နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒက်ဟဲယားကို မျက်စိကျနေတဲ့ ဂျီနိုအာ | စီးရီးအေ

စပိန် မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး ကတည်းက အသင်း လက်မဲ့ ဖြစ်နေတဲ့ စပိန် ဂိုးသမား ဒါးဗစ် ဒက်ဟဲယား ကိုတော့ အီတလီ စီးရီးအေ ကလပ် ဂျီနိုအာ အသင်းက ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဒီသတင်း ကိုတော့ နာမည်ကျော် အီတလီ အပြောင်းအရွှေ့ သတင်းထောက် ဒီမာဇီယိုက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

ဒက်ဟဲယားဟာ ပြီးခဲ့တဲ့ရက်က သူ့ရဲ့ X အကောင့် ကနေ တဆင့် တင်ခဲ့တဲ့ ပို့စ် တစ်ခုကြောင့် ဒက်ဟဲယား အနေနဲ့ ဘောလုံးလောကထဲကို ပြန်လည် ရောက်ရှိလာတော့မလား ဆိုပြီး စောင့်ကြည့်ရဖို့ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒက်ဟဲယားက ပြီးခဲ့တဲ့ စနေနေ့က X မှာ သဲနာရီ အီမိုဂျီကို ပို့စ်တင်ထားခဲ့ပြီး ဆိုရှယ်မီဒီယာ အသုံးပြုသူတွေ အကြားမှာ စိတ်ဝင်စားစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီပို့စ်က အကြိမ်ရေ ၁၀ သန်း ကြည့်ရှုခံခဲ့ရပြီး Like ၈၇၀၀၀ နဲ့ ပြန်လည် ဝေမျှမှု ကတော့ အကြိမ်ရေ ၇၀၀၀ အထိ ရှိခဲ့ပါတယ်။

အသက် ၃၃ နှစ် အရွယ် ဒက်ဟဲယားဟာ ဂိုးသမား တစ်ယောက် အတွက်တော့ အကောင်းဆုံး အချိန်တစ်ခုမှာ ရှိနေဆဲပါ။ ယူနိုက်တက်မှာ ၁၁ ရာသီကြာ ကစားပြီးနောက် ထွက်ခွာသွားခဲ့တဲ့ စပိန်သား အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ကမ်းလှမ်းမှုတွေ မရခဲ့ပေမယ့်လည်း ဥရောပ ကလပ်တွေနဲ့ အပြိုင် ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားခဲ့ကြပါတယ်။

The Athleticရဲ့ ဖော်ပြချက်အရ ဆော်ဒီအာရေးဗီးယား၊ အမေရိကန်နဲ့ အီတလီ ကလပ် တစ်ခုစီက ဒက်ဟဲယားကို ကမ်းလှမ်းမှုတွေ ရှိထားတာကြောင့် လက်ရှိမှာ သူ့ အနေနဲ့ ဘောလုံးလောကထဲကို ပြန်လည် ခြေချဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဒက်ဟဲယား အနေနဲ့ သူ့ရဲ့ အနာဂတ် အတွက် လာမယ့် တစ်ပတ်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ချသွားဖို့ ရှိပြီး ဘယ်အသင်းကို ပြောင်းမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒက်ဟဲယားကို ခေါ်ယူချင်တဲ့ အသင်း ၃ သင်း ရှိနေတယ်လို့ သိရပေမယ့် ဘယ်အသင်းတွေလဲ ဆိုတာတော့ မသိရသေးပါဘူး။ သတင်းတွေ အရ ဆိုရင် ဒက်ဟဲယားက ယူနိုက်တက်က လွဲလို့ အင်္ဂလန်မှာရှိတဲ့ ဘယ်အသင်းမှာမဆို ကစားဖို့ ငြင်းဆိုထားပုံ ရပြီး သူ့ရဲ့ မွေးရပ်မြေက စပိန်တွေ ကတော့ ကမ်းလှမ်းထားခြင်း မရှိဘူးလို့ သိရပါတယ်။

တချို့ သတင်းတွေမှာတော့ ဒက်ဟဲယားက သူ့ရဲ့ မိသားစုနဲ့ အတူ အေးအေးဆေးဆေး နေထိုင်နိုင်မယ့် ကလပ်နဲ့ မြို့ကို ရှာဖွေနေပြီး အမေရိကန် မေဂျာလိဂ် ကလပ် တစ်ခုကို ပြောင်းရွှေ့နိုင်ဖွယ်လည်း ရှိနေတယ်လို့ ဖော်ပြကြပါတယ်။ တချို့ကလည်း ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်နဲ့ ပြန်လည် ပူးပေါင်းသွားဖွယ် ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒက်ဟဲယား ကိုယ်တိုင် ကတော့ မေဂျာလိဂ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေထက် ဥရောပ ဘောလုံးရပ်ဝန်း မှာပဲ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းချင်နေတယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ စီးရီးအေ ကလပ် ဂျီနိုအာ ကလည်း အသင်း လက်မဲ့ ဖြစ်နေတဲ့ ဒက်ဟဲယားကို ခေါ်ယူသွားဖို့ မျက်စိကျလာခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ အယ်လ်ဘာတို ဂီလာဒီနိုရဲ့ စီးရီးအေ ကလပ်ဟာ သူတို့ရဲ့ ဂိုးသမား ဂျိုးဆက်ဖ် မာတီနက်ဇ်ကို အင်တာမီလန်ဆီ ရောင်းချခဲ့ရတာကြောင့် ထိပ်တန်း ဂိုးသမား တစ်ဦး ပြန်လည် ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်