နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၅/၉/၂၀၂၂)

စက်တင်ဘာ ၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လီဝမ်ဒေါစကီး အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုလာတဲ့ ဟာလန်း

ဟာလန်းက သူ့ကို ဘေယန်မြူးနစ်က ခေါ်ယူဖို့ ကြိုးစားခဲ့ချိန်မှာ ရောဘတ် လီဝမ်ဒေါစကီး အတွက် စိတ်မကောင်း ဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဟာလန်း အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ကလပ် ဒေါ့မန်မှာ ကစားနေချိန်အတွင်း လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ ဘေယန်မြူးနစ်က ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုနှစ် နွေရာသီမှာ လီဝမ်ဒေါစကီးက ဘာစီလိုနာ အသင်းထံ ယူရို သန်း ၄၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး လက်တလော လာလီဂါမှာ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူထားနိုင်ပါတယ်။ ဒါ့အပြင် ဟာလန်း ကလည်း ဘေယန်ကို မရွေးပဲ မန်စီးတီးဆီ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး လက်တလော ပရီးမီးယားလိဂ် ၆ ပွဲ ကစားပြီးချိန်မှာ ၁၀ ဂိုး သွင်းပြီး ခြေစွမ်းပြနေခဲ့ပါတယ်။

အာလင်း ဟာလန်းက “လီဝမ်ဒေါစကီး ဘယ်လိုတွေးမလဲ ဆိုတာ ကျွန်တော်စဉ်းစားမိပါတယ်။ ဘေယန် အတွက် သူက မရေမတွက်နိုင်တဲ့ ဂိုးတွေနဲ့ အတူ ဆုဖလားတွေ အများကြီး ယူပေးထားတယ်လေ။ ပြီးတော့ သူ့ အတွက်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။ သူ့ရဲ့ ကစားသမား ဘဝ အတွက် နောက်ထပ် ခြေလှမ်း တစ်လှမ်း လှမ်းခွင့်ရသွားတာလို့ပဲ ဆိုရမှာပါ။ သူ့ကို ဆက်ဆံလိုက်တဲ့ ပုံစံက မလေးစားသလို ဖြစ်သွားတယ်။ တချိန်တည်းမှာပဲ ဒါဟာ လီဝမ်ဒေါစကီး အတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဗီလာရီးရဲယ်၊ ရှုံးပွဲ စတွေ့ခဲ့တဲ့ ဘီလ်ဘာအို

မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် တွေမှာတော့ အိုဆာဆူနာနဲ့ ဗီလာရီးရဲယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲ ကိုယ်စီ ရခဲ့ကြပြီး ရာသီသစ်မှာ ရလဒ်တွေ ကောင်းနေတဲ့ ဘီလ်ဘာအို ကတော့ ရှုံးပွဲ စတွေ့ခဲ့ပါတယ်။

ဘာစီလိုနာဟာ လာလီဂါ ပွဲစဉ် ၄ ပွဲ ကစားပြီးချိန် အထိ ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပြီး ရှုံးပွဲ လုံးဝ မရှိသေးတဲ့ အသင်း ဖြစ်ပါတယ်။
ဘာစီလိုနာ ကွင်းလယ်မှာ ဘူးစကွက်စ်၊ ပက်ဒရီ တို့နဲ့ အတူ ခြေစွမ်းပြနေတဲ့ ဂါဗီ

အိုဆာဆူနာနဲ့ ရေယို ဗလက်ကာနိုရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် အိုဆာဆူနာတို့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပွဲချိန် နောက်ဆုံး မိနစ် သွင်းဂိုးကြောင့်သာ ၃ မှတ် အပြည့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှသာ သွင်းဂိုးတွေ စတင် မြင်တွေ့ခဲ့ရပြီး အိုရော့ဇ်က အိမ်ရှင် အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် လီဂျွန်က ဗလက်ကာနို အတွက် ချေပဂိုး ပြန်လည် သွင်းယူခဲ့လို့ ၁-၁ ရလဒ် ဖြစ်သွားခဲ့ပြီး လက်ကျန် မိနစ်တွေမှာ အိုဆာဆူနာတို့ ပြိုင်ဘက်ရဲ့ ခံစစ်ကို ခက်ခက်ခဲခဲ ထိုးဖောက်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၉၀ မှာတော့ အက်ဇဲလ်ဇူလီရဲ့ ပေးပို့မှု ကနေ ရူဘင် ဂါစီယာက အနိုင်ဂိုး သွင်းပေးနိုင်ခဲ့လို့ အဖိုးတန် နိုင်ပွဲ ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အိုဆာဆူနာတို့ လာလီဂါ ၄ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲနိုင်၊ ၁ ပွဲ ရှုံး ရမှတ် ၉ မှတ်နဲ့ အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပြီး ဗလက်ကာနို ကတော့ ၂ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၄ နေရာ အထိ ရောက်ရှိသွားခဲ့ပါတယ်။

