ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ကို အခု ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် မှာလည်း ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် ရောင်းထုတ်သွားဖို့ စီစဉ်ထားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် လက်ရှိ အသက် ၂၇ နှစ် အရွယ် အင်္ဂလန် ကစားသမား ရက်ရှ်ဖို့ဒ်က အသင်းနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်ရဲ့ လက်ရှိ ခြေစွမ်းပိုင်းကို ပရီးမီးယားလိဂ် ကလပ် ဘက်က အားမရတာကြောင့် သင့်လျော်တဲ့ ကမ်းလှမ်းမှု ရရှိရင် လက်လွှတ်သွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ရက်ရှ်ဖို့ဒ် ကလည်း ကစားသမား တစ်ယောက်ရဲ့ အမြင့်ဆုံး အချိန်၊ အကောင်းဆုံး အချိန်ကို ရောက်ရှိနေသည့် တိုင်အောင် ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါကလည်း ယူနိုက်တက်က ဒီကစားသမားကို ရောင်းထုတ်ဖို့ အဓိက အကြောင်းရင်း ဖြစ်နိုင်ပြီး တစ်ဖက်မှာလည်း ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ခ လစာက နောက်ထပ် အကြောင်းအရင်း တစ်ခု ဖြစ်နိုင်ပါတယ်။
လက်ရှိမှာ ရက်ရှ်ဖို့ဒ်က တစ်ပတ် လုပ်ခ ပေါင် ၃ သိန်း ရရှိနေပြီး အကယ်၍သာ ကစားသမားကို ရှင်းထုတ်နိုင်မယ် ဆိုရင်တော့ ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ FFP စည်းမျဉ်း ကိုပါ ရှောင်ရှားနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၄၂၅ ပွဲ ကစားပြီး ၁၃၈ ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။ အင်္ဂလန်သားက ယူနိုက်တက်မှာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ဆယ်နှစ်မြောက် ရာသီကို ဖြတ်သန်းနေပေမယ့် လက်ရှိ ရာသီမှာတော့ ၂၃ ပွဲ ကစားပြီးချိန် အထိ ၇ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။
သတင်းတွေအရ ဆိုရင် ယူနိုက်တက်ဟာ တိုက်စစ်ပိုင်း အတွက် အပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့ ရှိနေပြီးတော့ ရက်ရှ်ဖို့ဒ်၊ ဇီယက်ခ်ဇီး တို့ကို အသင်း ကနေ ရှင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဂါလာတာဆာရေးမှာ အငှားနဲ့ သွားကစားနေတဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်နဲ့ စပိုတင်းလစ္စဘွန်းက ဗစ်တာ ယိုကီးရက်စ် ပြန်လည် ခေါ်ယူ အားဖြည့်ချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အိုဆင်မ်ဟန်နဲ့ ယိုကီးရက်စ်ရဲ့ ပြောင်းရွှေ့ကြေးတွေက မြင့်မားလွန်းနေတာက ယူနိုက်တက် အတွက် အခက်အခဲ ရှိလာနိုင်ပါတယ်။ နာပိုလီက အိုဆင်မ်ဟန် အတွက် ပေါင်သန်း ၆၀ အထိ လိုချင်နေသလို စပို့တင်း ကလည်း ယိုကီးရက်စ်ကို ပေါင် သန်း ၁၀၀ လောက် ရမှ ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် ဒီကစားသမား နှစ်ဦးစလုံးကို ဥရောပ ထိပ်တန်း ကလပ်များစွာက လိုချင်နေတာကြောင့် ယူနိုက်တက်တို့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.