နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ကို အပြီးသတ် ပြောင်းဖို့ သဘောတူညီမှု မရသေးဘူး ဆိုတဲ့ ရာယာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု ရရှိခဲ့တဲ့ ဒါးဗစ် ရာယာ ကတော့ အာဆင်နယ် အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ဖို့ အတွက် သဘောတူညီမှု မရသေးကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ရာယာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘရန့်ဖို့ဒ် ကနေ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် အသင်းထံ အပြီးသတ် ခေါ်ယူခွင့်ပါဝင်တဲ့ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ မီခဲလ် အာတေးတား အနေနဲ့ အသင်းမှာ နံပါတ် ၁ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ် ရှိနေပေမယ့် ရာယာကို ခေါ်ယူခဲ့တာ ဖြစ်ပြီး အဲ့ဒီ အချိန်တုန်းက ဝေဖန်မှုတွေ များစွာခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာရွန် ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်း မတည်ငြိမ်မှုတွေကြောင့် စပိန် ဂိုးသမားဟာ နေရာရလာခဲ့ပြီး အာဆင်နယ် အတွက် တစ်ရာသီလုံး ၄၁ ပွဲ အထိ ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။ ရာယာ အနေနဲ့ ပြိုင်ပွဲစုံမှာတော့ ပွဲ ၂၀ အထိ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာ ၃၂ ပွဲ ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီးတော့ ပေးဂိုး မရှိ Clean Sheet ၁၆ ပွဲ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ရွှေလက်အိတ်ဆုလည်း ရရှိခဲ့သူပါ။ ဒါ့အပြင် ရာယာဟာ သူပွဲထွက်ခွင့်ရချိန်မှာ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ပေးဂိုး ၂၄ ဂိုးသာ ရှိခဲ့တဲ့ အထိ လက်စွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရာယာဟာ ပြီးခဲ့တဲ့ နွေရာသီက အာဆင်နယ် အသင်းထံ တစ်ရာသီ အငှားနဲ့ အရင်ဆုံး ပြောင်းရွှေ့လာခဲ့ပြီး ပေါင် ၂၇ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်လည်း ပါရှိခဲ့တာ ဖြစ်ပါတယ်။ ရာယာရဲ့ လက်စွမ်းကြောင့် အာဆင်နယ် အနေနဲ့ သေချာပေါက် ခေါ်ယူဖို့ ရှိနေပေမယ့် ကစားသမား ဘက်ကတော့ အခုလိုပဲ ဘာသဘောတူညီချက်မှ မရသေးကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ရာယာက “ကျွန်တော့် အနေနဲ့ အနာဂတ်ကို သိပ်ပြီး မတွေးချင်ပါဘူး။ နောက်ပြီးတော့ အပြောင်းအရွှေ့ ကိစ္စတွေက ကျွန်တော် တစ်ဦးတည်း အပေါ် မူတည်နေတာ မဟုတ်ပါဘူး။ ကလပ်နဲ့ မီခဲလ် တို့ အပေါ်မှာလည်း မူတည်ပါသေးတယ်။ ကျွန်တော့် အနေနဲ့ အသင်း အတွက် လုံလောက်တဲ့ စွမ်းဆောင်မှုကောင်းတွေ ပေးနိုင်မယ်ဆိုရင် သူတို့ စာချုပ်သစ် တစ်ခု ကမ်းလှမ်းလာမယ်လို့ မျှော်လင့်ပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အပြောင်းအရွှေ့တွေ၊ စာချုပ်သစ် ချုပ်ဆိုမှုတွေနဲ့ ပတ်သတ်လာရင် ကြေညာတာ နောက်ကျတတ်တဲ့ အသင်း တစ်သင်း ဖြစ်တာကြောင့် ရာယာရဲ့ ဖြေကြားမှုကို တထစ်ချ တွေးထားလို့ မရသေးပါဘူး။ သတင်းတွေ အရ ဆိုရင် အသင်းနဲ့ နည်းပြ ကိုယ်တိုင်က ရာယာရဲ့ လက်စွမ်းကို ယုံကြည်မှု အပြည့်အဝ ရှိနေတာကြောင့် အပြီးသတ် ခေါ်ယူသွားဖို့ ရှိနေပြီး ရမ်းစ်ဒေးလ် ကိုတောင် ရောင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရာယာကို တွန်းအားပေးနိုင်မယ့် နောက်ထပ် ဂိုးသမား တစ်ဦးလည်း ခေါ်ယူဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပြီး အဲဗာတန် ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ဂျူဗင်တပ်စ် အသင်းက အာဆင်နယ် ဂိုးသမားဟောင်း ဆက်ဇီနီ တို့ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်