နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန် နည်းပြရာထူး ကနေ နှုတ်ထွက်သွားတဲ့ ဆောက်ဂိတ် | ယူရို ၂၀၂၄

ဂါရတ်သ် ဆောက်ဂိတ် ကတော့ ယူရို ၂၀၂၄ ဗိုလ်လုပွဲ အပြီးမှာ အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ရာထူး ကနေ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ ဘယ်လိုရလဒ် ထွက်ပေါ်ပါစေ ဆောက်ဂိတ်ကို နည်းပြ အဖြစ် ဆက်လက် ခန့်အပ်ချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ မှာတော့ အင်္ဂလန်သား ကတော့ သူကိုယ်တိုင်ပဲ ရာထူးကနေ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ လာမယ့် ဒီဇင်ဘာလမှာ အင်္ဂလန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း နိုင်ငံ အသင်းကို ရှစ်နှစ်ကြာ တာဝန်ယူ ကိုင်တွယ်ပြီးနောက် နည်းပြ ရာထူး ကနေ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆောက်ဂိတ်က အင်္ဂလန်ကို ဒုတိယအကြိမ်မြောက် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲ ကစားခွင့်ရဖို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ဘာလင်မှာ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ၅၈ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလား ရယူနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့လက ယူရို ၂၀၂၄ မစတင်ခင်မှာ အင်္ဂလန် နည်းပြ ရာထူး ကနေ ထွက်ခွာနိုင်ဖွယ် ရှိကြောင်း အရိပ်အမြွက် ပြောဆိုထားခဲ့ဖူးပါတယ်။ အခုလက်ရှိမှာတော့ အင်္ဂလန် နောက်ခံလူဟောင်းက ဆယ်စုနှစ် တစ်ခုရဲ့ အကောင်းဆုံး အပိုင်းမှာ တာဝန် ထမ်းဆောင်ပြီးနောက် သူ့ရဲ့ ရာထူး ကနေ နုတ်ထွက်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ဘာလင်မှာ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ၅၈ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလား ရယူနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်ကို ယူရို ပြိုင်ပွဲ နှစ်ကြိမ်ဆက် ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့တဲ့ ဆောက်ဂိတ်

ဆောက်ဂိတ်ဟာ ဆမ် အာလာဒိုက်စ်ရဲ့ နေရာကို လက်လွှဲရယူခဲ့ပြီး အင်္ဂလန် အသင်းကို ၂၀၁၆ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ယူ ၂၁ နည်းပြ အဖြစ် ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ် အထိ လုပ်ကိုင်ခဲ့ပြီး အင်္ဂလန် စီနီယာ အသင်းကြီးကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ဆောက်ဂိတ် တာဝန်ယူနေစဉ် ကာလ အတွင်းမှာ အဓိက ပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံး အဆင့်တွေကို ရောက်ရှိခဲ့ပြီး ဆုဖလားမရခဲ့ပေမယ့် အတိုင်းအတာ တစ်ခု အောင်မြင်မှု ရယူပေးနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဆောက်ဂိတ်က အင်္ဂလန် နည်းပြ ရာထူး ကနေ နှုတ်ထွက်ခဲ့ပြီးနောက် “ဂုဏ်ယူစရာ ကောင်းတဲ့ အင်္ဂလိပ် လူမျိုး တစ်ယောက် အနေနဲ့ အင်္ဂလန် အတွက် ကစားခဲ့ရသလို စီမံခန့်ခွဲရသလို ကျွန်တော့် ဘဝ အတွက် ဂုဏ်ယူစရာပါပဲ။ ကျွန်တော့် အတွက် အရာ အားလုံးက အဓိပ္ပါယ် ရှိပြီး အားလုံး အတွက် ကျွန်တော် ပေးဆပ်ခဲ့တယ်။ ဒါပေမယ့် အပြောင်းအလဲ အတွက် အချိန်ကျပြီ၊ နောက်ထပ် ကဏ္ဍသစ် တစ်ခု အတွက်ရောပေါ့။ တနင်္ဂနွေနေ့က ဘာလင်မှာ စပိန်နဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲက ကျွန်တော့် အတွက် အင်္ဂလန် နည်းပြ ဘဝ နောက်ဆုံးပွဲပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆောက်ဂိတ်က “ကျွန်တော် ၂၀၁၁ ခုနှစ်မှာ FA ကို ဝင်ရောက်ခဲ့ပြီး အင်္ဂလိပ် ဘောလုံးကို တိုးတက်အောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ မန်နေဂျာ အဖြစ် ရှစ်နှစ်တာ ကာလ အတွင်းမှာ အရမ်းတော်တဲ့ သူတွေရဲ့ ပံ့ပိုးမှုတွေကိုလည်း ကျေးဇူးတင်ပါတယ်။”

