နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – ညနေခင်း သတင်းများ (၁၈/၉/၂၀၂၂)

စက်တင်ဘာ ၁၈ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်


ဒီရာသီမှာ ပုံစံ မျိုးစုံနဲ့ ဂိုးသွင်းထားပြီး ဖြစ်တဲ့ လီဝမ်ဒေါစကီး

မနေ့က ကစားခဲ့တဲ့ အယ်လ်ချီနဲ့ စပိန် လာလီဂါ ပွဲစဉ် မှာတော့ ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးက သွင်းဂိုး ၂ ဂိုး ထပ်ရခဲ့ပါတယ်။ သူ့အတွက် ၈ ဂိုးမြောက် လာလီဂါ သွင်းဂိုးတွေ ဖြစ်ပြီး ပိုလန်သားက လာလီဂါမှာ လွယ်လွယ်ကူကူနဲ့ပဲ အထိုင်ကျနေတယ် ဆိုတာ သက်သေပြနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့အတွက်တော့ နယ်မြေ မရွေးဘူး ဆိုတာကို သွင်းဂိုးတွေနဲ့ သက်သေပြနေပြီး ကမ္ဘာ့အဆင့် တိုက်စစ်မှူးတဦးရဲ့ ပုံစံကိုပါ မြင်တွေ့နေရပါတယ်။

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးက ဘာစီလိုနာ အတွက် လိဂ်ဂိုးတွေကို သွင်းယူခဲ့ရာမှာ၊ ခေါင်း၊ ညာခြေ၊ ဘယ်ခြေတွေနဲ့ သွင်းယူထားပြီး ဖြစ်ပါတယ်။ ဒီဂိုးတွေထဲမှာ ဟက်ထရစ် ၁ ကြိမ်၊ တပွဲတည်း ၂ ဂိုး သွင်းယူနိုင်မှုတွေလည်း ပါဝင်နေပြီး တိုက်စစ်မှူး တစ်ဦး အတွက်တော့ လုပ်နိုင်တာ မှန်သမျှကို လုပ်ပြထားပြီး ဖြစ်ကာ စုစုပေါင်းမှ လိဂ်ပွဲ ၆ ပွဲတည်းသာ ကစားထားရသေးတဲ့ အချိန်လည်း ဖြစ်နေပါတယ်။

ဒါကိုကြည့်ရင် လီဝမ်ဒေါစကီးက ဘယ်လို တိုက်စစ်မှူးမျိုးလဲ ဆိုတာကို သေချာမြင်တွေ့နေရမှာ ဖြစ်ပါတယ်။ စပိန် လာလီဂါ ရွှေဖိနပ်ဆု အတွက်လည်း ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာကို စိန်ခေါ်သံတွေ ပို့နေတာလည်း ဖြစ်ပါတယ်။ ဘန်ဇီမာ ကတော့ လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေရပြီး လီဝမ်ဒေါစကီးနဲ့ လိဂ် ဂိုး ၅ ဂိုး အထိ ကွာဟနေပြီ ဖြစ်ပါတယ်။


မက်ဒရစ် ဒါဘီကို ဝင်နွှဲနိုင်တော့မယ့် ယန် အိုဘလက်ခ်

အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ယန် အိုဘလက်ခ် ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် လာလီဂါ မက်ဒရစ် ဒါဘီပွဲကို ပါဝင် ကစားနိုင်တော့မယ်လို့ သိရပါတယ်။ အစောပိုင်း သတင်းတွေမှာ ဒဏ်ရာပြသနာကြောင့် ဒီပွဲကို သူ လွဲချော်နိုင်တယ်လို့ သိခဲ့ရပေမယ့် ပွဲကစားဖို့ နီးကပ်လာချိန် မှာတော့ သူ ပါဝင်နိုင်လိမ့်မယ်လို့ အေတီကို နည်းပြ ဒီယေဂို ဆီမြွန်နီက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ယန် အိုဘလက်ခ် ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် လာလီဂါ မက်ဒရစ် ဒါဘီပွဲကို ပါဝင် ကစားနိုင်တော့မယ်လို့ သိရပါတယ်။
နှစ်ဖက် ကစားသမားတွေ လူစုံတက်စုံနဲ့ ယှဉ်ပြိုင်ကြဖို့ ရှိနေတဲ့ မက်ဒရစ်ဒါဘီ

