နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ်ကို တောင်းပန်စကား ပြောလာတဲ့ ဘရူနို ဖာနန်ဒက်စ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ထုတ်ပယ်ခံရခြင်းက သူ့အပေါ်မှာ တာဝန်ရှိတယ်လို့ ဝန်ခံလာခဲ့ပါတယ်။ ပေါ်တူဂီ လူမျိုး အသင်းခေါင်းဆောင်က ချဲလ်ဆီးနဲ့ ပွဲအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပြီး တောင်းပန်စကားလည်း ဆိုသွားခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်က “မန်နေဂျာ ထွက်သွားတဲ့ အခါမှာ အသင်းက ရှိတဲ့သူ အားလုံး အတွက် မကောင်းပါဘူး။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ဘာသာ အပြစ်တင်တာလည်း လုပ်ရပါမယ်။ ဘာလို့လဲ ဆိုတော့ အသင်းက ကောင်းကောင်း မလုပ်နိုင်တဲ့အခါ ကစားသမား ၁၅ ယောက်ထက် မန်နေဂျာ တစ်ယောက်ကို ထုတ်ပယ်ပစ်ဖို့က ပိုပြီး လွယ်ကူပါတယ်။ ကျွန်တော် မန်နေဂျာနဲ့ စကားပြောပြီး တောင်းပန်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးတွေ မသွင်းနိုင်ခဲ့လို့ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ပုံမှန် ဆိုရင် ကျွန်တော်က ဂိုးတွေ အများကြီး သွင်းတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့် ဘက်က ၁၀၀ ရာခိုင်နှုန်း အမြဲတမ်း ပေးဆပ်တယ် ဆိုတာ သူသိပါတယ်။ လို့ Sky Sports ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ အမော်ရင်ကို ခေါ်ယူဖို့ အတွက် စပို့တင်းလစ္စဘွန်းကို လျော်ကြေး ပေါင် ၉.၂၅ သန်း (ယူရို ၁၁ သန်း) ပေးချေခဲ့ရတယ်လို့ သိရပါတယ်။
တန်ဟက်ဂ် ထုတ်ပယ်ခံရခြင်း အတွက် တာဝန် ရှိကြောင်း ပြောလာတဲ့ ဘရူနို ဖာနန်ဒက်စ်

ပရီးမီးယားလိဂ် ကလပ်ဟာ တန်ဟက်ဂ် နေရာမှာ ပေါ်တူဂီ လူမျိုး နည်းပြ ရူဘင် အမော်ရင်ကို အစားထိုး ခန့်အပ်ခဲ့ပြီးတော့ ၂၀၂၇ ခုနှစ် အထိ သက်တမ်းရှိသည့် နှစ်နှစ်ခွဲ စာချုပ်လည်း ချုပ်ဆိုထားခဲ့ပါတယ်။ ယူနိုက်တက် အနေနဲ့ အမော်ရင် အတွက် စပို့တင်းလစ္စဘွန်း အသင်းကို စာချုပ်လျော်ကြေး ယူရို ၁၀ သန်း ပေးချေခဲ့ရပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ ကနေ စပြီး တာဝန်ယူ ကိုင်တွယ်မယ်လို့လည်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ အမော်ရင်ကို ခေါ်ယူဖို့ အတွက် စပို့တင်းလစ္စဘွန်းကို လျော်ကြေး ပေါင် ၉.၂၅ သန်း (ယူရို ၁၁ သန်း) ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာ ယူနိုက်တက်က အမော်ရင် အတွက် ဗီဇာနဲ့ စာရွက်စာတမ်း ကိစ္စတွေ ဆောင်ရွက်ဖို့ ကျန်ရှိနေပြီး လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ခြင်းနဲ့ ပတ်သတ်လို့လည်း အမော်ရင်က “ရာသီက စတင်နေပြီး ကျွန်တော် တို့ရဲ့ ရာသီအဖွင့်က အရမ်းကို ကောင်းမွန်နေပါတယ်။ အဲဒီနောက်မှာ မန်ချက်စတာယူနိုက်တက် ရောက်လာပါတယ်။ သူတို့က စာချုပ်လျော်ကြေးထက် ပိုပေးခဲ့ကြပြီး ဥက္ကဋ္ဌ ကလည်း အသင်းရဲ့ အကျိုးစီးပွားကို ကာကွယ်ခဲ့တာပါ။ ကျွန်တော်က ဥက္ကဋ္ဌနဲ့ ဘာမှ မဆွေးနွေးခဲ့ပါဘူး။ ရာသီကုန်အထိ ဆက်ရှိနေချင်တယ်လို့ သုံးရက်လောက် ကျွန်တော် ပြောခဲ့တယ်။ ဒါပေမယ့် ဆက်နေဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ပြောခဲ့ရတယ်။ အဲဒါက အခု မဟုတ်ဘူး ဆိုရင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီလို မဟုတ်ရင် မန်ချက်စတာက နောက်ထပ် ရွေးချယ်စရာ တစ်ခုဆီ သွားတော့မှာပါ။ အဲဒါကြောင့် ကျွန်တော့် ဘဝကို အကြီးအကျယ် ပြောင်းလဲစေမယ့် ဆုံးဖြတ်ချက် တစ်ခု ချဖို့ အချိန် သုံးရက်ပဲ ယူခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်