အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဆွစ်ဇာလန် အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တစ်ချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။
ဆွစ်ဇာလန် လက်ရွေးစင် အသင်း အကျဉ်းချုပ်
ဆွစ်ဇာလန် ကလည်း ဘောလုံး သမိုင်းကြောင်း စောလွန်းတဲ့ အသင်းပါ။ ၁၉၀၀ ပြည့် နှစ်ကျော် ကာလတွေမှာ ကတည်းက သူတို့က နိုင်ငံတကာ ပွဲတွေကို ကစားနေခဲ့ပါပြီ။ ဥရောပရဲ့ နေချင်စဖွယ် အကောင်းဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ ဆွစ်ဇာလန်က ဘောလုံး အဆင့်အတန်း ဂုဏ်မငယ်ခဲ့ဘဲ အခုဆိုရင် အားလုံးက သတိထားရတဲ့ အသင်းတစ်သင်း ဖြစ်နေပါပြီ။ နှစ်ပေါင်းများစွာ ကတည်းက ဆွစ်ဇာလန်ဟာ စနစ်တကျ ဖွဲ့စည်းထားခဲ့တဲ့ အဖွဲ့ချုပ်၊ လက်ရွေးစင် အသင်း ရှိနေခဲ့ပြီး ဘောလုံး လောကမှာ ကောင်းကောင်း ကျင်လည်ခဲ့တဲ့ အသင်းလို့လည်း ဆိုရပါမယ်။
အမည်ပြောင် – Red Crosses
အဖွဲ့ချုပ် – ဆွစ်ဇာလန် ဘောလုံးအဖွဲ့ချုပ်
အရောင် – အနီ၊ အဖြူ
နည်းပြချုပ် – မူရတ် ယာကင်
အသင်းခေါင်းဆောင် – ဂရန်းနစ် ချာကာ
ပွဲအများဆုံးကစားထားသူ – ဟိန့်ဇ် ဟာမန်း (၁၁၈ ပွဲ)
ဂိုးအများဆုံးသွင်းထားသူ – အလက်ဇန်းဒါး ဖရိုင်း (၄၂ ဂိုး)
ဖီဖာအဆင့်ရပ်တည်မှု – ၁၆ (၂၀၂၂ ခုနှစ် ဇွန်လအထိ)
ပထမဆုံးနိုင်ငံတကာပွဲ
ပြင်သစ် ၁ – ၀ ဆွစ်ဇာလန် (ဖေဖော်ဝါရီ ၁၂၊ ၁၉၀၅)
အကြီးမားဆုံး နိုင်ပွဲ
ဆွစ်ဇာလန် ၉ – ၀ လစ်သူယေးနီးယား (မေ ၂၄၊ ၁၉၀၅)
အကြီးမားဆုံး ရှုံးပွဲ
အင်္ဂလန် ၉ – ၀ ဆွစ်ဇာလန် (မေ ၂၀၊ ၁၉၀၉)
ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု
ဆွစ်ဇာလန်က ကမ္ဘာ့ဖလား ကို ၁၂ ကြိမ်မြောက် ဝင်ရောက် ကစားရမှာပါ။ ဒီပြိုင်ပွဲမှာ သူတို့က ကွာတားဖိုင်နယ် ၃ ကြိမ် တက်ရောက်ဖူးပြီး ဒါက အမြင့်မားဆုံး အောင်မြင်မှုပါ။ ကျန် ၈ ကြိမ် မှာတော့ အုပ်စု အဆင့်၊ ၁၆ သင်း အဆင့် တွေနဲ့ပဲ ကျေနပ်ခဲ့ရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲ ၂ ကြိမ် ဆက်မှာ ၁၆ သင်း အဆင့်ထိ သူတို့ တက်ရောက် ထားနိုင်ခဲ့လို့ လာမယ့် ပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် အသင်း ဖြစ်နေပါတယ်။ အနီးစပ်ဆုံး ကစားခဲ့တဲ့ ယူရို ပြိုင်ပွဲမှာလည်း သူတို့က အစွမ်းပြထားလို့ စိတ်ဝင်စားဖွယ် ကောင်းတဲ့ အသင်း ဖြစ်နေပါတယ်။ လာမယ့် ကမ္ဘာ့ဖလား မှာတော့ ဆွစ်ဇာလန်တို့ ကင်မရွန်း၊ ဘရာဇီးလ်၊ ဆားဘီးယား တို့နဲ့ အတူ အုပ်စု G မှာ ကျရောက်နေပါတယ်။
အခြားအောင်မြင်မှု
ဆွစ်ဇာလန်က ကြီးကြီးမားမား အောင်မြင်မှုတော့ ဘာမှမရှိပါဘူး။ ဒါပေမယ့် ပြိုင်ပွဲတိုင်းမှာ သူတို့က ဖျက်မြင်း အသင်းအဖြစ် ရှိနေပြီး ပြီးခဲ့တဲ့ ယူရိုမှာ ကွာတားဖိုင်နယ်ထိ တက်ရောက် နိုင်ပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ အခု ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း မထင်မှတ်တာတွေကို လုပ်ပြနိုင်တဲ့ အသင်းမျိုးအဖြစ် ရှိနေပါတယ်။ ကစားသမား အစုအဖွဲ့ကလည်း တောင့်တင်းပြီး အသင်းလိုက် ကစားအားနဲ့ ပြိုင်ဘက် အသင်းကြီးတွေကို အခက်တွေ့စေမှာပါ။
ကစားမည့်ရက်
ဆွစ်ဇာလန် – ကင်မရွန်း (နိုဝင်ဘာ ၂၄)
ဘရာဇီးလ် – ဆွစ်ဇာလန် (နိုဝင်ဘာ ၂၈)
ဆွစ်ဇာလန် – ဆာဘီးယား (ဒီဇင်ဘာ ၂)
ဗိုလ်စွဲရန်အလေးပေးမှု
+ ၈၀၀၀
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.