နောက်ထပ် တစ်ပွဲ မှာတော့ ရာသီသစ်မှာ ရလဒ်တွေ တောက်လျောက် ကောင်းနေတဲ့ အူနိုင်း အန်မေရီရဲ့ အသင်းက ဇယား အောက်က ဂီတာဖေးကို တိုက်စစ် ခြေစွမ်းပြပြီး ၄ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဗီလာရီးရဲယ် တို့ တစ်ပွဲလုံး ဂိုးပေါက် ကန်ချက် ၁၈ ကြိမ် အထိ ရှိခဲ့ပြီး ဂိုးတွေ ကိုတော့ ဂျရတ် မိုရီနို၊ လိုဆယ်ဆို၊ ဖရန့်ဆစ် ကိုကွီလင်နဲ့ မိုရာလက်စ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အခြား ပွဲစဉ် တစ်ပွဲ မှာတော့ ဘီလ်ဘာအိုတို့ အက်စ်ပန်ညိုကို အိမ်ကွင်းမှာ ကစားခဲ့ရသလို ခြေစွမ်းလည်း အသာရခဲ့ပေမယ့် ဘာစီလိုနာ ကစားသမားဟောင့် ဘရေ့သ်ဝိတ်ရဲ့ မိနစ် ၈၀ ကျော်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဘီလ်ဘာအိုတို ရာသီသစ်ရဲ့ ပထမဦးဆုံး ရှုံးပွဲနဲ့ ကြုံခဲ့ရပြီး ပွဲအပြီးမှာ အဆင့် ၆ နေရာကို ဆင်းခဲ့ရပြီး အက်စ်ပန်ညို ကတော့ အဆင့် ၁၅ နေရာကို ရောက်ရှိလာခဲ့ပါတယ်။


ဂါဗီဟာ ဘာဆာရဲ့ နှလုံးသားလို့ ဇာဗီ ချီးကျူး

ဂါဗီဟာ ဘာစီလိုနာရဲ့ နှလုံးသား ဖြစ်တယ်လို့ ဆီဗီလာကို ၀-၃ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ ဇာဗီ ဟာနန်ဒက်စ်က ချီးကျုး ပြောကြားလိုက်ပါတယ်။

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
အက်စတန် ဗီလာ
1X2 လက်စတာ စီးတီး @ 2.57
ဂိုးပေါ် 2.75 @ 2.07
ဂိုးပေါင်း 0-1 @ 3.65
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာဟာ လာလီဂါ ပွဲစဉ် ၄ ပွဲ ကစားပြီးချိန် အထိ ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပြီး ရှုံးပွဲ လုံးဝ မရှိသေးတဲ့ အသင်း ဖြစ်ပါတယ်။ ဒီလို ဘာစီလိုနာတို့ ရလဒ်တွေ ကောင်းမွန်ဖို့ အသက် ၁၈ နှစ် အရွယ် ကွင်းလယ်လူ ပါဘလို ဂါဗီယာ အဓိကကျတဲ့ အခန်းကဏ္ဉက ပါဝင်ကူညီပေးနေပြီး ဆီဗီလာနဲ့ ပွဲမှာလည်း ပွဲချိန်ပြည့် ကစားပြီး ဘူးစကွက်စ်၊ ပက်ဒရီတို့နဲ့ တွဲဖက်ကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒါကြောင့် နည်းပြ ဇာဗီက ဂါဗီယာရဲ့ ခြေစွမ်းကို သဘောကျ ကျေနပ်လျက်ရှိပြီး အခုလိုပဲ ချီးကျုးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဇာဗီက “ဒါကို ကျွန်တော် မအံ့သြပါဘူး၊ နေ့တိုင်း သူလေ့ကျင့်နေတာ တွေ့ရတယ်” “ ဒါဟာ အလုပ်ကြိုးစားမှု၊ စည်းကမ်းနဲ့ နှလုံးသား နဲ့ပဲ ဆိုင်ပါတယ်။ သူ့ရဲ့ အားထုတ်မှု၊ ရုန်းကန်မှု၊ ဖြတ်ကျော်မှု၊ မြင့်မားတဲ့ ဖိအားပေး ကစားနိုင်မှုတွေကြောင့် သူက ပွဲထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်နေတာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်