နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒိုက ကမ္ဘာ့ နံပါတ် ၁ ဖြစ်နေရင်တော့ အသင်းကို ထိန်းချုပ်နေခြင်း မရှိဘူး ဆိုပြီး ပြောလာတဲ့ အဲလ်နာဆာ အမှုဆောင် အရာရှိချုပ် | ဆော်ဒီပရိုလိဂ်

နာမည်ကျော် ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာကို ထိန်းချုပ်နေတယ် ဆိုပြီး သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲလ်နာဆာရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်တဲ့ ဂွီဒိုဖီယန်ဂါ ကတော့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ အသင်းကို ထိန်းချုပ်နေခြင်း မရှိကြောင်း ပြန်လည် ဖြေရှင်းလာခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပေါ်တူဂီ လူမျိုး နည်းပြ လူးဝစ္စ ကတ်စထရိုကို ရာထူး ကနေ ထုတ်ပယ်ပြီးနောက် အီတလီ လူမျိုး နည်းပြ စတက်ဖီနို ပီအိုလီနဲ့ အစားထိုး ခန့်အပ်ခဲ့ပါတယ်။ ဒီလို နည်းပြ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တာဟာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သဘောထား အပေါ်မှာ မူတည်နေတယ်လို့ သုံးသပ်မှုတွေ များစွာ ရှိလာတာကြောင့် ဖီယန်ဂါက ရှင်းလင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

အဲလ်နာဆာဟာ ဆော်ဒီပရိုလိဂ်မှာ ၃ ပွဲ ကစားပြီးချိန်အထိ ၁ ပွဲနိုင်၊ ၂ ပွဲ သရေ ကျထားပြီး ရမှတ် ၅ မှတ် ရရှိထားကာ အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အဲလ်နာဆာကို ထိန်းချုပ်နေခြင်း မရှိကြောင်း ပြောလာတဲ့ ဖီယန်ဂါ

ဖီယန်ဂါက “ရော်နယ်ဒိုက ကျွန်တော် တို့ရဲ့ အသင်းခေါင်းဆောင် ဖြစ်ပြီးတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူက ကမ္ဘာ့ နံပါတ် ၁ ဖြစ်နေရင်တောင် အသင်းကို ထိန်းချုပ်နေခြင်း မရှိပါဘူး။ သူက ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ ပစ်မှတ်တွေဆီ ရောက်ရှိအောင် ညွှန်ပြပေးသူ တစ်ယောက်သာ ဖြစ်ပါတယ်။ သူက အောင်နိုင်သူ တစ်ယောက် ဖြစ်ပြီး ဘယ်လို အနိုင်ယူရမလဲ ဆိုတာ သူ့ဆီကနေ ကျွန်တော် တို့ သင်ယူရပါတယ်” လို့ ဖီယန်ဂါက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေ မှာတော့ ခရစ္စတီယာနို ရော်နယ်ဒိုက အဲလ်နာဆာရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေနဲ့ နည်းပြသစ် ခန့်အပ်မှုတွေကို ခြယ်လှယ်နေကြောင်း၊ သူ့ အနေနဲ့ အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဆန္ဒပြင်းပြနေကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ လူးဝစ္စ ကတ်စထရိုကို မထုတ်ပယ်ခင် ရော်နယ်ဒို အနေနဲ့ သူနဲ့ ရီးရဲလ်မက်ဒရစ်မှာ လက်တွဲပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ နည်းပြဟောင်း ဇနက်ဒင် ဇီဒန်းကို နည်းပြ အဖြစ် ခန့်အပ်စေချင်နေကြာင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

ပေါ်တူဂီ လူမျိုး နည်းပြ လူးဝစ္စ ကက်စထရိုက ပြီးခဲ့တဲ့ ရာသီ ကမှ အဲလ်နာဆာကို စတင် ကိုင်တွယ်ခဲ့ပြီး အာရပ်ကလပ် ချန်ပီယံဖလားကို ရယူပေးနိုင်ခဲ့ပေမယ့် ဆော်ဒီပရိုလိဂ် မှာတော့ အဓိက ပြိုင်ဘက် အဲလ်ဟီလာနဲ့ ရမှတ် ၁၄ မှတ် အထိ ကွာဟခဲ့ရပြီး အခြားသော ဆုဖလားတွေနဲ့လည်း လွဲချော်ခဲ့ရပါသေးတယ်။ ဒါ့အပြင် အခုနှစ် ရာသီ အစပိုင်း ဆော်ဒီစူပါဖလား ဗိုလ်လုပွဲ မှာပါ အဲလ်နာဆာက အဲလ်ဟီလယ် ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး နောက်ထပ် ဆုဖလား တစ်ခုပါ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ကက်စထရိုရဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ အနာဂတ် အခြေအနေတွေက တော်တော်လေး လှုပ်ခတ်လာခဲ့ပြီး အဲလ်နာဆာ ကလည်း နည်းပြ အပြောင်းအလဲ လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲလ်နာဆာဟာ ဆော်ဒီပရိုလိဂ်မှာ ၃ ပွဲ ကစားပြီးချိန်အထိ ၁ ပွဲနိုင်၊ ၂ ပွဲ သရေ ကျထားပြီး ရမှတ် ၅ မှတ် ရရှိထားကာ အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်