နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟွိုက်ဂျ်လန်းရဲ့ အခြေအနေကြောင့် ခေါင်းကိုက်ရဦးမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အနေနဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေ အပြီးမှာလည်း တိုက်စစ်ပိုင်း အတွက် ခေါင်းကိုက်ရဦးမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဓိက ကတော့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဒိန်းမတ်ရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်း အနေနဲ့ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် အနားယူခဲ့ရလို့ပဲ ဖြစ်ပတယ်။

ဟွိုက်ဂျ်လန်း အနေနဲ့ ရာသီကြို ခြေစမ်းပွဲ ကာလမှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီးနောက် စက်တင်ဘာလ နှောင်းပိုင်းက စပြီး ယူနိုက်တက် အတွက် ပြန်လည် ကစားပေးနိုင်ခဲ့ပါတယ်။ ဟွိုက်ဂျ်လန်းဟာ ယူနိုက်တက် အတက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၅ ပွဲ ကစားပေးထားပေမယ့် ပေါ်တို၊ အက်စတွန်ဗီလာ တို့နဲ့ ပွဲစဉ်တွေမှာပဲ မိနစ် ၇၀ နီးပါး ကစားထားခဲ့တာ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းက ကျန်ပွဲတွေ မှာတော့ ပွဲချိန် ၁၀ မိနစ် ကျော်တွေသာ ဝင်ရောက် ကစားခဲ့ပြီး ပြီးခဲ့တဲ့ စပိန်နဲ့ နေးရှင်းလိဂ် ပွဲစဉ် မှာလည်း ဒိန်းမတ် အတွက် ပွဲချိန် ၇၈ မိနစ်မှ ဝင်ရော်က ကစားခဲ့တာ ဖြစ်ပါတယ်။

ဟွိုက်ဂျ်လန်း အနေနဲ့ စနေနေ့က စပိန်ကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ဒိန်းမတ်ရဲ့ လူစာရင်း ကနေ ထွက်ခွာခဲ့တာလည်း ဖြစ်ပါတယ်။ သူရဲ့ ပျက်ကွက်မှု အတွက် တရားဝင် ရှင်းလင်းချက် ထွက်ပေါ်မလာသေးပေမယ့် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ လူစာရင်း ကနေ နှုတ်ထွက်သွားခြင်း ဖြစ်ကြောင်း ထင်ကြေးပေးမှုတွေလည်း ရှိနေကြပါတယ်။ ဒါပေမယ့်လည်း ဟွိုက်ဂျ်လန်းရဲ့ စပိန်နဲ့ ပွဲအပြီး အနားယူခဲ့ရမှုက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အတွက်တော့ စိုးရိမ်စရာ ဖြစ်လာဖို့ ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။

ဒါပေမယ့်လည်း ဟွိုက်ဂျ်လန်းရဲ့ စပိန်နဲ့ ပွဲအပြီး အနားယူခဲ့ရမှုက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အတွက်တော့ စိုးရိမ်စရာ ဖြစ်လာဖို့ ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။
တိုက်စစ်က သွင်းဂိုး ၅ ဂိုးသာ ရရှိထားတဲ့ ယူနိုက်တက်

ဒိန်းမတ် နည်းပြ လားစ် နတ်ဒ်ဆန် ကတော့ ဟွိုက်ဂျ်လန်း အနေနဲ့ စပိန်နဲ့ ပွဲအတွက် အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်လို့တော့ မေးခွန်းထုတ်စရာတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

နတ်ဒ်ဆန်က “ပထမဆုံး အနေနဲ့၊ တကယ့်ကို ပြိုင်ဆိုင်မှု ရှိတဲ့ တိုက်စစ်မှူး အခြေအနေ ပိုင်ဆိုင်ထားပါတယ်။ ကက်စ်ပါ (ဒိုးလ်ဘက်ဂျ်) က အန်ဒါးလက်ချ်မှာ ကောင်းကောင်း ကစားနေပါတယ်၊ ယိုးနက်စ် (ဝင်းန်)က ဝုဖ်ဘတ် မှာ အကောင်းဆုံး ကစားနေပါတယ်။ ယူ့ဆက်ဖ် (ပိုလ်ဆင်) ကလည်း ဆားဘီးယားနဲ့ ပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ရက်စ်မက်စ်က က သူ့ကို ကျွန်တော်တို့ သိသလိုပဲ အကောင်းဆုံး ကစားနိုင်သူပါ။ ဒါပေမယ့် အခုအချိန်မှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အခြေအနေ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဒိန်းမတ် နည်းပြက “ရက်စ်မက်စ်က ပြန်လည် စတင်နေပါပြီ။ သူက လေ့ကျင့်ခန်းမဆင်းခင် မိနစ် ၆၀ မှာ ၂ ခါလောက် ကစားပြီး ၃ ရက်ပဲ ခြားပါတယ်။ ဒါကြောင့် သူနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ အတွေးတွေ ပြောင်းဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပဲ ရှေ့တန်း အနေအထား အတွက် ပြိုင်ဆိုင်မှုက ပြင်းထန်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်