နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိဆက်ခ် ကို ခေါ်ယူဖို့ ယူရို သန်း ၁၀၀ အသင့် ပြင်ထားတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ နယူးကာဆယ် ယူနိုက်တက် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ခေါ်ယူဖို့ အတွက် အသင့် ရှိနေပြီလို့ သိရပါတယ်။ ချဲလ်ဆီးဟာ ဆွီဒင် တိုက်စစ်မှူး အတွက် ယူရို သန်း ၁၀၀ အထိ အသုံးပြုဖို့တောင် အသင့်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိမှာ တိုက်စစ် ကစားသမား အများအပြား ပိုင်ဆိုင်ထားပေမယ့်လည်း စိတ်တိုင်းကျခြင်း မရှိသေးတာကြောင့် ထိပ်တန်း ကစားသမားတွေ ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ လက်တလော ချဲလ်ဆီး အသင်းရဲ့ တိုက်စစ် လူစာရင်းမှာ ကစားသမား ၁၀ ဦး အထိ ရှိနေပြီးတော့ ခရစ္စတိုဖာ အန်ကွန်ကူ၊ ယာအို ဖီးလစ်၊ ပက်ဒရို နတ်တို၊ ဆန်ချို၊ မီခိုင်လို မူဒရစ်ခ်၊ မာဒူခေး၊ နီကိုးလပ်စ် ဂျက်ဆန်၊ ကယ်လီမန်း၊ ဂူအီ၊ ဂျော့ဂျ် တို့ ရှိနေပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ သို့မဟုတ် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အပြောင်းအလဲ ပြုလုပ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ချဲလ်ဆီးရဲ့ တိုက်စစ် ပစ်မှတ်တွေထဲမှာ ကစားသမား အများအပြား ရှိနေပြီးတော့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အိဆက်ခ် ကိုတော့ အာဆင်နယ် အပါအဝင် တခြားသော ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် တော့ဒ် ဘိုလေရဲ့ အသင်းက အိဆက်ခ်ကို အလွယ်တကူ ခေါ်ယူနိုင်ဖို့တော့ မဖြစ်နိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ နယူးကာဆယ် အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့နိုင်မှု စည်းမျဉ်းအရ ကစားသမား တချို့ ရောင်းထုတ်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။
နယူးကာဆယ် အတွက် ခြေစွမ်းပြ ကစားနေတဲ့ အိဆက်ခ်

အိဆက်ခ်သည် ဒီရာသီတွင် နယူးကာဆယ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၅ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူပေးထားပါတယ်။ အိဆက်ခ် ကတော့ ဆွီဒင် ကလပ် AIK မှာ ကစားသမားဘဝ စတင်ခဲ့ပြီးတော့ ၂၀၁၇ ခုနှစ် မှာတော့ ဒေါ့မန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီနောက် ဝီလီယမ်တူး၊ ရီးရဲလ်ဆိုစီဒက် တို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရီးရဲလ်ဆိုစီဒက် မှာတော့ အိဆက်ခ်က ၁၃၂ ပွဲ ကစားပြီး ၄၄ ဂိုး သွင်းယူထားပါတယ်။ ၂၀၂၂ ခုနှစ် မှာတော့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ကို ပြောင်းရွှေ့ခဲ့တဲ့ အိဆက်ခ်က လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံ ၈၂ ပွဲ ကစားကာ ၄၂ ဂိုး သွင်းယူထားပါတယ်။

တစ်ဖက် မှာတော့ သတင်းတွေအရ ဆိုရင် အိဆက်ခ်ဟာ အာဆင်နယ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ ထိပ်တန်း ဦးစားပေး တိုက်စစ် ပစ်မှတ် အဖြစ် သတ်မှတ်ခံထားရတယ်လို့ သိရပါတယ်။ တခြားသော အလားအလာ ရှိတဲ့ ပစ်မှတ် အဖြစ် စပိုတင်းလစ္စဘွန်းက ဗစ်တာ ယိုကီးရက်စ် ကိုလည်း ချိတ်ဆက်မှုတွေ ရှိထားတယ်လို သိရပါတယ်။

နယူးကာဆယ်ဟာ သူတို့ အသင်းရဲ့ အားထားရတဲ့ အဓိက တိုက်စစ်မှူး အိဆက်ခ်ကို ရောင်းချသွားဖို့ မရှိဘူး လို့လည်း သိရပါတယ်။ ဒါ့အပြင် သတင်းတွေမှာ ဖော်ပြနေကြတဲ့ ပေါင် သန်း ၉၀နဲ့ ကမ်းလှမ်းရင် အဆင်ပြေနိုင်တယ် ဆိုတဲ့ သတင်းတွေ ကိုလည်း ပယ်ချခဲ့ပြီး အာဆင်နယ် အနေနဲ့ အိဆက်ခ်ကို လိုချင်ရင် သတင်းထွက်နေတဲ့ ပြောင်းရွှေ့ကြေးရဲ့ ၂ ဆနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။ တစ်ဖက်မှာတော့ နယူးကာဆယ် အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့နိုင်မှု စည်းမျဉ်းအရ ကစားသမား တချို့ ရောင်းထုတ်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အစောပိုင်းမှာလည်း နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ထားပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်