နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၂/၉/၂၀၂၂)

စက်တင်ဘာ ၂ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပီအက်စ်ဂျီ နောက်ခံလူကို အငှားနဲ့ ခေါ်ယူလိုက်တဲ့ လိုက်ပ်ဇစ်

ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ဟာ ပီအက်စ်ဂျီ နောက်ခံလူ အဗ္ဗဒူ ဒီယာလိုကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့က နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး ရက်မှ တရားဝင် ကြေညာခဲ့တာပါ။

အသက် (၂၇) နှစ် အရွယ် အဆိုပါ နောက်ခံလူဟာ လိုက်ပ်ဇစ် အတွက် ဒီနွေရာသီမှာ ငါးယောက်မြောက် ကစားသမား ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။ လိုက်ပ်ဇစ်ဟာ ဒေးဗစ် ရာယမ်၊ တီမို ဗာနာ၊ ဇာဗာရှာဂါ၊ ဂျာနစ် ဘလက်စ်ဝစ်ချ်တို့ကို ခေါ်ယူထားခဲ့ပြီး မနေ့ကပဲ ဒီယာလို အတွက် တရားဝင် ကြေညာခဲ့ပါတယ်။

အဆိုပါ ဆီနီဂေါ နောက်ခံလူဟာ ဘွန်ဒက်စ်လီဂါ အတွေ့အကြုံရှိ ဒေါ့မန် နောက်ခံလူဟောင်း တယောက်လည်း ဖြစ်ပါတယ်။ (၂၀၁၉) မှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့ပြီး အခုချိန်မှာတော့ ဘွန်ဒက်စ်လီဂါကို ပြန်လည် ရောက်ရှိလာခဲ့တာပါ။

ပီအက်စ်ဂျီဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဒီယာလို အပြင် အသင်းရဲ့ တောင်ပံ ကစားသမား တယောက် ဖြစ်တဲ့ ဒရက်ဇ်လာ ကိုလည်း ဘင်ဖီကာထံ တစ်ရာသီ စာချုပ်နဲ့ အငှားချခဲ့ပါတယ်။


ဘင်ဖီကာ ကွင်းလယ်လူကို အငှားနဲ့ ခေါ်ယူလိုက်တဲ့ မိုချန်ဂလာဘတ်

ဝိုင်ဂယ်လ်ဟာ ဘွန်ဒက်စ်လီဂါ အတွေ့အကြုံရင့် ကစားသမား တစ်ယောက် ဖြစ်ပြီး ၁၈၆၀ မြူးနစ် အကယ်ဒမီ ကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
၁၈၆၀ မြူးနစ် အကယ်ဒမီ ကနေ ထွက်ပေါ်လာပြီး ဘွန်ဒက်စ်လီဂါ အတွေ့အကြုံ ရှိတဲ့ ဝိုင်ဂယ်လ်

မိုချန်ဂလာဘတ်ဟာ ဘင်ဖီကာ ကွင်းလယ်လူ ဂျူလီယန် ဝိုင်ဂယ်လ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ အသက် (၂၆) နှစ်အရွယ် ဒီကစားသမားဟာ အသင်းသစ်မှာ ကျောနံပါတ် (၈) ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။

ဝိုင်ဂယ်လ်ဟာ ဘွန်ဒက်စ်လီဂါ အတွေ့အကြုံရင့် ကစားသမား တစ်ယောက် ဖြစ်ပြီး ၁၈၆၀ မြူးနစ် အကယ်ဒမီ ကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ အဲ့ဒီနောက် ဒေါ့မန်မှာ ပွဲပေါင်း (၁၇၁) ပွဲ ကစားပေးခဲ့ပြီး ဂျာမန် ပိုကယ်လ်ဖလားနဲ့ ဂျာမန် စူပါဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။

(၂၀၂၀) မှာတော့ ဘင်ဖီကာကို ပြောင်းရွှေ့သွားခဲ့ပြီး အသင်း အတွက် ပုံမှန် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပထမဆုံး ရာသီမှာတင် ဘင်ဖီကာ ပရိသတ်တွေ ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆု ကိုလည်း ရရှိခဲ့ပါတယ်။

ဝိုင်ဂယ်လ်ဟာ သက်တမ်း အလိုက် လက်ရွေးစင် အသင်းတွေ မှာလည်း ရွေးချယ်ခဲ့ရဖူးပြီး ဂျာမနီ လက်ရွေးစင် အသင်းကြီး အတွက် (၆) ပွဲ ပါဝင် ကစားပေးခဲ့ဖူးပါတယ်။

လာလီဂါ
ရီးယဲလ်မက်ဒရစ်
ရီးယဲလ် ဘက်တစ်
1X2 လရီးယဲလ် ဘက်တစ် @ 3.40
လရီးယဲလ် ဘက်တစ် အာရှ ဟန်းဒီးကပ် +1.25 @ 2.00
လရီးယဲလ် ဘက်တစ် 3.25 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လိုက်ပ်ဇစ် ကွင်းလယ်လူကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် ကွင်းလယ်လူ ဒန်နီ အိုလ်မိုကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါ စပိန် လူမျိုး ကွင်းလယ်လူဟာ ဘာစီလိုနာရဲ့ ကာလရှည် ပစ်မှတ် ဖြစ်ခဲ့တာပါ။

ဘာစီလိုနာဟာ ဘဏ္ဍာရေး ပြဿနာတွေကြောင့် အပြီးသတ် ခေါ်ယူဖို့ မတတ်နိုင်ခဲ့ဘဲ အငှားနဲ့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့်လည်း လိုက်ပ်ဇစ် ဘက်ကတော့ အိုလ်မိုကို အငှားချဖို့ စိတ်မဝင်စားခဲ့တာကြောင့် တရားဝင် ဆွေးနွေးမှုတွေတောင် ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဘာစီလိုနာဟာ ဘက်တစ် ကွင်းလယ်လူ ဖယ်လ်ကာအိုလည်း အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် ဘက်တစ် ဘက်က ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အော်ဘာမီးယန်း၊ ဆာဂျီနို ဒက်စ် တို့ကို လက်လွှတ်ခဲ့ပြီး ချဲလ်ဆီး ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုကို အော်ဘာမီယန်းရဲ့ အပြောင်းအရွှေ့ တစိတ်တပိုင်း အဖြစ် ပြန်လည် ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လာရင် ကိုလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်