ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် ကတော့ လက်ရှိမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေကြောင့် နည်းပြ မာကို ရို့စ်နဲ့ လမ်းခွဲပြီး နည်းပြသစ် ခန့်အပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းနဲ့ ချဲလ်ဆီး နည်းပြဟောင်း ဖြစ်တဲ့ ဂရေဟမ် ပေါ်တာ တို့က လိုက်ပ်ဇစ်ရဲ့ နည်းပြ ရာထူး အတွက် ထိပ်ဆုံး ကနေ ရေပန်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ယူနိုက်တက် ကနေ အထုတ်ပယ်ခံခဲ့ရတဲ့ အဲရစ်ခ် တန်ဟက်ဂ်က မကြာသေးခင်က ရိုးမားရဲ့ နည်းပြ ရာထူး အတွက် သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း စီးရီးအေ ကလပ် ရိုးမားက ဝါရင့် နည်းပြ ကလော်ဒီယို ရာနီရေးရီ ကိုသာ ခန့်အပ်ခဲ့လို့ တန်ဟက်ဂ် တစ်ယောက် အသင်း လက်မဲ့ ဖြစ်နေဆဲပါ။ တန်ဟက်ဂ်ဟာ လက်တလော နယ်သာလန်မှာ နေထိုင်နေပြီးတော့ သူ့ရဲ့ အသင်းဟောင်း အေဂျက်စ်ရဲ့ ပွဲစဉ်တွေကို လိုက်လံ အားပေးနေတယ်လို့ သိရပါတယ်။
တန်ဟက်ဂ် နည်းတူ လိုက်ပ်ဇစ်နဲ့ သတင်းတွေ ထွက်နေတဲ့ ဂရေဟမ် ပေါ်တာ ကလည်း ချဲလ်ဆီး ကနေ ထုတ်ပယ်ခံရချိန် ၂ဝ၂၃ ဧပြီလ ကတည်းက အသင်းပေါင်းစုံနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ အသင်း လက်မဲ့ ဖြစ်နေဆဲပါ။ ဒါ့အပြင် ပေါ်တာက ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ပါ သတင်းတွေ ထွက်ဖူးသူ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် ကတော့ လက်ရှိ ရာသီမှာ ရလဒ်တွေ ကျဆင်းနေပြီးတော့ ချန်ပီယံလိဂ် မှာလည်း လိဂ် အဆင့် ၅ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲစလုံး ရှုံးနိမ့်ထားပြီး ပြိုင်ပွဲ ကနေ ထွက်ခွာရဖို့ များနေပြီ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်က ဘွန်ဒက်စ်လီဂါ မှာတော့ ရလဒ်တွေ မဆိုးလှပေမယ့် အသင်းရဲ့ နည်းပြ မာကို ရို့စ်ရဲ့ အနာဂတ်က တော်တော်လေး လှုပ်ခတ်နေတာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ် အနေနဲ့လည်း လက်ရှိမှာ နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ အသေအချာ ပြင်ဆင်လာခဲ့ပြီးတော့ အသင်း လက်မဲ့ ဖြစ်နေတဲ့ နည်းပြတွေကို ချိန်ရွယ်နေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ လိုက်ပ်ဇစ်က ယူနိုက်တက်နဲ့ မကြာသေးခင်ကမှ လက်တွဲဖြုတ်ထားတဲ့ တန်ဟက်ဂ် အပြင် ချဲလ်ဆီး ကနေ ထုတ်ပယ်ခံရပြီးကတည်းက အသင်းသစ် ရှာမတွေ့သေးတဲ့ ဂရေဟမ် ပေါ်တာ တို့ကို အဓိက ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ ဂရေဟမ် ပေါ်တာဟာ ချဲလ်ဆီးကို ကိုင်တွယ်စဉ်မှာ သူ့ရဲ့ နည်းစနစ်ပိုင်းနဲ့ အသင်းရဲ့ အပြောင်းအလဲတွေကြား အံမဝင်ခဲ့ပေမယ့် ဘရိုက်တန် ကိုတော့ အခြေအနေ တစ်ခု ရောက်ရှိအောင် လမ်းမှန် ပို့ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ပေါ်တာဟာ အင်္ဂလန် နည်းပြ ရာထူး အတွက်လည်း ရေပန်းစားခဲ့သူ ဖြစ်သလို လက်ရှိမှာတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ရဲ့ နည်းပြ ရာထူး အတွက်လည်း ရေပန်းစားနေခဲ့ပြီ ဖြစ်ပါတယ်။ လိုက်ပ်ဇစ် အသင်းကို တန်ဟက်ဂ်ပဲ ကိုင်တွယ်သွားမလား ပေါ်တာပဲ ကိုင်တွယ်သွားမလား ဆိုတာတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.