နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆောက်ဂိတ်ကို နည်းပြ အဖြစ် ဆက်လက် ခန့်ထားလိုတဲ့ အင်္ဂလန် | ယူရို ၂၀၂၄

Telegraph ရဲ့ ဖော်ပြချက်အရ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ အင်္ဂလန် အနေနဲ့ ဘယ်လို ရလဒ်မျိုးပဲ ရရှိပါစေ နည်းပြ ဆောက်ဂိတ်ကို အင်္ဂလန် အက်ဖ်အေက ဆက်လက် ခန့်ထားသွားချင်နေတယ်လို့ သိရပါတယ်။

ဆောင်ဂိတ်ရဲ့ အင်္ဂလန် အသင်းဟာ ယူရို ၂၀၂၄ မှာ လက်ရှိ အချိန်ထိ အံ့အားသင့်စရာကောင်းတဲ့ ခြေစွမ်းမျိုး မပြသနိုင်သေးပေမယ့် ဗိုလ်လုပွဲ အဆင့်ထိတော့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ဖြတ်သန်းရာ လမ်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင် အုပ်စု အဖွင့်ပွဲမှာ ဆားဘီးယားကို အနိုင်ရခဲ့ပေမယ့် နောက်ပွဲတွေမှာတော့ ဒိန်းမတ်၊ ဆလိုဗေးနီးယားတို့ကို သရေကျခဲ့ပါတယ်။ ရှုံးထွက် အဆင့်မှာလည်း ဆလိုဗက်ကီးယားကို အသည်းအသန် ကစားပြီး အချိန်ပိုမှ အနိုင်ရခဲ့သလို ဆွစ်ဇာလန် ကိုလည်း ပင်နယ်တီနဲ့ ကျော်ဖြတ်ခဲ့ရပါတယ်။ အဲ့နောက် ဆီမီးဖိုင်နယ်မှာလည်း နယ်သာလန်ရဲ့ ဦးဆောင်ခြင်း ခံခဲ့ရပြီး ကိန်းရဲ့ ပင်နယ်တီ ချေပဂိုး၊ အိုလီ ဝက်ကင်န်ရဲ့ နောက်ကျဂိုးတွေကြောင့်သာ အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထူးခြားချက်က အင်္ဂလန်ဟာ ပြီးခဲ့တဲ့ ၅ ပွဲဆက် မိနစ် ၉၀ ကျော်မှသာ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဆောက်ဂိတ်ရဲ့ အသင်း အတွက် ကောင်းမွန်တဲ့ အခြေအနေ မဟုတ်ပေမယ့် တစ်ဖက်က ပြန်ကြည့်ရင်တော့ အင်္ဂလန်ဟာ ပွဲမပြီးသေးသ၍ အရှုံးမပေးတတ်ဘူး ဆိုတဲ့ အခြေအနေကောင်းနဲ့ မြင်တွေ့လာရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်ဟာ ချန်ပီယံ ခြေစွမ်းမျိုး မပြနိုင်သေးပေမယ့် ကံတရားရဲ့ မျက်နှာသာပေးမှု၊ ပွဲ အဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား ပိုင်ဆိုင်မှုတွေကြောင့် အဆင်ပြေနေဆဲ ဖြစ်တယ်လို့ပဲ ဆိုရမှာပါ။

အင်္ဂလန်က နည်းပြ ဆောက်ဂိတ် လက်ထက်မှာ ယူရို ပြိုင်ပွဲ (၂)ခု ဆက်တိုက် ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆောက်ဂိတ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာတော့ အီတလီကို ဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ဒုတိယနဲ့ပဲ ကျေနပ်ထားရတာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေ အရ ဆိုရင် အင်္ဂလန် နည်းပြ ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြီးတာနဲ့ အင်္ဂလန် နည်းပြ ရာထူး ကနေ နှုတ်တ်ထွက်တော့မယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆောက်ဂိတ်ဟာ ယူရို အပြီးမှာ မနှုတ်ထွက်ခဲ့ရင်တောင် လာမယ့် ဒီဇင်ဘာလမှာ အင်္ဂလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ယူရို ၂၀၂၄ မတိုင်ခင်မှာ ဆောက်ဂိတ်ဟာ ယူနိုက်တက် နည်းပြ ရာထူး အတွက် ရေပန်းစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်က တန်ဟက်ဂ်ကိုသာ စာချုပ်သစ် ချုပ်ဆိုခဲ့တာကြောင့် ဆောက်ဂိတ် အနေနဲ့ သူ့ရဲ့ အနာဂတ် အတွက် စဉ်းစားစရာ ဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေမှာ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဘက်က ယူရို ၂၀၂၄ အပြီးမှာ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ပြင်နေတဲ့ ဆောက်ဂိတ်ကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်ပြီး ဆောက်ဂိတ် ဘက်ကလည်း အင်္ဂလန် ကိုသာ ဆက်လက် ကိုင်တွယ်သွားဖွယ် ရှိနေပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်