ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးရဲ့ ဘယ်လွန်ဒေါဆုရှင် ရိုဒရီ ကိုတော့ ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ရိုဒရီက ရီးရဲလ်မက်ဒရစ်လို သမိုင်းကြောင်း ကောင်းမွန်တဲ့ အသင်း တစ်သင်းရဲ့ စိတ်ဝင်စားမှု ရလာတာက ဂုဏ်ယူစရာ ကောင်းကြောင်းနဲ့ ဒါကို အာရုံစိုက် နားထောင်နေရမှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။
ရိုဒရီက “ရီးရဲလ်မက်ဒရစ်လို သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းနဲ့ အအောင်မြင်ဆုံး အသင်းက ခင်ဗျားကို ကမ်းလှမ်းလာပြီ ဆိုရင် ဒါဟာ ဂုဏ်ယူစရာ ကောင်းသလို ဒါကို အမြဲတမ်း နားစွင့်နေရပါမယ်။ ဒါက သိသာပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင် ဒါကို အမြဲ အာရုံစိုက်ထားရပါလိမ့်မယ်။ အင်္ဂလန်မှာ ကျွန်တော်ရဲ့ ကစားသမား ဘဝကို အဆုံးသတ်ဖို့ ဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ်။ ကျွန်တော် ရှိနေရတာ အရမ်း ကောင်းတဲ့ ခံစားချက် ရပါတယ်။ အင်္ဂလိပ် ဘောလုံး ကိုလည်း နှစ်သက်ပြီး မန်စီးတီး ကလည်း အသင်းကောင်း တစ်သင်း ပါပဲ။ ဒါပေမယ့် စပိန်က ကျွန်တော်ရဲ့ နိုင်ငံ ဖြစ်ပြီးတော့ ကျွန်တော်က လာလီဂါနဲ့ လာလီဂါ ကလပ် အသင်းတွေ အားလုံးကို အမြဲတမ်း အားပေးနေသူပါ။”လို့ ဆိုခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ ဘယ်လွန်ဒေါဆုရှင် စပိန် လက်ရွေးစင် ကွင်းလယ် ခံစစ် ကစားသမား ရိုဒရီက ပြီးခဲ့တဲ့ ၂၀၁၉ က အက်တလက်တီကိုမက်ဒရစ် ကနေ မန်စီးတီးကို ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပါတယ်။ စပိန်သားဟာ ပပ် ဂွါဒီယိုလာရဲ့ အသင်းမှာ လျင်လျင်မြန်မြန်ပဲ အထိုင်ကျခဲ့ပြီးတော့ မန်စီးတီး အတွက် မရှိမဖြစ် ကစားသမား တစ်ဦးလည်း ဖြစ်နေခဲ့သူပါ။ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ရဲ့ ကွင်းလယ်ပိုင်းမှာ အသင်းကို အဓိက မောင်းနှင်နေတဲ့ ရိုဒရီက လက်ရှိ မှာတော့ ACL ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူနေရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က စပိန်ကို ပြန်လည် ခေါ်ယူချင်နေပြီး ကစားသမား ဘဝ ကနေ အနားယူသွားတဲ့ တိုနီ ကရူးစ်နဲ့ ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် မိုဒရစ် တို့ရဲ့ နေရာမှာ အစားထိုးချင်နေတာ ဖြစ်ပါတယ်။
ရိုဒရီဟာ ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်စီးတီးနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။ ရိုဒရီက လက်ရှိမှာ ဘယ်လွန်ဒေါဆုရှင် ဖြစ်ထားတာကြောင့် ရီးရဲလ်မက်ဒရစ်သာ ရိုဒရီကို ခေါ်ယူချင်တယ် ဆိုရင်တော့ ပြောင်းရွှေ့ကြေးကို အမြောက်အများ အသုံးပြုရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီတီးက သူတို့ရဲ့ အသင်း အတွက် အဓိကကျတဲ့ ကစားသမား ရိုဒရီ ကိုတော့ အလွယ်တကူ လက်လွှတ်နိုင်ဖွယ်တော့ မရှိပါဘူး။
လက်ရှိမှာ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရိုဒရီက မန်စီးတီး အတွက် အပြင် စပိန် လက်ရွေးစင် အသင်း အတွက်လည်း အရေးအပါဆုံး ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ရိုဒရီဟာ စပိန်နဲ့ အတူ ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ခဲ့သလို မန်စီးတီး ကိုလည်း ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ ဖြစ်အောင် အဓိက နေရာ ကနေ စွမ်းဆောင်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရိုဒရီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘယ်လွန်ဒေါဆု ကိုပါ သိမ်းပိုက် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီဟာ ACL ဒဏ်ရာကို ဘယ်လွန်ဒေါဆု မရခင် အာဆင်နယ်နဲ့ ပွဲစဉ်မှာ ရရှိခဲ့တာလည်း ဖြစ်ပြီး လပေါင်း များစွာ အနားယူရဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.