နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၁၆/၉/၂၀၂၂)

စက်တင်ဘာ ၁၆ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘရိုက်တန်ရဲ့ နည်းပြသစ် စာရင်းထဲမှာ မိန့်ဇ် နည်းပြလည်း ပါဝင်

ဘရိုက်တန်ဟာ ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့တဲ့ နည်းပြ ဂရေဟမ် ပေါ်တာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် လျာထားတဲ့ နည်းပြသစ် စာရင်းထဲမှာ ဘွန်ဒက်စ်လီဂါ ကလပ် မိန့်ဇ် နည်းပြ ဘိုဆဗင်ဆန်လည်း ပါဝင်လာကြောင်း သိရှိရပါတယ်။ 

ဆဗင်ဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မိန့်ဇ်ကို အဆင့် (၈) နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ခြေစွမ်း အဆင့်အတန်း ရှိတဲ့ အသင်းတသင်း ဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ ဘောလုံးရာသီ မှာလည်း မိန့်ဇ်က (၆) ပွဲ ကစားပြီးချိန်မှာ (၃) ပွဲ အနိုင်ရရှိထားတာပါ။ 

ဘရိုက်တန်ရဲ့ နည်းပြသစ် ရှာဖွေမှု လုပ်ငန်းတွေကို အသင်းပိုင်ရှင် ပေါလ်ဘာဘာနဲ့ နည်းစနစ် ဒါရိုက်တာ ဒေးဗစ် ဝိုင်ရာတို့ နှစ်ဦးက ဆောင်ရွက်လျက် ရှိပါတယ်။ သူတို့ရဲ့ ပစ်မှတ် နည်းပြတွေထဲမှာ အသက် (၄၃) နှစ် အရွယ် ဆဗင်ဆန်နဲ့ အတူ ဘိုဒိုဂလင့်မ် နည်းပြ ရော်ဘတ်တို ဒီဇာဘီလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ 


အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ဒေါ့မန် ကွင်းလယ်လူ ငြင်းဆန်

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဂမ်က လက်ရှိအချိန်မှာ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် လေးစားမှု မရှိတဲ့ ကိစ္စ အဖြစ် ငြင်းဆန် ပယ်ချလိုက်ပါတယ်။ 

အင်္ဂလန် ကွင်းလယ်လူဟာ မနေ့ညက မန်စီးတီးကို ၂-၁ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ ဒေါ့မန် အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါသေးတယ်။ သူ့ကို လာမယ့် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ အပြိုင်အဆိုင် ခေါ်ယူမယ်လို့ သတင်းတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
မိန့်ဇ်
ဟာသာဘာလင်
1X2 သရေ (Draw) @ 3.80
ဂိုးပေါ် 2.75 @ 1.93
ဂိုးပေါင်း 0-1 @ 4.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီသတင်းတွေ အပေါ်မှာတော့ ဘယ်လင်ဂမ်က “အသင်းက ကျနော့် အတွက် အများကြီး လုပ်ပေးခဲ့ပါတယ် “ကျနော့်ကို ကြိုဆိုခံရသလို ခံစားရအောင် လုပ်ပေးခဲ့ပြီး ဒီမှာ ပိုမို တိုးတက်လာဖို့ အတွက်လည်း အခွင့်အရေး ပေးခဲ့ပါတယ်။ ဒီအတိတ်ကို ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။ အနာဂတ်ကို မျှော်ကြည့်နေရင် ဒါက လေးစားမှု ကင်းမဲ့တာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဘယ်လင်ဂမ်ဟာ ဘာမင်ဂမ်မှာ ကစားနေတည်းက ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ် ကိုသာ ရွေးချယ်ခဲ့ပြီး အခုချိန် မှာတော့ သူ့ရဲ့တန်ကြေးက ပေါင်သန်း (၁၀၀) အထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။


ဘွန်ဒက်စ်လီဂါ နှစ်သင်းလုံး ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ည

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ်တွေ မှာတော့ ဘွန်ဒက်စ်လီဂါ နှစ်သင်း ဖြစ်တဲ့ လိုက်ပ်ဇစ်နဲ့ ဒေါ့မန်တို့ ရှုံးနိမ့်ခဲ့ကြပါတယ်။ နှစ်သင်းလုံးက အဝေးကွင်းမှာ နာမည်ကြီး အသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ 

လိုက်ပ်ဇစ် ကတော့ ဗယ်လ်ဗာဒီ၊ အဆန်စီယို တို့ရဲ့ နောက်ကျ သွင်းဂိုးတွေကြောင့် ဘာနေဗျူးမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပြီး ချန်ပီယံလိဂ် အုပ်စု နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ဒေါ့မန် ကလည်း အဝေးကွင်းမှာ မန်စီးတီးကို ဘယ်လင်ဂမ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် စတုန်းစ်၊ ဟာလန်းတို့ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုလိုက်ရတာကြောင့် ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ 

ချန်ပီယံလိဂ် အုပ်စုပွဲစဥ် (၂) ရဲ့ ပထမည မှာတော့ ဘေယန်မြူးနစ်၊ လေဗာကူဆင်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ပေမယ့် ဒုတိယည မှာတော့ အခုလိုပဲ ဘွန်ဒက်စ်လီဂါ နှစ်သင်းလုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်