နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ငံအသင်း ကနေ အနားယူဦးမှာ မဟုတ်ကြောင်း ပြောဆိုလာတဲ့ ဟယ်ရီကိန်း | ယူရို ၂၀၂၄

အင်္ဂလန် လက်ရွေးစင် အသင်း ကတော့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်ကို ရှုံးနိမ့်ခဲ့ပြီးတော့ ပြိုင်ပွဲ နှစ်ကြိမ်ဆက် ဒုတိယ အဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်း ခေါင်းဆောင် ဝါရင့် တိုက်စစ်မှူးကြီး ဟယ်ရီကိန်း ကတော့ နိုင်ငံအသင်း ကနေ အနားယူဦးမှာ မဟုတ်ကြောင်း ဖွင့်ဟ လာခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီ ပြီးဆုံးခါနီးမှာပဲ ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ယူရို ၂၀၂၄ စတင်ချိန်လောက်မှ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အသက် ၃၀ အရွယ် တိုက်စစ်မှူးက အင်္ဂလန် အသင်းနဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲခွင့် ရခဲ့ပါတယ်။ ကိန်းက အင်္ဂလန် အတွက် ဒီပြိုင်ပွဲမှာမှာ ၄ ဂိုး အထိ သွင်းယူနိုင်ခဲ့ပေမယ့် ပွဲတိုင်းနီးပါး ဂိုးရဖို့ ရုန်းကန်ခဲ့ရသလို ၇ ပွဲ ကစားရာမှာ ၅ ပွဲက လူစားလဲခံခဲ့ရပါတယ်။

ဒါ့အပြင် အင်္ဂလန် ပရိသတ်တွေနဲ့ ဘောလုံး ဝေဖန်သုံးသပ်သူ တစ်ချို့က ဟယ်ရီကိန်းဟာ ဆုဖလား ကျိန်စာသင့်နေတာကြောင့် အင်္ဂလန်တို့ ဖလား မရတာ ဖြစ်တယ်လို့ ပြောဆိုနေကြသလို သူ့ရဲ့ အားရစရာ မရှိတဲ့ ခြေစွမ်းပိုင်း ကိုလည်း ထောက်ပြပြောဆိုနေကြပါတယ်။ ဟယ်ရီကိန်း ဦးဆောင်တဲ့ အင်္ဂလန် တိုက်စစ်ကို ပျော့ဖတ်လွန်းနေလို့ ထိထိရောက်ရောက် မကစားနိုင်ခဲ့တာ ဆိုပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ နောက်တစ်ချက်က အိုလီ ဝက်ကင်စ်၊ အိုင်ဗန် တိုနေး တို့ထက် ဟယ်ရီကိန်း ကိုသာ နေရာ ပိုပေးတဲ့ နည်းပြ ဂါရတ်သ် ဆောက်ဂိတ်ရဲ့ ကစားသမား ရွေးချယ်မှုကြောင့်လည်း ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ အင်္ဂလန်တို့ ကျရှုံးခဲ့ရတယ်လို့ ယူဆသူတွေလည်း ရှိနေပါတယ်။ ဒီလို ဝေဖန်မှုတွေ အကြားမှာ ဟယ်ရီကိန်း တစ်ယောက် အလူးအလဲ ခံခဲ့ရပေမယ့် သူကိုယ်တိုင် ကတော့ လက်မလျှော့သေးပဲ အင်္ဂလန် အတွက် အနာဂတ်မှာ ကစားပေးချင်နေသေးကြောင်း သူ့ရဲ့ လူမှုကွန်ယက် အကောင့်ကနေ တဆင့် အသိပေးသွားခဲ့တာ ဖြစ်ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲ အပြီး မှာတော့ ဂျာမနီ ကွင်းလယ်လူ တိုနီ ခရူးစ်၊ သောမတ်စ် မူလာ၊ ပြင်သစ် တိုက်စစ်မှူး အိုလစ်ဗီယာ ဂျရူး တို့ဟာ လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူခဲ့ပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့ကြပါတယ်။
အင်္ဂလန် အသင်း အတွက် ယူရို ၂၀၂၄ မှာ ၄ ဂိုး သွင်းပေးခဲ့တဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းက အင်္ဂလန် အသင်းဖော်တွေနဲ့ အတူ ယူရို ၂၀၂၄ရဲ့ ဖိုင်နယ် အဆင့်အထိ နောက်ထပ် တစ်ကြိမ် တက်လှမ်းနိုင်ခဲ့လို့ ဂုဏ်ယူရကြောင်းနဲ့ အင်္ဂလန်ဂျာစီ ဝတ်ဆင်ပြီး လာမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေကို ဆက်လက် ဆင်နွဲသွားဖို့ အသင့် ဖြစ်နေကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲ အပြီး မှာတော့ ဂျာမနီ ကွင်းလယ်လူ တိုနီ ခရူးစ်၊ သောမတ်စ် မူလာ၊ ပြင်သစ် တိုက်စစ်မှူး အိုလစ်ဗီယာ ဂျရူး တို့ဟာ လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူခဲ့ပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့ကြပါတယ်။ ဒါကြောင့် အများစုက ဒီကစားသမားတွေနဲ့ အတူ ဟယ်ရီကိန်း အနေနဲ့လည်း နိုင်ငံတကာ ကစားသမား ဘဝ ကနေ အနားယူသွားဖွယ် ရှိနေကြောင်း ထင်ကြေးပေး ပြောဆိုမှုတွေ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟယ်ရီ ကိန်း ကတော့ ဇွဲမလျှော့သေးပဲ လာမယ့် ပြိုင်ပွဲတွေမှာ အင်္ဂလန် အသင်းနဲ့ အတူ ဆက်လက် ပါဝင်ကစားဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

တကယ်တမ်းလည်း ဟယ်ရီကိန်းရဲ့ အသက်အရွယ်အရ ယူရို ၂၀၂၈၊ ၂၀၂၆ ကမ္ဘာ့ဖလား အပြင် အခြားသော နိုင်ငံတကာ ပွဲစဉ်တွေကို ဝင်ရောက် ဆင်နွှဲချင်ရင် ဆင်နွှဲလို့ ရနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း လာမယ့် နှစ်ပိုင်းအတွင်း အင်္ဂလန် နည်းပြ အပြောင်းအလဲ ဖြစ်ရင်တော့ ဟယ်ရီကိန်းကို ရွေးချယ်ပါ့မလား ဆိုတာတော့ စဉ်းစားစရာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်