နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျာမန် ထိပ်သီး ကလပ် ကိုသာ ပြောင်းရွှေ့ချင်နေတဲ့ ဝစ်ဇ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ထိပ်သီး လေဗာကူဆင်ရဲ့ ကွင်းလယ် တိုက်စစ်ကစားသမား ဖလော်ရီယန် ဝစ်ဇ် ကတော့ လာမယ့် နွေရာသီမှာ အသင်း ပြောင်းဖို့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ လက်ရှိမှာ ဂျာမန် ကြယ်ပွင့် ဝစ်ဇ်ကို ဥရောပ ထိပ်တန်း ကလပ် အများအပြားက မျက်စိကျလျက် ရှိနေပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ လေဗာကူဆင်ရဲ့ ပြည်တွင်း ထိပ်သီး ပြိုင်ဘက် ဘေယန်မြူးနစ် ဆီကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဘေယန်မြူးနစ်ဟာ အမြဲတမ်းလိုလို ပြည်တွင်းထွက် ကစားသမားကောင်းတွေနဲ့ နည်းပြတွေကို စောင့်ကြည့် ခေါ်ယူတတ်တဲ့ ကလပ် အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် အရည်အသွေးမြင့် ဂျာမနီ ကစားသမား အများစု ကလည်း ဘေယန်မြူးနစ်လို ဘွန်ဒက်စ်လီဂါ ဘီလူးကြီး ဆီမှာ အသုံးတော်ခံချင်ကြလေ့ ရှိပါတယ်။ 

ဒါ့အပြင် ဘွန်ဒက်စ်လီဂါ ထိပ်သီးတို့က ဒီနွေရာသီမှာ ဖလော်ရီယန် ဝစ်ဇ် အပြင် နည်းပြ ဇာဘီ အလွန်ဆိုနဲ့ နောက်ခံလူ ဂျိုနသန် တာ့ရ် တို့ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဘေယန်မြူးနစ်တို့ အခြေအနေ အကြောင်းကြောင်းကြောင့် ကစားသမားရော နည်းပြပါ တစ်ယောက်မှ ခေါ်ယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ဘေယန်မြူးနစ်ဟာ လာမယ့် နွေရာသီမှာတော့ ဖလော်ရီယန် ဝစ်ဇ် ကို အသင်းဆီ အရ ခေါ်ယူဖို့တော့ မဖြစ်မနေ ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

လက်ရှိမှာ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမနီ တောင်ပံ ကစားသမားလေး ဝစ်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါ မှာ ရှုံးပွဲ လုံးဝ မရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
လေဗာကူဆင်မှာ ခြေစွမ်းပြ ကစားနေတဲ့ ဝစ်ဇ်

လက်ရှိမှာ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမနီ တောင်ပံ ကစားသမားလေး ဝစ်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါ မှာ ရှုံးပွဲ လုံးဝ မရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ လေဗာကူဆင်နဲ့ အတူ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပြီးတော့ ကွင်းလယ် တိုက်စစ် အပြင် တောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့ ဖလော်ရီယန် ဝစ်ဇ်ကို လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အပြင် ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်စီးတီးနဲ့ ဆလော့တ်ရဲ့ လစ်ဗာပူးလ် ကလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့်လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ကစားသမားလေးဟာ ပြည်ပကလပ်တွေမှာ သွားရောက် ကစားဖို့ထက် ဘေယန်မြူးနစ် ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။လေဗာကူဆင် ဘက်ကတော့ သူတို့ရဲ့ အဖိုးတန် ကစားသမားလေး အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ အထိ လိုချင်နေပြီး ဘေယန်မြူးနစ်လို ဒေသတွင်း ပြိုင်ဘက်ထက် ပြည်ပ ကလပ်တွေဆီကိုသာ လက်လွှတ်ဖို့ စဉ်းစားဖွယ်လည်း ရှိနေပါတယ်။ လေဗာကူဆင် လူငယ် အသင်း ကနေ တဆင့် ခပ်မြန်မြန် စီနီယာ အသင်းကြီးမှာ ကစားခွင့်ရခဲ့တဲ့ ဖလော်ရီယန် ဝစ်ဇ်ဟာ ပြိုင်ပွဲစုံ ၁၆၂ ပွဲ ကစားပြီး ၄၇ ဂိုး သွင်းယူထားပါတယ်။ ဝစ်ဇ်ဟာ ဂျာမနီ လက်ရွေးစင် အသင်းကြီး အတွက်လည်း ၂၅ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူပေးထားပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်