ဘယ်လ်ဂျီယံ – မော်ရိုကို
အခုတစ်ခါ မှာတော့ ကမ္ဘာ့ဖလား အုပ်စု (F)က ဘယ်လ်ဂျီယံနဲ့ မော်ရိုကို တို့ရဲ့ ပွဲစဉ်ကို သုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံက ကနေဒါကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလား အဖွင့်လှခဲ့ပေမယ့် ခြေစွမ်းပိုင်း ကတော့ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ဘယ်လ်ဂျီယံတို့ ကနေဒါ ပင်နယ်တီ မဝင်ခဲ့လို့ သက်သာရာရခဲ့တာ ဖြစ်ပြီး ခြေစွမ်း ကလည်း အားရစရာ မရှိခဲ့ပါဘူး။ ရွှေရောင်မျိုးဆက် ကစားသမားတွေရဲ့ နေဝင်ချိန်ကို ရောက်ရှိလာခြင်းနဲ့ အတူ ဘယ်လ်ဂျီယံတို့ စွမ်းဆောင်ရည် တော်တော်လေး ကျဆင်းလာတာ တွေ့ရပါတယ်။ ကနေဒါနဲ့ ပွဲမှာ ပြိုင်ဘက်ရဲ့ ပွဲချိန်ပြည့် ဖိအားပေးခြင်း ခံခဲ့ရပြီးတော့ ဂိုးပေါက် ခြိမ်းခြောက်မှုမှာလည်း အပြတ်အသတ် ကွာဟခဲ့တာ တွေ့ရပါတယ်။
မော်ရိုကို ကတော့ ခရိုအေးရှားကို ဂိုးမရှိ သရေကစားခဲ့ပြီး ကမ္ဘာ့ဖလားမှာ သူတို့ရဲ့ ခြေစွမ်း ဘယ်လောက်ရှိသလဲ ဆိုတာ သက်သေပြထားနိုင်ခဲ့ပါတယ်။ မော်ရိုကို ကတော့ တော်တော်လေးကို မာကျောပြီး ခရိုအေးရှား ကိုလည်း တန်ပြန်တိုက်စစ်တွေ ကနေ ကောင်းကောင်း အလုပ်ရှုပ်စေခဲ့ပါတယ်။ ဒီပုံစံကို ထပ်မြင်ရမှာ ဖြစ်ပြီး ဘယ်လ်ဂျီယံတို့ ခက်ခက်ခဲခဲ ထိန်းရမှာပါ။ ဟာကီမီ၊ ဇီယက်ချ်၊ အန်နာဆီရီ တို့လို ကစားသမားကောင်းတွေလည်း ရှိနေတာကြောင့် ဘယ်လ်ဂျီယံလို လေးလံတဲ့ အသင်း တစ်သင်းကို အားနည်းချက်ရှာပြီး ဖိအားပေး ကစားဦးမှာ သေချာပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘယ်လ်ဂျီယံ – ကော့တွာစ်၊ အယ်လ်ဒါဝီရယ်၊ ဗာတွန်ဂန်၊ ဒီဘက်စ်၊ မူနီယာ၊ တိုင်လီမန်းစ်၊ ဝှစ်ဆဲလ်၊ ကက်စတာနီ၊ ဒီဘရိုင်းနား၊ ဘတ်ရှူဝါယီ၊ ဟာဇက်
မော်ရိုကို – ဘွန်နူ၊ ဟာကီမီ၊ အဂူရက်ဒ်၊ ဆိုင်းစ်၊ မာဇရာအူအီ၊ အမ်မာလက်၊ အမ်မရာဘတ်၊ အူနာဟီ၊ ဇီယက်ချ်၊ အန်နာဆီရီ၊ ဘူဖယ်လ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်း နောက်ဆုံး တွေ့ခဲ့တဲ့ ၂၀၀၈ တုန်း ကတော့ မော်ရိုကိုက ၁-၄ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ မော်ရိုကို ရှုံးပွဲ မရှိထားဘဲ ၅ ပွဲစလုံးလည်း ဂိုးမပေးခဲ့ရပါဘူး။ ဘယ်လ်ဂျီယံ ကတော့ အီဂျစ်ကို ရှုံးထားခဲ့ပြီး အခု အာဖရိက အသင်း တသင်းနဲ့ တွေ့ပါပြီ။ ဘယ်လ်ဂျီယံ အတွက် ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာဦးမှာပါ။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
1X2 မှာ ဘယ်လ်ဂျီယံ နိုင်ရင် ၁.၅၃ ဆ၊ မော်ရိုကို နိုင်ရင် ၅.၇၅ ဆ ရမှာပါ။ Handicap မှာ ၁ လုံး သရေပေးထားပြီး ဂိုးပေါင်းက ၂ လုံး အရှုံးပါ။ မော်ရိုကိုလို အသင်းကို ၂ ဂိုးပြတ်နဲ့ ဘယ်လ်ဂျီယံ နိုင်ဖို့က တကယ် မလွယ်ပါဘူး။ သူတို့ တော်တော်ကြီး ခြေတွေ့မှသာ အနိုင်ရမှာ ဖြစ်ပြီး မော်ရိုကိုရဲ့ တန်ပြန် တိုက်စစ်တွေကိုလည်း အရမ်းကို ထိန်းကစားရမှာပါ။ ၁ ဂိုးအကွာနဲ့ ရှုံးရင်တောင် ဆုံးရှုံးမှု နည်းမယ့် မော်ရိုကို,ကိုပဲ ရွေးချယ်ချင်ပါတယ်။
ခန့်မှန်းရလဒ်
ဘယ်လ်ဂျီယံ ၀-၁ မော်ရိုကို
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.