ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ မကြာခင်မှာ နည်းပြသစ် ရူဘင် အမော်ရင်နဲ့ အတူ ပုံစံသစ် တစ်ခုနဲ့ မြင်တွေ့ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ အမော်ရင် အနေနဲ့ ဘယ်လိုမျိုး နည်းစနစ်တွေနဲ့ ယူနိုက်တက်တွေကို တည်ဆောက်မလဲ၊ ဘယ်ကစားသမားတွေကို ပွဲထွက် ကစားစေမလဲ၊ ဘယ်လိုမျိုး ကစားသမားတွေကို ခေါ်ယူ အားဖြည့်မလဲ ဆိုတာတွေနဲ့ ပတ်သတ်လို့ ယူနိုက်တက် ပရိသတ်တွေ အနေနဲ ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေကြပြီ ဖြစ်ပါတယ်။
ဒီအချိန်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာ ကတော့ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်ခ်တာ ယိုကီးရက်စ်ထက် ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းကို ပေါင် သန်း ၁၂၀နဲ့ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလာခဲ့ပါတယ်။
ဆာဟာက “ ယိုကီးရက်စ်ရဲ့ ခြေစွမ်းက အရမ်း အားကောင်းနေပေမယ့် သူအနေနဲ့ ယူနိုက်တက်ကို ရောက်လာမယ် ဆိုရင် စပို့တင်းလစ္စဘွန်းမှာလိုမျိုး ခြေစွမ်းပြနိုင်မယ်လို့ မထင်ပါဘူး။ စပို့တင်းမှာ ဘာဖိအားမှ မရှိပေမယ့် ယူနိုက်တက် မှာက ဖိအားများပါတယ်။ ဟွိုင်းလန်း၊ ဇီယက်ခ်ဇီး တို့တောင် အဲဒီ ဖိအားတွေကြောင့် ခြေစွမ်းမပြနိုင်တာပါ။ ယူနိုက်တက်က ဆာလာတို့၊ ဟာလန်း တို့လို ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်သူ လိုအပ်နေတာပါ။ အဲဒီအတွက် ဆိုရင် ယိုကီးရက်စ်က အဖြေ မဟုတ်ဘူးလို့ ထင်ပါတယ်။ ယူနိုက်တက်သာ ပေါင်သန်း ၁၂၀ အသုံးပြုမယ် ဆိုရင်တော့ ဟယ်ရီကိန်း ခေါ်ယူသင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ လက်ရှိမှာ အသက် အရွယ် အားဖြင့် ၃၁ နှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပြီး ကစားသမား ဘဝ နေဝင်ချိန်ကို တဖြည်းဖြည်း ရောက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် စပါးမှာ ၁၀ ရာသီကြာ ကစားပြီးနောက် ၄၂၈ ပွဲမှာ ၂၇၉ ဂိုး သွင်းယူခဲ့သူ အင်္ဂလန်သားက ဘေယန်မြူးနစ်မှာလည်း ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေသူပါ။ ဟယ်ရီကိန်းဟာ ဘွန်ဒက်စ်လီဂါ ကလပ်မှာ ၆၁ ပွဲ ကစားကာ ၆၁ ဂိုး သွင်းယူထားခဲ့ပြီး ဒီရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၁၆ ပွဲ ကစားကာ ၁၇ ဂိုး သွင်းယူထားပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက်တွေမှာ ငွေကြေး အများအပြား အသုံးပြုကာ ကစားသမားသစ်တွေကို ခေါ်ယူထားခဲ့ပေမယ့်လည်း ရလဒ်ကောင်းမွန်ခြင်း မရှိဘဲ အသင်းရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကိုလည်း ရာထူး ကနေ ထုတ်ပယ်ခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ လက်ရှိမှာတော့ ပေါ်တူဂီ လူမျိုး လူငယ် နည်းပြ ရူဘင် အမော်ရင်ကို အသင်း နည်းပြ အဖြစ် ခန့်အပ်ခဲ့ပြီးတော့ သူ့အနေနဲ့ စပို့တင်းလစ္စဘွန်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဟယ်ရီကိန်း ကတော့ စပါး ကနေ ဘေယန်မြူးနစ်ကို မပြောင်းရွှေ့ခင်မှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်နဲ့ မကြာခဏဆိုသလို သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.