နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ္ဘာ့ဖလား – နောက်ဆုံးရ သတင်းများ (၁၂/၁၂/၂၀၂၂)

ဒီဇင်ဘာ ၁၂ ရက်နေ့ မနက်ခင်း အထိ ရရှိထားသမျှ ကမ္ဘာ့ဖလားနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ရောက် အသင်းတွေထဲမှာ ဘေယန် ကစားသမား အများဆုံး ပါဝင်နေ

လက်ရှိ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေတဲ့ အသင်းတွေထဲမှာ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အသင်းက ကစားသမား (၆) ယောက် အထိ ပါဝင်နေကြောင်း သိရပါတယ်။

ဒါဟာ ကလပ်အသင်း တစ်သင်း အတွက် အများဆုံး ပမာဏ ဖြစ်ပြီး ဆီမီးဖိုင်နယ်ရောက် အသင်းလေးသင်း အနက် မော်ရိုကို၊ ပြင်သစ်၊ ခရိုအေးရှား အသင်း သုံးသင်းမှာ ဘေယန်မြူးနစ် ကစားသမားတွေ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

ကင်စလေ ကိုးမန်း၊ ပါဗက်၊ ယူပါမီကာနို၊ လူးကပ်စ် ဟာနန်ဒက်ဇ် တို့က ပြင်သစ်၊ စတန်နစ်ဆစ်က ခရိုအေးရှားနဲ့ မာဇာရူအီက မော်ရိုကို ကစားသမားတွေ အဖြစ် ပါဝင်နေကြတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ ဖလား
ပြင်သစ်
မော်ရိုကို
1X2 ပြင်သစ် @ 3.75
ဂိုးပေါ် 2.00 @ 1.70
ဂိုးပေါင်း 2-3 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အင်္ဂလန်နဲ့ပွဲ မတိုင်ခင်မှာ ဝေါ်လ်ကာရဲ့ လျစ်လျူရှုတာ ခံလိုက်ရတဲ့ အမ်ဘာပေ

ပြင်သစ် လက်ရွေးစင် ကြယ်ပွင့် ကီလီယန် အမ်ဘာပေးဟာ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဥ် မတိုင်ခင်မှာ ပြိုင်ဘက် ကစားသမား ကိုင်လ် ဝေါ်လ်ကာကို လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဝေါ်လ်ကာက လျစ်လျူရှုသွားခဲ့ကြောင်း သိရပါတယ်။ ဒီပွဲမှာ ပြင်သစ်က နှစ်ဂိုး တစ်ဂိုးနဲ့ အင်္ဂလန်ကို အနိုင်ရရှိကာ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပြင်သစ် လက်ရွေးစင် ကြယ်ပွင့် ကီလီယန် အမ်ဘာပေးဟာ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဥ် မတိုင်ခင်မှာ ပြိုင်ဘက် ကစားသမား ကိုင်လ် ဝေါ်လ်ကာကို လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဝေါ်လ်ကာက လျစ်လျူရှုသွားခဲ့ကြောင်း သိရပါတယ်။
အမ်ဘာပေးရဲ့ လက်ဆွဲနှုတ်ဆက်တာကို မသိကျိုးကျွံပြုခဲ့တဲ့ ကိုင်လ် ဝေါလ်ကာ

အဆိုပါ ပွဲမတိုင်ခင်တည်းက ပြင်သစ်က အမ်ဘာပေးကို အင်္ဂလန် နောက်ခံလူတွေ ထိန်းချုပ်နိုင်ခြင်းရှိ၊ မရှိကို ပရိသတ်တွေ အကြား အငြင်းပွားခဲ့ပြီး အမ်ဘာပေးကတော့ ဒါတွေကို ဂရုမစိုက်တဲ့ အနေနဲ့ ဝေါ်လ်ကာကို လက်ဆွဲ နှုတ်ဆက်ဖို့ ကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့် ဝေါ်လ်ကာ ကတော့ မသိကျိုးကျွံပြုခဲ့ပါတယ်။ အမ်ဘာပေးနဲ့ ဝေါ်လ်ကာ တို့ဟာ အဆိုပွဲရဲ့ ဒုတိယပိုင်း မှာလည်း ထိပ်တိုက် ရင်ဆိုင်ခဲ့ကြပြီး အမ်ဘာပေးက ဝေါ်လ်ကာကို အကောင်းဆုံး ကျော်ဖြတ်ပြသွားနိုင်ခဲ့ပါတယ်။


ပြင်သစ်ရဲ့ ဆီမီးဖိုင်နယ်ပွဲကို သမ္မတကိုယ်တိုင် လာရောက်အားပေးမယ်လို့ ကြေညာ

ပြင်သစ် လက်ရွေးစင် အသင်းရဲ့ မော်ရိုကိုနဲ့ ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲကို ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန် ကိုယ်တိုင် လာရောက်အားပေးမှာ ဖြစ်ကြောင်း ပြင်သစ် အားကစားဝန်ကြီးဌာနက အတည်ပြု ကြေညာခဲ့ပါတယ်။

ပြင်သစ်ဟာ ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အသင်း တစ်သင်း ဖြစ်ပြီး မော်ရိုကိုနဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမှာပါ။ ပြင်သစ် အားကစားဝန်ကြီး ကက်စ်တာရာက ခရီးစဥ်နဲ့ ပတ်သက်လို့ အသေးစိတ်ကို မသိရှိရသေးကြောင်း၊ ဒါပေမယ့် မက်ခရွန်က မော်ရိုကိုနဲ့ ပွဲကို လာရောက် အားပေးဖို့ ကတိပေးထားကြောင်း ကြေညာခဲ့ပါတယ်။

ပြင်သစ်ဟာ ဆီမီးဖိုင်နယ်မှာ မော်ရိုကို,ကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင် တစ်ဖက်က အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ နှစ်သင်း အနက် အနိုင်ရရှိလာတဲ့ အသင်းနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်