နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်ရဲ့ အနာဂတ်က မလှပဘူးလို့ ပြောလာခဲ့တဲ့ အီဗရာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက လက်ရှိမှာ ပြိုင်ဘက် အသင်းတွေက ယူနိုက်တက်ထက် ပိုကောင်းကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ အနာဂတ်က မလှပကြောင်းလည်း အီဗရာက ဝန်ခံပြောကြားခဲ့ပါသေးတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် လက်ထက်မှာ အင်္ဂလိပ် ဘောလုံးလောကကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း ၂၀၁၂/၂၀၁၃ ဘောလုံး ရာသီအကုန် ဖာဂူဆန် နည်းပြ ဘဝ ကနေ အနားယူပြီးနောက်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ လက်ရှိမှာ ယူနိုက်တက်ရဲ့ မန်ချက်စတာ မြိုခံ ပြိုင်ဘက် မန်စီးတီး အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို စံချိန်တင် (၄) နှစ် ဆက်တိုက် ရယူကာ အင်္ဂလိပ် ဘောလုံးလောကကို လွှမ်းမိုးထားသလို၊ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ ကလည်း ယူအသင်းထက် ပိုကောင်းနေသည်။

ဒါကြောင့် အီဗရာက “ကျွန်တော်က အကောင်း မြင်တတ်တဲ့သူပါ။ ဒါပေမယ့် ယူနိုက်တက်နဲ့ ပတ်သက်လာရင် ခက်ခဲပါတယ်။ ကျွန်တော် တို့ရဲ့ ပြိုင်ဘက်တွေက ကျွန်တော်တို့ထက် ပိုကောင်းနေပြီး ပိုကောင်းတဲ့ ကစားဟန်နဲ့ ကစားပြနေကြတယ်။ ယူနိုက်တက်ရဲ့ အနာဂတ်က မတောက်ပနေပါဘူး။ အခုက အသင်း အတွက် အရမ်း ခက်ခဲတဲ့ အခိုက်အတန့်ပါ။ လစ်ဗာပူးလ်က ပရီးမီးယားလိဂ် ပြန်ရဖို့ နှစ်ပေါင်း (၃၀) စောင့်ခဲ့ရတယ်။ ယူနိုက်တက်က ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေတာ အခုဆို ၁၁ နှစ် ရှိပါပြီ။ လစ်ဗာပူးလ်လို နှစ်ပေါင်း ၃၀ မစောင့်ချင်ပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ယူနိုက်တက်ကို ကျွန်တော် အားပေးနေမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ ရာသီမှာလည်း ယူနိုက်တက်က ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်

ပြင်သစ် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာဟာ ယူနိုက်တက်မှာ ၂၀၀၆ ခုနှစ် ကနေ ၂၀၁၄ ခုနှစ် အထိ ၈ နှစ် ကျော်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အီဗရာက ပရီးမီးယားလိဂ် ဖလား (၅) ကြိမ်၊ ချန်ပီယံလိဂ် ဖလား (၁) ကြိမ် အပါအဝင် ဆုဖလား (၁၄) လုံး အထိ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဖာဂူဆန်ဟာ ၂၀၁၂/၁၃ ဘောလုံး ရာသီအကုန်မှာ နည်းပြ ဘဝ ကနေ အနားယူခဲ့ပြီးတော့ အီဗရာ မှာလည်း ယူနိုက်တက်မှာ တစ်ရာသီသာ ဆက်လက် ကစားခဲ့ပြီး ၂၀၁၄ နွေရာသီ မှာတော့ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီ အချိန်က ဖာဂူဆန်ရဲ့ နည်းပြ ရာထူးကို ဆက်ခံခဲ့တဲ့ ဒေးဗစ် မွိုက်စ် ကလည်း တစ်ရာသီ အကြာမှာပဲ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက် ယူနိုက်တက်မှာ နည်းပြ အပြောင်းအလဲတွေ တောက်လျောက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနောက်ပိုင်းက စပြီး ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ဆုဖလားတွေ စိန်ခေါ်နိုင်ခြင်း မရှိတော့ပဲ ရုန်းကန်ခဲ့ရပါတယ်။

လက်ရှိ ရာသီမှာလည်း ယူနိုက်တက်က ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ် မှာလည်း ယူနိုက်တက်က ၃ ပွဲ ကစား၊ ၃ ပွဲ သရေ၊ ရမှတ် ၃ မှတ်နဲ့ အဆင့် ၂၁ နေရာမှာ ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်