နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ်ကို နှုတ်ဆက်ခဲ့ကြတဲ့ ဖာနန်ဒက်ဇ်၊ မိန်းနူးနဲ့ ဂါနာချို | ပရီးမီးယားလိဂ်

ရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကတော့ အသင်း ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ အဲရစ်ခ် တန်ဟက်ဂ် ကိုတော့ နှုတ်ဆက်စကားတွေ ပြောဆိုလာခဲ့ပါတယ်။ အဲရစ်ခ် တန်ဟက်ဂ်နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ဟာ ယူနိုက်တက်မှာ နှစ်နှစ်ကြာ လက်တွဲခဲ့ပြီးတော့ လမ်းခွဲချိန်မှာ အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်က “အရာရာအတွက် ကျေးဇူးတင်ပါတယ် ဘော့စ်” ဆိုပြီး သူ့ရဲ့ Instagram မှာ ရေးသား နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဖာနန်ဒက်စ်က “ယုံကြည်မှုနဲ့ အတူတူ မျှဝေခဲ့တဲ့ အခိုက်အတန့်တွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ အကောင်းဆုံးတွေ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ နောက်ဆုံး အချိန်က ကျွန်တော်တို့ အားလုံး အတွက် အကောင်းဆုံး မဟုတ်မှန်း သိပေမယ့် မန်နေဂျာရဲ့ ကောင်းမွန်တဲ့ အရာတွေကို ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် တို့က ကလပ် အတွက် ပေးဆပ်ခဲ့တာပါ။” လို့ ဆိုပါတယ်။

အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာ စီနီယာ အသင်းကြီး အတွက် စတင် ပွဲထွက်ခွင့်ရခဲ့တဲ့ ကိုဘီ မိန်းနူး ကလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ မိန်နူးက “ကျွန်တော့်ကို ယုံကြည်မှုနဲ့ ကျွန်တော့်ရဲ့ ငယ်ဘဝ ကလပ်နဲ့ ကစားခွင့်ရခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျား အနေနဲ့ အနာဂတ်မှာ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။” လို့ ရေးသားပြီး Instagram မှာ တင်ခဲ့ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ် ကတော့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီးနောက် နောက်တစ်နေ့ မနက်မှာတော့ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
တန်ဟက်ဂ်နဲ့ ၂ နှစ်ကြာ လက်တွဲ ပြီးနောက် လမ်းခွဲခဲ့တဲ့ ယူနိုက်တက်

အဲဒီနောက် အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာ ကစားသမား ဘဝ ပထမဦးဆုံး ယူနိုက်တက် အတွက် ပွဲထွက်ခွင့် ရခဲ့တဲ့ အလက်ဟန်ဒရို ဂါနာချို ကလည်း နယ်သာလန်သား နည်းပြကို အခုလိုပဲ ဆုတောင်းပေးခဲ့ပါသေးတယ်။ ဂါနာချိုက “အရာရာ အတွက် ကျေးဇူးတင်ပါတယ် ဘော့စ်။ ကျွန်တော့်ကို အခွင့်အရေးနဲ့ ဒီကလပ် အတွက် ကစားပေးဖို့ ယုံကြည်မှုတွေ ပေးခဲ့တဲ့ အတွက် ခင်ဗျားကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဂါနာချိုက “ကျွန်တော်တို့ လိုချင်သလို မဖြစ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အတူရှိခဲ့တဲ့ ကောင်းမွန်တဲ့ အချိန်တွေကို ကျွန်တော် သတိရနေမှာပါ။ အနာဂတ်မှာ ခင်ဗျား အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ Erik ကို ကျေးဇူး အများကြီး တင်ပါတယ်။” လို့ ဆိုပါတယ်။

အဲရစ်ခ် တန်ဟက်ဂ် ကတော့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီးနောက် နောက်တစ်နေ့ မနက်မှာတော့ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့်‌ နေရာနဲ့ ၇ မှတ်၊ တန်းဆင်းဇုန်နဲ့ ၇ မှတ် ပြတ်နေခဲ့ပြီး တော်တော်လေး အခြေအနေ ဆိုးနေခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တန်ဟက်ဂ်က ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ နှစ်နှစ်တာ ကာလ အတွင်း ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတို့ ရယူပေးနိုင်ခဲ့ပေမယ့် ရလဒ်ပိုင်း မှာတော့ လုံးဝ ကျေနပ်စရာ မရှိခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ် အနေနဲ့ ယူနိုက်တက်မှာ နိုင်ပွဲ ရာခိုင်နှုန်း ၅၆ ရာခိုင်နှုန်းသာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးတော့ စုစုပေါင်း ၁၂၈ ပွဲ ကိုင်တွယ် ရာမှာ ၇၂ ပွဲနိုင်၊ ပွဲ ၂၀ သရေ၊ ၃၆ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

လက်တလော မှာတော့ ယူနိုက်တက်က ရူ့ဒ် ဗန်နစ္စတယ်ရွိုင်းကို ယာယီ နည်းပြ အဖြစ် တာဝန်ယူသွားဖို့ တာဝန် ပေးအပ်ထားပြီး အမြဲတမ်း နည်းပြ နေရာ အတွက်တော့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်