နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နိုင်ပွဲတွေ အတွက် အချိန်ပေးရဦးမှာ ဖြစ်ကြောင်း ပြောလာတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ရူဘင် အမော်ရင် ကတော့ အစ်ပ်ဆွစ်ချ်နဲ့ပွဲ သရေရလဒ်ကြောင့် ပရိသတ်တွေ စိတ်ပျက်နေမယ် ဆိုတာ နားလည်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် အမော်ရင်က နိုင်ပွဲတွေ အတွက် အချိန်ယူရဦးမှာ ဖြစ်သလို အချိန်အတော်ကြာ ရုန်းကန်ရနိုင်ကြောင်းလည်း သုံးသပ် ပြောကြားခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ အမော်ရင်က “ဒါက ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်မယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော် တို့က ဒီအခိုက်အတန့်မှာ အပြောင်းအလဲတွေ အများကြီး လုပ်ထားတာပါ။ ကျွန်တော်တို့ အချိန်တော်တော်လေး ကြာတဲ့ အထိ ရုန်းကန်ရဦးပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ပွဲတွေ ရယူဖို့ ကြိုးစားမှာပါ။ ဒါပေမဲ့ အဲဒါက အချိန်ယူရပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ပွဲတွေ ယူရမယ်။ ဒါပေမဲ့ အိုနာနာကြောင့်သာ မဟုတ်ဘူး ဆိုရင် ကျွန်တော်တို့ ရှုံးသွားနိုင်ပါတယ်။ ကစားသမားတွေ အနေနဲ့ အပြောင်းအလဲတွေ အများကြီးလုပ်ဖို့ ၂ ရက်ပဲ အချိန်ရသေးတယ် ဆိုတာ နားလည်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ သုံးရက် အတွင်းမှာ အရာအားလုံး အသားကျဖို့ ဆိုတာ ကစားသမားတွေ အတွက် ခက်ခဲပါတယ်။ စိတ်ကူးသစ်တွေ အကြောင်းကို ကျွန်တော်တို့ မေ့နေတာပါ။ အဲဒါကြောင့်လည်း ရာသီ အလယ် ကာလမှာ ကျွန်တော့်ကို ဒီနေရာဆီခေါ် လိုက်တာ ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုပါတယ်။

လက်ရှိမှာ အမော်ရင်ရဲ့ ယူနိုက်တက်က ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၄ ပွဲ ရှုံး ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ်မှာ ရမှတ် ၁၆ မှတ်သာ ရရှိထားတဲ့ ယူနိုက်တက်

ဆက်လက်ပြီး အမော်ရင်က “အရင်တုန်းက သူတို့ လုပ်နေကျ အရာတွေနဲ့ အသားကျဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။ နောက်နှစ် ဒီလိုနေရာမှာ တူညီတဲ့ ပြဿနာတွေနဲ့ ရှိနေမလား ဒါမှမဟုတ် အခု ကနေ ကျွန်တော်တို့ စတင်ကြမလား။ ကျွန်တော်တို့ နည်းနည်းတော့ စွန့်စားရပါမယ်။ နည်းနည်းလည်း ရုန်းကန်ရလိမ့်မယ်။ နောက်နှစ်ကျရင် ကျွန်တော်တို့ ပိုကောင်းလာမှာ ဖြစ်လို့ နည်းနည်းတော့ စွန့်စားရပါလိမ့်မယ်။ ကစားသမားတွေ ကလည်း အများကြီး တွေးတေညနေကြတယ်။ ဘာလို့လဲ ဆိုတော့ လေ့ကျင့်ရေး အစီအစဉ်နှစ်ခုမှာ ကျွန်တော်တို့ ပြောင်းလဲတာတွေက အများကြီး ဖြစ်နေလို့ပါ။ အခုဆိုရင် လေ့ကျင့်ရေး အစီအစဉ်မှာ တိုးတက်ဖို့ နေရာလွတ် မရှိတော့ဘူး။ ဒါပေမယ့် ဒီနေ့မှာ ကျွန်တော် နားလည်တာက သူတို့ ကြိုးစားနေတယ် ဆိုတာပါပဲ။ သူတို့ တကယ် ကြိုးစားနေတာပါ။ ခက်ခဲတဲ့ အချိန် မှာတောင် ကျွန်တော်တို့ ဖြစ်စေချင်တာကို သူတို့ လုပ်နေကြတယ်လို့ ခံစားရပါတယ်” လို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နည်းပြသစ် အမော်ရင် လက်ထက် ပွဲဦးထွက် အခုတစ်ပတ် ပရီးမီးယားလိဂ် မှာ အစ်ပ်ဆွစ်ချ်နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားပြီး ၁-၁ ရလဒ်နဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အမော်ရင်က သူ့ရဲ့ စိတ်ကြိုက် ၃-၄-၂-၁ အခင်းအကျင်းကို အသုံးပြုခဲ့ပြီး ပွဲအစ ၈၁ စက္ကန့်မှာတင်ပဲ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ ဟက်ချင်ဆန်ရဲ့ လှပတဲ့ အဝေးကန်ချက် သွင်းဂိုးကို ပြန်လည် ခွင့်ပြုပေးခဲ့ရပြီး သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်း မှာလည်း အစ်ပ်ဆွစ်ချ်က ယူနိုက်တက် ဘက်ကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး နိုင်ပွဲ ရဖို့ အထိ နီးစပ်ခဲ့ပေမယ့် ဂိုးသမား အန်ဒရေ အိုနာနာ လက်စွမ်းပြ ကာကွယ်ခဲ့လို့သာ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အမော်ရင်ရဲ့ ယူနိုက်တက်က ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၄ ပွဲ ရှုံး ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်