ကာတာ ကမ္ဘာ့ဖလား အုပ်စု (A) မှာတော့ အိမ်ရှင် ကာတာ၊ အီကွေဒေါ၊ ဆီနီဂေါနဲ့ နယ်သာလန်တို့ ကျရောက်နေပါတယ်။ ဒီအုပ်စုထဲက စောင့်ကြည့်ရမယ့် ကစားသမားတွေကို ဖော်ပြပေးရမယ် ဆိုရင်တော့…
အယ်လ်မို့ဇ် အလီ (ကာတာ)
ကာတာရဲ့ နာမည်ကျော် တိုက်စစ်မှူးပါ။ လူငယ်ကစားသမား ဘ၀မှာကတည်းက ခြေစွမ်းပြနေခဲ့သူ ဖြစ်ပြီး ကာတာ ကလပ် အယ်လ် ဒူဟေးလ်မှာ ကစားနေတာပါ။ ကာတာ ယူ-၂၀၊ ယူ-၂၃ တို့မှာ ကစားပြီး လက်ရွေးစင် အသင်းကြီး အတွက် ပွဲပေါင်း ၈၃ ပွဲမှာ ဂိုး ၄၀ အထိ သွင်းပေးထားတဲ့ ဒီတိုက်စစ်မှူးက အသက် ၂၆ နှစ်သာ ရှိပါသေးတယ်။ ဘယ်လ်ဂျီယံ ကလပ် အူပန်မှာ လူငယ် တစ်ဦး အဖြစ် သွားရောက် လေ့ကျင့်ဖူးပြီး ၂၀၁၈ AFC U-23 ပြိုင်ပွဲရဲ့ ဂိုးသွင်း ဘုရင် ဖြစ်ပါတယ်။ ၂၀၁၉ AFC Cup မှာလည်း ဂိုးသွင်းဘုရင်၊ အကောင်းဆုံး ကစားသမားဆုတွေ ရခဲ့ပြီး 2021 Gold Cup မှာလည်း ရွှေဖိနပ်ဆု ရထားတဲ့သူပါ။ လူငယ်အဆင့်မှာ ပရိသတ် တော်တော်များများ သတိထားမိခဲ့သူ ဖြစ်ပြီး အီကွေဒေါကို ၂၀၁၈ ခြေစမ်းပွဲမှာ ၂ ဂိုးသွင်းခဲ့ဖူးသူပါ။ သူကလည်း ကမ္ဘာ့ဖလား အိမ်ရှင် ကာတာ အသင်း အတွက် အားထားရမယ့် ကစားသမား တစ်ဦး ဖြစ်ပါတယ်။
အန်နာ ဗလင်စီယာ (အီကွေဒေါ)
အီကွေဒေါရဲ့ ဝါရင့်ကစားသမား ဖြစ်တဲ့ အန်နာက အသက် ၃၂ နှစ် ရှိပါပြီ။ ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း ကစားသမားဟောင်းက ဖီနာဘာချီမှာ ကစားနေပြီး လက်ရွေးစင်အသင်း အတွက် ၇၄ ပွဲမှာ ၃၅ ဂိုး အထိ သွင်းပေးထားပါတယ်။ နာမည်ကျော် ကစားသမား နည်းပါးတဲ့ အီကွေဒေါ အတွက်တော့ သူက အားထားရမယ့်သူပါ။ ခေါင်းတိုက်ဂိုးတွေ သွင်းယူရာမှာ ထူးချွန်တဲ့ ဗလင်စီယာက အသင်းရဲ့ အဓိက ဂိုးသွင်းစက်လည်း ဖြစ်နေပြီး အီကွေဒေါ တို့ရဲ့ နောက်တဆင့် မျှော်လင့်ချက်တွေ အတွက် သူက တာဝန် အများကြီး ယူပေးထား ရပါတယ်။
ဆာဒီယို မာနေး (ဆီနီဂေါ)
