နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – ညနေခင်း သတင်းများ (၂၁/၉/၂၁၂၂)

စက်တင်ဘာ ၂၁ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အသင်းဟောင်း ဂျူဗင်တပ်စ်ကို ထိုးနှက် ပြောကြားလိုက်တဲ့ ဘေယန်မြူးနစ် နောက်ခံလူ

ဘေယန်မြူးနစ် နောက်ခံလူ မာသီးယပ်စ် ဒီလစ်ဂ်က ချန်ပီယံလိဂ်မှာ နိုင်ပွဲ မရရှိသေးတဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်နဲ့ ပတ်သက်လို့ ထိုးနှက် ပြောကြားလိုက်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီရာသီ ကစားပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် နှစ်ပွဲလုံးကို ရှုံးနိမ့်ခဲ့တာပါ။ 

ဒီလစ်ဂ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်မှာ ဂျူဗင်တပ်စ် ကနေ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့တာပါ။ အသင်းဟောင်းရဲ့ အခြေအနေအပေါ်မှာ ဒီလစ်ဂ်က “လူအင်အားအရ အရည်အချင်းရှိတဲ့ အသင်း တသင်းကို ကျနော် ပြောင်းရွှေ့နိုင်ခဲ့တယ် ထင်ပါတယ်” 

“ဂျူဗင်တပ်စ်က ထိပ်တန်း ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ထိပ်တန်း အသင်း တသင်းပါ။ အဲ့ဒီမှာ အချိန်ကောင်းတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘေယန်မြူးနစ်က ချန်ပီယံလိဂ် ဖလားရဖို့ ရည်မှန်းချက်ရှိပြီး ဂျူဗင်တပ်စ် မှာတော့ အဲ့ဒီလောက် မရှိဘူးလို့ ခံစားခဲ့ရပါတယ်” 

“ကျနော် ဂျူဗင်တပ်စ်မှာ ပျော်ရွှင်ခဲ့ပေမယ့် စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ရမယ့် အချိန် ဆိုတာကို ခံစားမိခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 


လက်ရွေးစင် အသင်း လေ့ကျင့်ရေးကွင်းမှာ မူလာနဲ့ ထိခိုက်မိခဲ့တဲ့ မူဆီအာလာ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ ကစားသမား နှစ်ယောက်ဖြစ်တဲ့ သောမတ်စ်မူလာနဲ့ ဂျာမယ်လ် မူဆီအာလာ တို့ဟာ ဂျာမနီ လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ မတော်တဆ ထိခိုက်မိခဲ့တယ်လို့ သိရှိရပါတယ်။ 

လေ့ကျင့်ခန်း ဆင်းနေရင် အချင်းချင်း ထိခိုက်မိခဲ့ကြတာ ဖြစ်ပြီး မူလာ ကတော့ ကြီးကြီးမားမား ဒဏ်ရာ မရခဲ့ပေမယ့် မူဆီအာလာ ကတော့ ညှို့သကျည်းမှာ နာကျင်သွားခဲ့ဟန် ရှိပါတယ်။ မူလာက သူနဲ့ ထိခိုက်မိခဲ့တဲ့ အတွက် မူဆီအာလာကို ပြန်လည် နှစ်သိမ့်ပေးနေတာ ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မူဆီအာလာဟာ လက်ရွေးစင်အသင်းရဲ့ ဆေးအဖွဲ့နဲ့ ကုသမှုခံယူခဲ့ရပေမယ့် ဒဏ်ရာ အနေအထားက မပြင်းထန်ဘူးလို့ သိရပါတယ်။

ဒါပေမယ့် အသက် (၁၉) နှစ်အရွယ် ဒီကစားသမားလေးဟာ လေ့ကျင့်ခန်း ဆက်ပြီး ဆင်းနိုင်ခြင်း မရှိခဲ့ကြောင်း၊ ဒါပေမယ့် ကြွက်သားဒဏ်ရာ မဟုတ်ဘဲ ညှို့သကျည်း မှာသာ အသေးစား ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ကြောင်း ဂျာမန်သတင်းထောက် ကယ်ရီဟာရူက သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 


နေဂဲလ်စ်မန်း အထုတ်ခံရနိုင်တယ် ဆိုတဲ့ သတင်းတွေ အပေါ် ငြင်းဆန်လိုက်တဲ့ အိုလီဗာခန်း 

ဂျူလီယန် နေဂဲလ်စ်မန်း အနေနဲ့ ဖိအားတွေအောက် ရောက်ရှိနေပြီး ရာထူး ကနေ အထုတ်ခံရနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ဘေယန်မြူးနစ်ရဲ့ အမှုဆောင် အရာရှိချုပ် အိုလီဗာခန်းက ငြင်းဆန်လိုက်ပါတယ်။ 

အော့စ်ဘတ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးတဲ့နောက် ဘေယန်မြူးနစ်က ဘွန်ဒက်စ်လီဂါ မှာ (၄) ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပါတယ်။ အဲ့ဒီနောက် နေဂဲလ်စ်မန်းရဲ့ နေရာကို ချဲလ်ဆီး နည်းပြဟောင်း သောမတ်စ် တူချယ်နဲ့ အစားထိုးတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ 

ဒါပေမယ့် အိုလီဗာခန်းက “ကျနော်တို့ အခုချိန်မှာ အခြား ဘယ်နည်းပြနဲ့မှ ညှိနှိုင်းနေတာမျိုး မရှိပါဘူး။ နေဂဲလ်စ်မန်းနဲ့ ပတ်သက်လို့ ကျနော်တို့ လုံးဝကို အေးအေးဆေးဆေးရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ နေဂဲလ်စ်မန်းဟာ နိုင်ငံတကာရက်သတ္တပတ်အပြီး လာမယ့် အောက်တိုဘာလဆန်းမှာ ကစားမယ့် လေဗာကူဆင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် မှာသာ နိုင်ပွဲ ထပ်မံ ပျောက်ဆုံးခဲ့မယ် ဆိုရင် အထုတ်ခံရနိုင်တယ်လို့ သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်