“ကျွန်တော့် ဘေးမှာ ရှိခဲ့တဲ့ စတိဗ် ဟော်လန်ထက် ပိုကောင်းတဲ့သူ မရှိနိုင်ပါဘူး။ သူက သူ့ရဲ့ မျိုးဆက်မှာ အရည်အချင်းအရှိဆုံး နည်းပြတွေထဲက တစ်ဦး ဖြစ်ပြီးတော့ အလွန်တော်တဲ့ နည်းပြ တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ဟာ ပွဲပေါင်း ၁၀၂ ပွဲမှာ ကစားသမား အစုအဝေးကြီးကို ဦးဆောင်ခွင့်ရခဲ့ပါတယ်။ ခြင်္သေ့သုံးကောင် ပါတဲ့ လိုဂို အင်္ကျီပေါ်မှာ ဝတ်ဆင်ရတဲ့ အတွက် ဂုဏ်ယူမိပြီး သူတို့ကလည်း နိုင်ငံ အတွက် ပုံစံအမျိုးမျိုးနဲ့ ဂုဏ်ယူစရာ ဖြစ်ခဲ့ကြတယ်။”

“ကျွန်တော်တို့ ဂျာမနီကို ခေါ်ယူခဲ့တဲ့ အသင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြည့်နှက်နေတဲ့ ကစားသမားတွေ ပါဝင်ပါတယ်။ သူတို့ အားလုံး အိပ်မက်မက်ခဲ့တဲ့ အတိုင်း ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ သူတို့ အတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်၊ ပြီးတော့ အင်္ဂလိပ်ဘောလုံးကို တိုးတက်အောင် နေ့တိုင်း ကြိုးစားနေတဲ့ ကစားသမားတွေ အနေနဲ့ အသင်းကို ဆက်ပြီး အောင်မြင်အောင် လုပ်ဖို့ မျှော်လင့်ပါတယ်၊ ဘောလုံးဟာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို တွန်းအားပေးဖို့ လိုအပ်တယ် ဆိုတာ နားလည်ထားပါတယ်။

“နောက်ပြီး ပြီးခဲ့တဲ့ ရှစ်နှစ်တာ ကာလ အတွင်း ကစားသမားတွေနဲ့ အတူ ကျွန်တော့်ကို နောက်ကွယ် ကနေ ပံ့ပိုးပေးခဲ့ကြတဲ့ ဝန်ထမ်းတွေကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ သူတို့ရဲ့ ကြိုးစားမှုနဲ့ ကတိကဝတ်တွေက ကျွန်တော် တို့ကို နေ့တိုင်း စိတ်အားထက်သန်စေခဲ့ပါတယ်။ ကျွန်တော်တို့မှာ ကမ္ဘာပေါ်က အကောင်းဆုံး ပရိသတ်တွေလည်း ရှိပါတယ်။ သူတို့ရဲ့ အားပေးမှုတွေက ကျွန်တော့် အတွက် ကမ္ဘာကြီးပါပဲ။ ကျွန်တော်က အင်္ဂလန် ပရိသတ် တစ်ယောက် ဖြစ်ပြီး အမြဲတမ်းလည်း ဖြစ်နေမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

သတင်းတွေအရ ဆိုရင် အင်္ဂလန် နည်းပြ ရာထူး အတွက် ဖရန့်ခ် လမ်းပတ်၊ ဂရေဟမ် ပေါ်တာ၊ မော်ရူစီယို ပိုချက်တီနိုနဲ့ အက်ဒီဟောင်းဝ်၊ သောမက်စ် တူချယ်တို့ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်