတော့ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် ကွင်းလယ်ပိုင်းက အနည်းငယ် အားနည်းနေနိုင်ပြီး သောမက်စ် ပါတေး ကလည်း ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ အခြေအနေမှာ နည်းပြ မီခဲလ် အာတေးတား တစ်ယောက် အိုဒီဂတ်၊ ဂျော်ဂျင်ဟိုနဲ့ မာရင်နို တို့ကိုပဲ တွဲဖက် ပွဲထုတ်လာဖွယ် ရှိပါတယ်။

ရှောင်ဒိုက်ခ်ရဲ့ အဲဗာတန် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေပြီးတော့ ၃ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၆ ပွဲ အထိ ရှုံးထားပါတယ်။ အဲဗာတန်ဟာ နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီးတော့ ဝုဗ်ကို ဂိုးပြတ် နိုင်ထားတာပါ။ ပြီးခဲ့တဲ့ တစ်ပတ် ကတော့ ရာသီဥတု အခြေအနေကြောင့် လစ်ဗာပူးလ်နဲ့ ကစားရမယ့် အိမ်ကွင်း ပွဲစဉ်ကို အဲဗာတန်တို့ မကစားရပဲ အနားရထားပါတယ်။ ဒါ့အပြင် အဲဗာတန်ဟာ ဒီရာသီ အဝေးကွင်းမှာ ၇ ပွဲ ကစားထားပြီး နိုင်ပွဲက ၁ ပွဲသာ ရထားသလို ရှုံးပွဲ ကတော့ ၄ ပွဲ အထိ ရှိထားပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အာဆင်နယ် ဘက်က ဒီကလန် ရိုက်စ် ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပြီးတော့ တိုမီယာဆု၊ ဇင်ချန်ကို၊ ဝှိုက် တို့ကတော့ ကျိန်းသေပေါက် လွဲချော်ကြမှာပါ။ ဒါ့အပြင် ဂါဘရီရယ်နဲ့ ကာလာဖီအိုရီ ကလည်း ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ အာဆင်နယ်က ၄ ကြိမ် နိုင်ပြီး အဲဗာတန်က ၁ ကြိမ်သာ အနိုင်ရထားပါတယ်။
အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲ အဲဗာတန်ကို အနိုင်ရထားတဲ့ အာဆင်နယ်

အာဆင်နယ် – ရာယာ၊ ပါတေး၊ ဆလီဘာ၊ ခီဗီယော၊ တင်ဘာ၊ အိုဒီဂတ်၊ ဂျော်ဂျင်ဟို၊ မာရင်နို၊ ဆာကာ၊ ဟာဗက်ဇ်၊ ထရော့ဆက်ဒ်
အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ ယန်း၊ တာကောစကီး၊ ဘရန့်ဝိတ်သ်၊ မိုင်ကိုလန်ကို၊ မန်ဂါလာ၊ ဂူဟီ၊ ဒူကိုရေး၊ မက်နေးလ်၊ ကဲလ်ဗတ် လီဝင်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၁ ကြိမ် တွေ့ဆုံရာမှာ အာဆင်နယ်က ၁၉ ကြိမ်နိုင်၊ အဲဗာတန်က ၇ ကြိမ် နိုင်ပြီး ၅ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ အာဆင်နယ်က ၄ ကြိမ် နိုင်ပြီး အဲဗာတန်က ၁ ကြိမ်သာ အနိုင်ရထားပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာလည်း အာဆင်နယ်တို့ အဲဗာတန်ကို အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၂၂ ဆ ရမှာ ဖြစ်ပြီး အဲဗာတန် နိုင်ရင်တော့ ၁၀.၀၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၅.၅၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း အာဆင်နယ်က တစ်လုံး အရှုံး၊ ၂ လုံး တစ်ဝက်စား၊ ၂ လုံး သရေ ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၃ လုံး သွင်းမှ ပျော်ရွှင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ ပွဲမှာ ခြေချော်ခဲ့ပေမယ့် ဒီပွဲမှာတော့ မဖြစ်မနေ နိုင်ပွဲ ပြန်ရှာဖို့ အားစိုက်လာမှာ သေချာပါတယ်။ အာဆင်နယ်က အဲဗာတန်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ရလဒ်ကောင်းပြီး လက်ရှိ ခြေစွမ်းပိုင်းအရလည်း အလွယ်တကူ အနိုင်ရဖို့ မခက်ပါဘူး။ အာဆင်နယ် ဂိုးပြတ်နိုင်မယ့် ပွဲပါ။

 

ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၀ အဲဗာတန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်