နယ်သာလန် – အာဂျင်တီးနား
မနက်ဖြန် ည ၁ နာရီခွဲမှာလည်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားရဲ့ နောက်ထပ် ကွာတားဖိုင်နယ် ပွဲစဉ် တစ်ပွဲ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး နယ်သာလန်နဲ့ အာဂျင်တီးနားတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဒီပွဲအကြောင်း ဆက်လက် သုံးသပ်ပေးရမယ် ဆိုရင်တော့
နယ်သာလန် ကတော့ အခုချိန် အထိ ရှုံးပွဲ မရှိသေးပါဘူး။ နည်းပြ လူးဝစ် ဗန်ဟားလ်ရဲ့ အသင်းက ဟုန်းဟုန်းတောက် ခြေစွမ်းမျိုးနဲ့ ကစားနေတာ မဟုတ်သလို တစ်ခါတစ်ရံမှာ တော်တော်လေး ပျင်းရိစရာကောင်းပေမယ့် ရလဒ်ကောင်းတွေတော့ ရှာဖွေနိုင်ဆဲပါ။ ကစားသမား အင်အားလည်း တောင့်တင်းနေတယ်လို့ ပြောလို့ ရသလို ဂက်ခ်ပို ကလည်း ခြေစွမ်းပြနေလို့ နယ်သာလန်တို့ ဒီနှစ် ကမ္ဘာ့ဖလားမှာ မထင်မှတ်တာတွေ လုပ်ပြသွားနိုင်မလားလို့တောင် တွေးနေရပါတယ်။
အာဂျင်တီးနား ကတော့ ဆော်ဒီကို ရှုံးပြီးနောက် ကမ္ဘာ့ဖလား အဖွင့်မလှခဲ့ပေမယ့် နောက်ပွဲတွေမှာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းပြီး သူတို့ ဘာလဲ ဆိုတာ ပြသထားပါတယ်။ ၁၆ သင်း အဆင့် အာရှအသင်း အော်ဇီကို ၂-၁ ရလဒ်နဲ့ ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို တက်ခဲ့ပေမယ့် ခြေစွမ်းပိုင်းကိုတော့ သိပ်ပြီး သဘောမကျလှပါဘူး။ တိုက်စစ်မှာ မက်ဆီ ပါနေလို့သာ အာဂျင်တီးနားတို့ သွင်းဂိုးတွေ ပုံမှန်ရနေတယ်လို့ မြင်မိပြီး မယုံကြည်ရတဲ့ ကစားသမား တချို့ကြောင့် အခန့်မသင့်ရင့် ဂိုးပေါက် ပျောက်နိုင်ချေ အပြည့်ရှိနေပါတယ်။ နှစ်သင်းစလုံး ဒဏ်ရာပြသနာ ကင်းစင်နေလို့ အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာနိုင်ဖို့တော့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
နယ်သာလန် – နော့ပါ့တ်၊ ဒမ်ဖရိုင်းစ်၊ ဒီလစ်၊ ဗန်ဒိုက်၊ အကီ၊ ဘလင်း၊ ဘာဂူးစ်၊ ဒီဂျောင်၊ ဂက်ခ်ပို၊ ဘာဝိန်း၊ ဂျန်ဆန်
အာဂျင်တီးနား – အီမီလီယာနို မာတီနက်ဇ်၊ ဖွိုက်၊ အော်တာမန်ဒီ၊ လီဆန်ဒရို မာတီနက်ဇ်၊ အကူနာ၊ မက်အယ်လစ္စတာ၊ ဒီပေါလ်၊ ပါရီဒက်စ်၊ ဒီမာရီယာ၊ မက်ဆီ၊ အယ်လ်ဗာရက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နယ်သာလန်က နောက်ဆုံး ၅ ပွဲ ရှုံးပွဲ မရှိထားဘဲ ပွဲအားလုံးမှာ ဂိုးရထားပါတယ်။ အာဂျင်တီးနား ကလည်း ဆော်ဒီ ကိုပဲ ရှုံးပြီး ကျန် ၄ ပွဲကို အနိုင်ရထားသလို ပွဲတိုင်း ဂိုးသွင်းထားပြီး ဂိုးပေါ်တဲ့ ပွဲက ၃ ပွဲ အထိ ရှိခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ ကမ္ဘာ့ဖလား နောက်ဆုံး နှစ်ကြိမ် တွေ့ဆုံမှုမှာတော့ ဂိုးမရှိ သရေတွေချည်း ထွက်ပေါ်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
1X2 မှာ နယ်သာလန် နိုင်ရင် ၃.၂၅ ဆ၊ အာဂျင်တီးနား နိုင်ရင် ၂.၂၅ ဆ ရမှာပါ။ Handicap မှာတော့ ဒဲ့ကြေး ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး သရေပါ။ ဖြတ်သန်းလာခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်ရင် နှစ်သင်းစလုံး ပွဲတိုင်း ဂိုးရခဲ့ပါတယ်။ ဒါပေမယ့် သူတို့ချင်း တွေ့ရင်တော့ ထုံးစံ အတိုင်း ထိန်းကစားဖို့ များနေပြီး ဂိုးတွေ မြင်ရဖို့က မလွယ်လောက်ဘူးလို့ ခံစားနေရပါတယ်။ တည်ငြိမ်မှုနဲ့ အသင်းလိုက် ကစားပုံအရ ဆိုရင် နယ်သာလန်က ပိုကောင်းပါတယ်။ မက်ဆီ လှုပ်မရရင် အာဂျင်တီးနားက သိပ်မစွံပါဘူး။ ဒီပွဲမှာတော့ လိမ္မော်ရောင်တွေ ဘက်မှာ အရဲစွန့် ထိုင်ပြီး ဂိုးပေါင်းအောက်နဲ့ တွဲဆော့တာ ပိုကောင်းပါလိမ့်မယ်။
ခန့်မှန်းရလဒ်
နယ်သာလန် ၁-၀ အာဂျင်တီးနား
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.