နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၁၃/၉/၂၀၂၂)

စက်တင်ဘာ ၁၃ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လီဝမ်ဒေါစကီးရဲ့ နေရာ အတွက် အစားထိုးဖို့ ရှာမတွေ့ခဲ့ဘူးလို့ ဝန်ခံလာတဲ့ နေဂဲလ်စ်မန်း

ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ပြီးခဲ့တဲ့ နွေရာသီမှာ လာလီဂါ ကလပ် ဘာစီလိုနာကို ယူရိုသန်း (၄၀) နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီး ရဲ့နေရာကို အစားထိုးဖို့ မဖြစ်နိုင်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ်ဟာ လီဝမ်ဒေါစကီးကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားရဲ့ ဆန္ဒကြောင့် လက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့နေရာ အတွက် တိုက်ရိုက် အစားထိုး ခေါ်ယူမှုမျိုးလည်း မပြုလုပ်ခဲ့ပါဘူး။

ဒီအပေါ်မှာ နေဂဲလ်စ်မန်း က “ကျွန်တော် တို့ကို တိုးတက်စေနိုင်တဲ့ ကျောနံပါတ် (၉) ကစားသမားက စျေးကွက်ထဲမှာ နည်းနည်းလေးပဲ ရှိပါတယ်။ စျေးကွက်က အရမ်းကို ရှားပါးနေပြီး ပင်နယ်တီ ဧရိယာထဲမှာ ဒီလို ကစားသမားမျိုး ဖြစ်ဖို့ ဆိုတာ ကလည်း လေ့ကျင့်ပေးရုံနဲ့ မရပါဘူး”

“ကျွန်တော် တို့သာ ထိပ်တန်း အဆင့် ကျောနံပါတ် (၉) ကစားသမားကို ရှာတွေ့ခဲ့မယ် ဆိုရင် သေချာပေါက် ခေါ်ယူပြီးပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘန်ဒက် လီဂါ
မိန့်ဇ်
ဟာသာဘာလင်
1X2 သရေ (Draw) @ 3.85
ဂိုးပေါ် 2.75 @ 2.00
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နေဂဲလ်စ်မန်းရဲ့ နည်းစနစ်တွေကို ဘေယန်မြူးနစ် ကစားသမားတွေ မေးခွန်းထုတ်နေ

ဘေယန်မြူးနစ် ကစားသမားတွေဟာ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ နည်းစနစ်တွေ အပေါ် မေးခွန်းထုတ်နေပြီး နည်းပြ အနေနဲ့လည်း သူ့ရဲ့နည်းဗျူဟာတွေကို ပြန်လည် သုံးသပ်သင့်တယ်လို့ ယူဆနေကြပါတယ်။

အဆိုပါမြူးနစ် မြို့ခံအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ် သုံးပွဲ ဆက်တိုက် သရေကျခဲ့ပြီးနောက် အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို လက်လွှတ် ဆုံးရှုံးထားရပါတယ်။

နေဂဲလ်စ်မန်းဟာ စတုဂတ်နဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လီရွိုင်းဆာနေး၊ ဆာဂျ်နာဘရီနဲ့ ဂျာမယ်လ် မူဆီယာလာ တို့ကို နာမည်တပ် ဝေဖန်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ အသင်းသားအချို့က နေဂဲလ်စ်မန်းအနေနဲ့ သူ့ရဲ့နည်းစနစ်နဲ့နည်းဗျူဟာတွေကိုလည်း ပြန်လည်သုံးသပ်သင့်တယ်လို့ ယူဆနေကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။

ဘေယန်မြူးနစ်ဟာ ဒီကနေ့ညမှာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲအဖြစ် လက်ခံကစားရမှာဖြစ်ပြီး ဒီပွဲမှာသာ ရလဒ်မကောင်းခဲ့ရင်တော့ နေဂဲလ်စ်မန်းရဲ့ အနာဂတ်က တော်တော်လေး ဖိအားများလာနိုင်ဖွယ်ရှိပါတယ်။


လီဝမ်ဒေါစကီးကို လူပေးမမှားဖို့ မာနေး မှာထားကြောင်း မူလာဖွင့်ဟ

လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘွန်ဒက်စ်လီဂါရဲ့ လက်ရှိချန်ပီယံကို စွန့်ခွာပြီး ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဘာစီလိုနာနဲ့ နောက်ပိုင်းတွေ့ဆုံမှုတိုင်းလိုလို ရလဒ်ကောင်းထားတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ် ကွင်းလယ် တိုက်စစ် ကစားသမား သောမတ်စ် မူလာက သူ့ကို ဆာဒီယို မာနေးက ရော်ဘတ် လီဝမ်ဒေါစကီးထံ ဘောလုံးမှားမပေးဖို့ မှာကြားထားကြောင်း နောက်ပြောင် ပြောကြားလာခဲ့ပါတယ်။ ဘေယန်မြူးနစ်နဲ့ ဘာစီလိုနာ တို့ဟာ ဒီကနေ့ညမှာ ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘွန်ဒက်စ်လီဂါရဲ့ လက်ရှိချန်ပီယံကို စွန့်ခွာပြီး ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ လီဝမ်ဒေါစကီးနဲ့ ပြန်လည် ရင်ဆိုင်ရမယ့်အပေါ်မှာ မူလာက “ဒီ (၁၀) ရက်အတွင်း ဟာသပြောရရင် မာနေးက ကျနော့်ကို လီဝမ်ဒေါစကီးဆီ လူပေးမမှားဖို့ ပြောထားတယ်ဗျ”
“ဒီပွဲက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲဖြစ်ပြီး အထူးသဖြင့် ဘာစီလိုနာက ဒီရာသီမှာ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကစားပုံကို ပြသထားပါတယ်။ လီဝမ်ဒေါစကီးကို ကျွန်တော်တို့ စိတ်ကြိုက် ကစားခွင့်ပေးလို့၊ ကန်ခွင့်ပေးလို့မရပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်