နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှတ်ပေးချန်ပီယံဆု အတွက် အမှားမခံစတမ်း ကစားရဦးမယ့် အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် ဘုန်းမောက်

အခုတစ်ပတ် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ရဲ့ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီးတော့ အာဆင်နယ်က ဘုန်းမောက်ကို အမ်းမရိတ်စ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အမှားမခံစတမ်း ကစားနေတဲ့ အာဆင်နယ်တို့ ခြေစွာနေတဲ့ ဘုန်းမောက်ကို အသာရနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၃ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ခြင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲမှာ လန်ဒန်ဒါဘီ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အကောင်းဆုံး ပုံစံ တစ်ခုနဲ့ လိုအပ်နေတဲ့ နိုင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ အာဆင်နယ် အတွက် ဘုန်းမောက်က ဒုက္ခပေးနိုင်တဲ့ အသင်း တစ်သင်း ဖြစ်လာဦးမှာပါ။ အာဆင်နယ်ဟာ မန်စီးတီး ခြေချော်တာကို စောင့်ဖို့ လိုအပ်သလို သူတို့ ကိုယ်တိုင်လည်း လက်ကျန် ၃ ပွဲမှာ နိုင်ပွဲ ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲမှာ ဝုဗ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့သလို ဘရိုက်တန်ကိုလည်း အိမ်ကွင်းမှာ ၃-၀ နဲ့ ချေမှုန်းထားခဲ့ပါတယ်။
ရာသီကုန်ခါနီးမှာ ခြေစွာနေတဲ့ ဘုန်းမောက်

အိုင်ရာအိုလာရဲ့ ဘုန်းမောက် ကတော့ ရာသီကုန်ခါနီးမှာ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ ပြိုင်ဘက်တွေကို အလဲထိုးပြနေတဲ့ အသင်းပါ။ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲမှာ ဝုဗ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့သလို ဘရိုက်တန်ကိုလည်း အိမ်ကွင်းမှာ ၃-၀ နဲ့ ချေမှုန်းထားခဲ့ပါတယ်။ ဒါကြောင့် ဘုန်းမောက်က အဆင့် ၁၀ နေရာအထိ ရောက်လာခဲ့ပြီး အဆင့် ၆ နေရာက ယူနိုက်တက်နဲ့တောင် ၆ မှတ်ပဲ ကွာဟတော့တာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကို မီခဲလ် အာတေးတားရဲ့ အသင်းက ကြံခိုင်မှု မပြည့်ဝသေးတဲ့ တင်ဘာ တစ်ဦးတည်း လွဲချော်မှာ ဖြစ်ပါတယ်။ ဘုန်းမောက် မှာတော့ ဆီမီညို၊ မီဖမ်း၊ ဇဘာညီ၊ ဆင်နီစတာရာ၊ တာဗာနီယာ၊ ဖိုင်ဘရီ၊ ဖရက်ဒရစ်ခ်၊ အဒမ်စ် တို့ အပြင် ကာကက်ဇ် ကလည်း ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

အာဆင်နယ် – ရာယာ၊ ဆလီဘာ၊ ဝှိုက်၊ ဂါဘရီရယ်၊ တိုမီယာဆု၊ အိုဒီဂတ်၊ ပါတေး၊ ရိုက်စ်၊ ဆာကာ၊ ထရော့ဆက်ဒ်၊ ဟာဗက်ဇ်

ဘုန်းမောက် နီတို၊ စမစ်၊ ဇဘာညီ၊ ဆီနက်ဆီ၊ ကယ်လီ၊ အော့တာရာ၊ ကွတ်ခ်၊ စကော့တ်၊ ကလွိုင်ဗက်၊ ဆိုလန်ကီ၊ အူနဲလ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၄ ကြိမ် တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၁၁ ကြိမ်နိုင်၊ ၂ ကြိမ်သရေ၊ ဘုန်းမောက်က ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်ဟာ ဘုန်းမောက်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၈ ကြိမ်စလုံး မရှုံးခဲ့ပဲ ၇ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့မှာလည်း အာဆင်နယ်က ဘုန်းမောက် အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၁၉ ဆ၊ ဘုန်းမောက် နိုင်ရင် ၉.၄၀ ဆနဲ့ သရေ ဆိုရင်တော့ ၆ ဆခွဲ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ်က ၂ လုံး သရေ၊ ၂ လုံး တစ်ဝက်ရှုံးနဲ့ နှစ်လုံး တစ်ဝက်စား ကြေးတွေ အထိ ဖွင့်ထားပြီး ဂိုးပေါင်း ကလည်း အနိမ့်ဆုံး နှစ်သင်းပေါင်း ၄ လုံး သွင်းမှ ရမှာပါ။ အာဆင်နယ်ရဲ့ လက်ရှိ ခြေစွမ်းအရ ခြေစွာနေတဲ့ ဘုန်းမောက်ကိုတောင် ဒီလို ကြေးမျိုး ဖွင့်ပေးထားတာ နည်းနည်းတော့ ပြင်းရှပါတယ်။ အမှားမခံစတမ်း ကစားမယ့် အာဆင်နယ် အနိုင်သေချာပါတယ်။ ဂိုးလည်း ပြတ်သွားဦးမှာပါ။

ခန့်မှန်းရလဒ်

အာဆင်နယ် ၃-၁ ဘုန်းမောက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်