နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၃၁/၈/၂၀၂၂)

ဩဂုတ်လ ၃၁ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


လိုက်ပ်ဇစ် နောက်ခံလူကို ခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် နောက်ခံလူ ဂျော့စ်ကို ဂက်ဗာဒီယိုလ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရို သန်း (၉၀) ဝန်းကျင်နဲ့ ကမ်းလှမ်းလိုက်ပြီး နောက်ဆုံး အဆင့် ဆွေးနွေးမှုတွေတောင် ပြုလုပ်နေပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

အသက် (၂၀) အရွယ် ဗဟို နောက်ခံလူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကမှ ဒိုင်နမိုဇာဂရက် ကနေ လိုက်ပ်ဇစ်ထံ ရောက်ရှိလာခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ်ထားခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။

ဂက်ဗာဒီယိုလ်ဟာ လိုက်ပ်ဇစ် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၅၀) ကျော် ကစားပေးထားပြီး (၂) ဂိုးသွင်း၊ (၄) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သတင်းတွေ အရ ဆိုရင် ဂက်ဗာဒီယိုလ်ကို ခေါ်ယူဖို့ ချဲလ်ဆီးတို့ သဘောတူညီမှု ရရှိခဲ့ရင်တောင် လက်ရှိ နွေရာသီမှာ ခေါ်ယူနိုင်မှာ မဟုတ်ပါဘူးလို့ သိရပါတယ်။


ဒေါ့မန် နောက်ခံလူကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ မန်စီးတီး

မန်စီးတီးဟာ ဒေါ့မန် ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဗဟို နောက်ခံလူ မန်နျူရယ် အာကန်ဂျီကို ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ဆွစ်ဇာလန် လက်ရွေးစင် ဗဟိုနောက်ခံလူဟာ ဒေါ့မန်ရဲ့ အနာဂတ် စီမံကိန်းတွေမှာ ပါဝင်ခြင်း မရှိတော့တဲ့ ကစားသမား ဖြစ်ပြီး ပေါင် သန်း ၂၀ လောက် ရရင်ကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ နွေရာသီမှာ ဒေါ့မန် ဘက်က အာကန်ဂျီကို ရောင်းထုတ်ဖို့ ပြင်ဆင်ခဲ့ပြီး အာဆင်နယ် အပါအဝင် အသင်း အချို့ကို ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကြောင့် အသင်း အားလုံးက ခေါ်ယူဖို့ ငြင်းဆန်ထားခဲ့ကြတာပါ။ အသက် (၂၇) နှစ် အရွယ် နောက်ခံလူဟာ ဒေါ့မန်နဲ့ စာချုပ် သက်တမ်း နောက်ဆုံးနှစ် အတွင်းကို ရောက်ရှိနေသူလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ အသင်းရဲ့ ဗဟိုနောက်ခံလူတွေ ဖြစ်တဲ့ အန်းမရစ်ခ် လာပေါ့တ်၊ နေသန် အေခီ တို့ရဲ့ ဒဏ်ရာရနေတာကြောင့် ဗဟို နောက်ခံလူတစ်ဦး အပူတပြင်း ရှာဖွေနေတာ ဖြစ်ပါတယ်။ မန်စီးတီးတို့ အာကန်ဂျီကို ခေါ်ယူဖြစ်ခဲ့ရင်တော့ ဒေါ့မန်ကို ပြောင်းရွှေ့ကြေး ပေါင် (၁၇.၅) သန်း ဝန်းကျင် ပေးချေရဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။


လေဗာကူဆင်ကို မပြောင်းရွှေ့ခင် ဟာဗက်ဇ်နဲ့ စကားပြောခဲ့ကြောင်း ဖွင့်ဟလာတဲ့ အိုဒွိုင်း

ဟာဗက်ဇ် ကလည်း ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်ပြီး ဂျာမန် ဘောလုံးလောက အကြောင်းကို ကောင်းကောင်း သိရှိ နားလည်ထားသူလည်း ဖြစ်ပါတယ်။
အိုဒွိုင်း လေဗာကူဆင်ကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့တဲ့ ဟာဗက်ဇ်

ချဲလ်ဆီး ကနေ လေဗာကူဆင်ကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းက သူ့အနေနဲ့ အသင်း ပြောင်းဖို့ မဆုံးဖြတ်ခင်မှာ ချဲလ်ဆီး အသင်းဖော် ကိုင်ဟာဗက်ဇ်နဲ့ စကား ပြောဆိုဖြစ်ခဲ့ကြောင်း ဖွင့်ဟလာပါတယ်။

ဟာဗက်ဇ် ကလည်း ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်ပြီး ဂျာမန် ဘောလုံးလောက အကြောင်းကို ကောင်းကောင်း သိရှိ နားလည်ထားသူလည်း ဖြစ်ပါတယ်။

အိုဒွိုင်းဟာ ချဲလ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် အခုလိုပဲ လေဗာကူဆင် အသင်းထံ အငှား ထွက်ကစားခဲ့တာ ဖြစ်ပါတယ်။ လေဗာကူဆင် ဝက်ဘ်ဆိုက်နဲ့ မေးမြန်းခန်းမှာ အိုဒွိုင်းက “လေဗာကူဆင်က အံ့အားသင့်ဖွယ် ကောင်းတဲ့ အသင်း တစ်သင်းလို့ ဟာဗက်ဇ်က ပြောပြခဲ့ပါတယ်”

“သူ ဒီမှာ ဖြတ်သန်းခဲ့တဲ့ နောက်ပိုင်း နှစ်တွေမှာ ရှိသမျှ လူတိုင်းက ကောင်းမွန်ခဲ့တဲ့ အကြောင်းလည်း ပြောပြခဲ့ပြီး သူ့အတွက် အခိုက်အတန့်တိုင်းက ပျော်ရွှင်ခဲ့ရတယ်လို့ ပြောပါတယ်။ နောက်ပြီး ကျွန်တော့် ကိုလည်း လေဗာကူဆင်မှာ ပျော်ရွှင်လိမ့်မယ်လို့ ဟာဗက်ဇ်က ပြောပြခဲ့ပါတယ်”

“မင်းသွားသာ သွားလိုက်၊ ယုံကြည်ချက်သာ ရှိ၊ အရာအားလုံး အဆင်ပြေမှာ ဆိုပြီးတော့လည်း ပြောခဲ့တာပါ” လို့ ပြန်လည် ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်