သတင်းစာ ရှင်းလင်းပွဲမှာ ဆီမြွန်နီက “ မနက်ဖြန် ကစားရမယ့် ပွဲကို သူ ဝင်ကစားပါလိမ့်မယ်’ လို့ ပြောဆိုခဲ့တာပါ။ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ထိပ်ဆုံး ၅ ဦး စာရင်းဝင် အိုဘလက်ခ် ကတော့ အေတီကို ဂိုးပေါက်ကို ကာလရှည် စောင့်ကြပ်ပေးခဲ့သူ ဖြစ်ပါတယ်။ ဆီမြွန်နီ အားအထားရဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ပြီး လက်စွမ်းပြ ကစားနေတဲ့သူ ဖြစ်ပါတယ်။

ဆက်စပ် သတင်းတွေ အရတော့ ရီးရဲလ်မက်ဒရစ် မှာလည်း နောက်ခံလူ မီလီတောင် ပြန်ကစားနိုင်ဖို့ ရှိတယ်လို့ သိရကာ မက်ဒရစ်ဒါဘီပွဲကို လူစုံတက်စုံနဲ့ ယှဉ်ပြိုင်တာ မြင်တွေ့ရမှာပါ။ ဒါပေမယ့် ဘန်ဇီမာ ကတော့ ဒဏ်ရာကြောင့် ဒီပွဲကို ဆက်လက်လွဲချော်မှာ ဖြစ်ကာ ရီးရဲလ်မက်ဒရစ် တိုက်စစ်ပိုင်းကို ဗင်နီးစီးယပ်စ် ကပဲ ဦးဆောင်သွားဖို့ ရှိနေပြီး အေတီကို အတွက် ကြီးမားတဲ့ အခွင့်အရေး တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။


အက်သလက်တီကိုနဲ့ ပွဲအတွက် အသင့်ဖြစ်နေပြီ ဆိုတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကတော့ ဒီနေ့ ကစားရမယ့် အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲကို အသင့်ဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ ပြိုင်ပွဲစုံ ၈ ပွဲ ဆက်တိုက် အနိုင်ရထားပြီး ဒီရာသီမှာ ရှုံးပွဲနဲ့ သရေပွဲ လုံး၀ မရှိသေးတဲ့ ရီးရဲလ်ဟာ မြို့ခံ ပြိုင်ဘက် အေတီကိုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး ဒီရာသီ အတွက် အကြီးမားဆုံး စမ်းသပ်မှုကို ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

အန်ဆယ်လော့တီ ကတော့ “ ကျနော်တို့ ကောင်းကောင်းမွန်မွန်ပဲ ရောက်လာခဲ့ပါတယ်၊ ကောင်းမွန်တဲ့ ရလဒ်တွေနဲ့ အတူပါ၊ ပြီးတော့ သန်မာတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်၊ ဒီပွဲက ထူးခြားတဲ့ပွဲ ဖြစ်ပြီးတော့ အဲဒီအတွက်လည်း ပြင်ဆင်ထားပြီးပါပြီ၊ တကယ်ကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲဖြစ်လာပါလိမ့်မယ်၊ နှစ်သင်းစလုံးက ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားလို့လည်း အကြိတ်အနယ် ရှိလာမှာ သေချာပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ အေတီကို နည်းပြ ဆီမြွန်နီနဲ့ ၁၇ ကြိမ် အထိ ရင်ဆိုင်ခဲ့ဖူးပြီးတော့ ထိပ်တိုက်တွေ့ဆုံမှုမှာ အသာစီး ရရှိထားသူ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ဘန်ဇီမာ မပါဝင်နိုင်ပေမယ့်လည်း ဗင်နီးစီးယပ်စ်နဲ့ ရိုဒရီဂို တို့လို ဘရာဇီးလ် ကြယ်ပွင့် နှစ်ဦး ခြေစွမ်းပြနေလို့ တိုက်စစ်ပိုင်း အတွက် အင်အား တောင့်တင်းနေဆဲ ဖြစ်ကာ အဝေးကွင်းမှာ အကောင်းဆုံး ရင်ဆိုင်နိုင်မယ်လို့ ယူဆရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်