နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒိုက ဘောလုံး ဘယ်လို ကစားရမယ် ဆိုတာ မသိဘူး ဆိုတဲ့ ကာဆာနို | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဂိုးတွေ တောက်လျောက် သွင်းယူနေပေမယ့် ဘောလုံး ဘယ်လို ကစားရသလဲ ဆိုတာ မသိဘူးလို့ ကာဆာနိုက ဝေဖန်လာခဲ့ပါတယ်။ အီတလီ တိုက်စစ်မှူးဟောင်း အန်တိုနီယို ကာဆာနို ကတော့ ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပတ်သတ်လာရင် အမြဲတမ်းလိုလို ဝေဖန် တိုက်ခိုက် ပြောဆိုလေ့ ရှိသူလည်း ဖြစ်ပါတယ်။

အီတလီ ဘောလုံးသမားဟောင်း အန်တိုနီယို ကာဆာနိုဟာ ရော်နယ်ဒို အနေနဲ့ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူနေပေမယ့် ဘောလုံး ကိုတော့ ဘယ်လို ကစားရမလဲ ဆိုတာ မသိတဲ့သူ ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါဆု) ၅ ကြိမ် ရရှိထားတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဘောလုံး လောကရဲ့ GOAT တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဆယ်စုနှစ် နှစ်ခုကျော်ကြာ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ ဘောလုံးလောကရဲ့ အောင်မြင်မှုတွေ အပြိုင်အဆိုင် ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရှိ မှာလည်း စံချိန် မှတ်တမ်းကောင်းတွေ ရယူနေသေးတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မကြာသေးခင်ကမှ ဘောလုံး သမိုင်းတစ်လျှောက် ဘယ်သူကမှ လုပ်မပြနိုင်သေးတဲ့ စံချိန်ကောင်းတွေ ရရှိထားခဲ့ပြီး ကစားသမားဘဝ သွင်းဂိုး ၉ဝဝ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုဟာ အသက်အရွယ် အရ ခြေစွမ်းအကျပိုင်းကို ရောက်နေပေမယ့်လည်း သွင်းဂိုးတွေ‌တော့ ရယူထားနိုင်ဆဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုပိုင်း ဆိုင်ရာမှာပါ အကောင်းဆုံး အနေအထားမှာ အမြဲတမ်း ရှိနေအောင် ကြိုးစားနေခဲ့တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့လည်း ၂ဝ၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်ဆင်နွဲဖို့ ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ လက်ရှိ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ နဲ့လည်း ဆုဖလား အောင်မြင်မှုတွေ ရယူသွားဖို့ ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒို လိုပဲ ရီးရဲလ်မက်ဒရစ်မှာ ပါဝင်ခဲ့ဖူးတဲ့ အီတလီ ကစားသမားဟောင်း ကာဆာနို ကတော့ အခုလိုပဲ ဝေဖန် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ ကာဆာနိုက “ခရစ္စတီယာနို ရော်နယ်ဒိုက ဘောလုံးကစားနည်း ကိုတောင် မသိပါဘူး။ သူ ဂိုး ၃၀၀၀ လောက် အထိ သွင်းနိုင်ခငျ် သွင်းနိုင်လိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ဒါကို ဂရုစိုက်နေမှာ မဟုတ်သလို သူ့ကိုလည်း နည်းနည်းလေးမှ သဘောမကျပါဘူး။” လို့ ပြောဆိုသွားခဲ့တာပါ။

ရော်နယ်ဒို ကတော့ ခရိုအေးရှားနဲ့ နေးရှင်းလိဂ် ပွဲမှာ သွင်းဂိုး ၉၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ သူ့ အနေနဲ့ ၉၀၂ ဂိုး အထိ သွင်းယူထားပြီး ဖြစ်ပါတယ်။ ဒီလို သွင်းဂိုး ၉၀၀ ကျော်ခဲ့ပေမယ့် သူ့အနေနဲ့ စံချိန် မှတ်တမ်းတွေရဲ့ နောက်ကို လိုက်နေတာ မဟုတ်ဘဲ စံချိန်တွေ ကသာ သူ့ရဲ့ အနောက်ကို လိုက်နေတာ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုထားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ နောက်ပိုင်း နှစ်တွေမှာ ဆုဖလား အောင်မြင်မှုတွေထက် တစ်ဦးချင်း ဆုတံဆိပ်၊ အောင်မြင်မှုနဲ့ စံချိန်တွေပဲ ဆက်တိုက် ရရှိနေတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အတွက် ၇၆ ပွဲ ကစားပြီး ၆၉ ဂိုး သွင်းယူပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်