နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘေယန်မြူးနစ် ပစ်မှတ်ထားနေတဲ့ ဂိုးသမားတွေထဲမှာ ဒဟဲယားလည်း ပါဝင်လာ (ဘွန်ဒက်စ်လီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၉ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘေယန်မြူးနစ် ပစ်မှတ်ထားနေတဲ့ ဂိုးသမားတွေထဲမှာ ဒဟဲယားလည်း ပါဝင်လာ

မန်ချက်စတာယူနိုက်တက်နဲ့ လက်ရှိနွေရာသီမှာ လမ်းခွဲထားတဲ့ ဂိုးသမား ဒါးဗစ် ဒဟဲယားကို ခေါ်ယူဖို့ အတွက် ဘေယန်မြူးနစ်က စိတ်ဝင်စားလာခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။

အဆိုပါ စပိန် လက်ရွေးစင် ဂိုးသမားဟာ ဒီလအစောပိုင်းမှာ ယူနိုက်တက်နဲ့ လမ်းခွဲကြောင်း တရားဝင် ကြေညာခဲ့ပြီး လက်ရှိအချိန် အထိ သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေက ငြိမ်သက်နေခဲ့တာပါ။ လက်ရှိမှာ ဂိုးသမားသစ် ရှာဖွေနေတဲ့ ဘွန်ဒက်စ်လီဂါ ကလပ်က ဒဟဲယားကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ကတော့ ဒဟဲယား အပြင် ဘရန့်ဖို့ဒ် ဂိုးသမား ဒါးဗစ် ရာယာ နဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့်လည်း ဒဟဲယား ကတော့ ဘေယန်မြူးနစ် နည်းပြ သောမတ်စ် တူချယ် သဘောကျတဲ့ မော်ဒန် ဂိုးသမားမျိုး မဟုတ်ဘဲ ဒီအချက်ကြောင့် ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ရတာ ဖြစ်ပါတယ်။


ကိန်း အတွက် လန်ဒန်ကို သွားမယ့် ဘေယန် အကြီးအကဲတွေရဲ့ လေယာဉ် ခရီးစဉ် ဖျက်သိမ်းခဲ့ရ

တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အတွက် လန်ဒန်ကို သွားရောက်မယ့် ဘေယန်မြူးနစ် အကြီးအကဲ နှစ်ယောက်ရဲ့ လေယာဉ် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ဥက္ကဌနဲ့ နည်းစနစ် ဒါရိုက်တာ တို့ဟာ လန်ဒန်မြို့မှာ ဟယ်ရီကိန်း အတွက် စပါး ဥက္ကဌ ဒန်နီရယ် လီဗိုင်းနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားတယ် လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။
စပါး ကနေ ထွက်ခွာဖို့ သတင်းတွေ ကြီးနေတဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ဥက္ကဌနဲ့ နည်းစနစ် ဒါရိုက်တာ တို့ဟာ လန်ဒန်မြို့မှာ ဟယ်ရီကိန်း အတွက် စပါး ဥက္ကဌ ဒန်နီရယ် လီဗိုင်းနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားတယ် လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ကြာသပတေးနေ့ မနက် အစောပိုင်းမှာ ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်က ဖျက်သိမ်းခဲ့တာကြောင့် အဆိုပါ ပုဂ္ဂိုလ် နှစ်ယောက်က လန်ဒန်မြို့ကို ရောက်ရှိလာခဲ့ခြင်း မရှိပါဘူး။

ဒီခရီးစဉ်ကို ဖျက်သိမ်းခဲ့တာက လေကြောင်းလိုင်း ဘက်က ဖြစ်ပြီး အခုလိုမျိုး လေယာဉ် ခရီးစဉ် ဖျက်သိမ်းခဲ့ရတဲ့ အကြောင်းရင်း ကိုလည်း မသိရပါဘူး။ စပါးဥက္ကဌ လီဗိုင်း ကတော့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀) အနည်းဆုံး တောင်းဆိုထားပြီး အဆိုပါ ပမာဏထက် နည်းပါးတဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာ မဟုတ်ဘူးလို့ သတင်းတွေက ဆိုပါတယ်။


ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကို ခေါ်ယူချင်နေတဲ့ လေဗာကူဆင်

လေဗာကူဆင် နည်းပြ ဇာဘီ အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ ဆာဂျီယို အာရီဘက်စ်ကို ခေါ်ယူဖို့ အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အာရီဘက်စ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး သူ့ကို ခေါ်ယူဖို့ အတွက် စပိန်နဲ့ ဂျာမနီက ကလပ်တွေက စိတ်ဝင်စားလျက် ရှိပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ အသက် (၂၁) နှစ် အရွယ် ဒီကစားသမားလေးကို ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်က စိတ်ဝင်စားနေပြီး ရီးရဲလ်မက်ဒရစ် ကတော့ ပြောင်းရွှေ့ကြေး ယူရို (၁၀) သန်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကစားသမားကို ရောင်းချငွေရဲ့ (၅၀) ရာခိုင်နှုန်း ကိုလည်း တောင်းဆိုထားပြီး လေဗာကူဆင်နဲ့ ရီးရဲလ်မက်ဒရစ်တို့ အကြား ဆွေးနွေးမှုတွေက သဘောတူညီမှု ရရှိဖို့ လိုအပ်နေသေးကြောင်း သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်