ဆီနီဂေါရဲ့ သက်ရှိထင်ရှား နတ်ဘုရားလို့ ကျော်ကြားခဲ့တဲ့ မာနေးက ခြေစစ်ပွဲ အဆုံးအဖြတ်ပွဲမှာ ဆီနီဂေါကို ကယ်တင်ပေးခဲ့သူပါ။ သူ့ရဲ့ ခြေစွမ်းပြမှုတွေ နဲ့ပဲ ဆီနီဂေါက အာဖရိဖလား ချန်ပီယံ ဖြစ်ခဲ့သလို ကမ္ဘာ့ဖလားကို ဝင်ကစားခွင့်လည်း ရခဲ့တာပါ။ မာနေးက ဘေယန်မြူးနစ်မှာလည်း ခြေစွမ်းပြနေပြီး ကမ္ဘာ့အဆင့် ကစားသမားဖြစ်လို့ သေချာပေါက်ကို စောင့်ကြည့်ရမယ့်သူ ဖြစ်နေပါတယ်။ တခြား နာမည်ကျော် ကစားသမားတွေ ဆီနီဂေါမှာ ရှိပေမယ့် မာနေးရဲ့ ကျော်ကြားမှု ကိုတော့ မယှဉ်နိုင်ပါဘူး။ လစ်ဗာပူးလ် တိုက်စစ်မှူးဟောင်းက ဆီနီဂေါ အတွက် ၉၂ ပွဲမှာ ၃၄ ဂိုး သွင်းပေးထားပြီး အသင်း နိုင်ပွဲ အတွက် အရေးအပါဆုံးသူပါ။ မာနေးရဲ့ ဦးဆောင်မှုနဲ့ ဆီနီဂေါတို့ ကမ္ဘာ့ဖလားမှာ မှတ်တမ်းသစ် ရေးထိုးနိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။ လောလောဆယ် မှာတော့ မာနေး တစ်ယောက် ဒဏ်ရာကြောင့် ဆီနီဂေါ အတွက် ကစားပေးနိုင်ဖို့တောင် တော်တော်လေး မသေချာတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
ကိုဒီ ဂက်ခ်ပို (နယ်သာလန်)
နယ်သာလန်မှာက ကြယ်ပွင့် ကစားသမားတွေ များပြားလွန်းပါတယ်။ ဒီထဲကမှ သေချာပေါက် စောင့်ကြည့်ရမယ့် သူကို ရွေးချယ်ရမယ်ဆိုရင် PSV အတွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဂက်ခ်ပို ကိုပဲ ရွေးချယ်ချင်တာပါ။ သူက ဟော်လန် အတွက် ၉ ပွဲသာ ကစားပေးထားရပေမယ့် ၃ ဂိုးသွင်းထားပြီး နည်းပြကြီး လူး၀စ္စ ဗန်ဂါးလ် အတွက် အားထားရတဲ့သူ ဖြစ်နေပါတယ်။ ဗဟိုတိုက်စစ်၊ တောင်ပံ တိုက်စစ်နေရာတွေမှာ ကစားနိုင်ပြီး ပြိုင်ဘက် ခံစစ်ဇုန်ထဲကို မွှေနှောက်နိုင်တဲ့ အရည်အသွေးက အပြည့်အ၀ ရှိပါတယ်။ ဒီရာသီမှာဆို မန်စီးတီး တိုက်စစ်မှူး ဟာလန်းထက်တောင် သွင်းဂိုးနဲ့ ဖန်တီးမှုပိုင်း ယှဉ်နိုင်တဲ့ အဆင့်ထိ ဖြစ်နေပါတယ်။ ဟော်လန် တိုက်စစ်မှာ ဒီပိုင်း၊ ဘာဝိန်း၊ လုခ်ဒီဂျောင် တို့လည်း ရှိနေပေမယ့် ဂက်ခ်ပိုက စိတ်လှုပ်ရှားစရာ အကောင်းဆုံးပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.