ဒီဇင်ဘာ ၁၂ ရက်နေ့ ညခင်း အထိ ရရှိထားသမျှ ကမ္ဘာ့ဖလားနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
GOAT ကို စာလုံးပေါင်း မှားရေးခဲ့တဲ့ ဂျက်ဆီ လင်ဂတ်
နော်တင်ဟမ်ဖောရက်စ် ကစားသမား ဂျက်ဆီ လင်ဂတ် ကတော့ ပရိသတ်တွေကို ပွဲကျအောင် လုပ်လိုက်ပြန်ပါပြီ။ ကမ္ဘာ့ဖလား ကနေ ထွက်ခဲ့ရပြီးနောက် ရော်နယ်ဒိုက ပထမဆုံး အကြိမ် အဖြစ် ထုတ်ဖော် ပြောဆိုမှုတွေကို သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
အဆိုပါ ပို့စ်အောက်မှာ လင်ဂတ်က ဝင်ရောက်ပြီး ကွန်မန့်ပေးခဲ့ရာမှာ GOAT လို့ ရေးရမယ့် အစား GAOT လို့ မှားရေးခဲ့တာ ဖြစ်ပါတယ်။ လင်ဂတ်ရဲ့ စာလုံးပေါင်း မှားယွင်းမှုက ပရိသတ်တွေ အတွက် ရယ်မောစရာ ဖြစ်ခဲ့ပြီး အင်္ဂလန်သား ကတော့ တလွဲတချော် လုပ်ပြန်ပြီလို့ စနောက်နေကြပါတယ်။ လင်ဂတ်ဟာ အဆိုပါ စာသားနဲ့ အတူ ဆိတ်ပုံ အီမိုဂျီကိုလည်း ထည့်သွင်းခဲ့တာ ဖြစ်ပြီး သူ့ရဲ့အမှားအယွင်း ကတော့ တော်တော်လေး ဆိုးရွားနေခဲ့ကာ ရော်နယ်ဒို အတွက် ရယ်ရခက်ငိုရခက် ဖြစ်စေခဲ့မယ်လို့ ထင်ရပါတယ်။
လင်ဂတ်နဲ့ အတူ ဘာပေး၊ ပီလီ၊ Kingjames တို့လည်း ရော်နယ်ဒို အတွက် အားပေးစကားတွေ ဝင်ရောက်ပြောဆိုခဲ့တာကို မြင်တွေ့ရပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီကို သူ ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်ဘူးလို့ ရေးသား ပြောဆိုခဲ့ပြီး သူ အစွမ်းကုန်ကြိုးစားခဲ့တဲ့ အကြောင်းကို စီကာပတ်ကုံး ရေးသားပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားမှာ အင်္ဂလန်က အကောင်းဆုံးပဲလို့ ပြောလိုက်တဲ့ ကာရေဂါ
ကွာတားဖိုင်နယ်မှာ ပြင်သစ်ကို အရေးနိမ့်ပြီး အင်္ဂလန်တို့ ပြိုင်ပွဲကထွက်ခဲ့ရပေမယ့်လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန်က အကောင်းဆုံး အသင်းဖြစ်တယ်လို့ လစ်ဗာပူးလ် ကစားသမားဟောင်းနဲ့ ဝေဖန်သုံးသပ်သူ ဂျင်မီ ကာရေဂါက ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်ဟာ ပြင်သစ်ကို ၂-၁ နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတာ ဖြစ်ပြီး ခြေစွမ်းပိုင်းအရလည်း အနည်းငယ် အားနည်းခဲ့တာပါ။
ဒါပေမယ့် ကာရေဂါ ကတော့ “ အင်္ဂလန်က ဒီပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် သူတို့ ကစားပုံက ဘယ်အသင်းထက်မဆို ပိုကောင်းခဲ့ပါတယ်၊ နောက်ဆုံးအဆင့် အထိ တက်ရောက်သွားသင့်တဲ့ စစ်မှန်တဲ့ ပြိုင်ဘက် အသင်း တသင်း ဖြစ်ခဲ့ပါတယ်၊ တကယ်လို့ ပြင်သစ် ကိုသာ အရေးမနိမ့်ခဲ့ဘူး ဆိုရင်အင်္ဂလန်က ချန်ပီယံတောင်မှ ဖြစ်နိုင်ပါတယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်ဟာ စုစုပေါင်း ၅ ပွဲ ကစားခဲ့ရာမှာ ၃ ပွဲ အထိ ပေးဂိုး မရှိခဲ့ဘဲ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နဲ့ပွဲ မှာလည်း ပုံမှန် ပွဲကစားချိန်အတွင်း သရေကျအောင် ကစားနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် ပင်နယ်တီ လွဲချော်ခဲ့လို့ အရေးနိမ့်ခဲ့တာပါ။ ဒါပေမယ့် အင်္ဂလန်က ချန်ပီယံ ဖြစ်နိုင်တဲ့ ခြေစွမ်းမျိုး မရှိဘူးလို့ ပရိသတ် တော်တော်များများက ယုံကြည်နေခဲ့ပြီး ကာရေဂါရဲ့ အမြင်နဲ့တော့ ဆန့်ကျင်နေခဲ့ပါတယ်။
ပန်းတိုင်ကို ရောက်ခါနီးနေပြီလို့ ပြင်သစ်ကို ဘန်ဇီမာ အားပေး
ကာရင်မ် ဘန်ဇီမာဟာ ပြင်သစ် အသင်း ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပြီးနောက် လက်ရွေးစင် အသင်းဖော်တွေကို ဆိုရှယ်မီဒီယာ ကနေ တဆင့် အားပေးစကား ပြောသွားခဲ့ပါတယ်။ ပြင်သစ် အသင်းဟာ အင်္ဂလန် အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။ ဆီမီးဖိုင်နယ် မှာတော့ ပေါ်တူဂီကို ကျော်ဖြတ်နိုင်ခဲ့တဲ့ မော်ရိုကိုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဘန်ဇီမာက “ လုပ်ထားစမ်း ငါ့ကောင်တို့၊ ငါတို့ လိုချင်တာကို ရဖို့အတွက် နောက်ထပ် ၂ ပွဲလောက်ပဲ ရှိတော့တယ်။ မင်းတို့ နောက်မှာ ငါရှိတယ်၊ ဗားမို့စ်” ဆိုပြီး အသင်းဖော်တွေကို အားပေးခဲ့တာ ဖြစ်ပါတယ်။ ဘန်ဇီမာဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြင်သစ် အသင်း လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် ပြိုင်ပွဲကို လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ် အသင်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့ အတွက် အခြေအနေ ကောင်းနေပြီး လက်ကျန် ၂ ပွဲစလုံးကို အနိုင်ရပြီ ဆိုတာနဲ့ ချန်ပီယံဆုကို ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.