အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် တောင်ကိုရီးယား အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တစ်ချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။
တောင်ကိုရီးယား လက်ရွေးစင် အသင်း အကျဉ်းချုပ်
အာရှ ထိပ်သီး အသင်း ဖြစ်တဲ့ တောင်ကိုရီးယားက သူတို့ရဲ့ ဘောလုံး အဖွဲ့ချုပ်ကို ၁၉ ရာစု နှစ်ပိုင်း အထိတောင်မှ မိတ်မဆက် နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၁၈၈၂ ကတည်းက ကိုရီးယားမှာ ဘောလုံး ကစားနေကြပြီ ဖြစ်ပြီး ဂျပန် လက်အောက်မှာတုန်းက ဂျပန် ကိုယ်စားပြုပြီး တောင်ကိုရီးယား ကစားသမားတွေ ကစားပေးခဲ့ကြဖူးပါတယ်။ ဒီနောက်မှာ ၁၉၂၁ မှာ ဂျိုဆွန်း ဘောလုံး အဖွဲ့ချုပ်ကို တည်ထောင်ခဲ့ပြီး တဖြည်းဖြည်း တိုးတက် ခဲ့ရာကနေ တောင်ကိုရီးယား ဘောလုံး အဖွဲ့ချုပ် ပေါ်ပေါက် လာခဲ့ပါတယ်။ အခုဆိုရင် တောင်ကိုရီးယားရဲ့ ဘောလုံး အဆင့်အတန်းက အာရှ အဆင့် ကနေ ကမ္ဘာ့အဆင့်ဆီ ဦးတည်နေပြီး နာမည်ကျော် ကစားသမား တွေလည်း ပေါ်ထွက်နေပြီလည်း ဖြစ်ပါတယ်။
အမည်ပြောင် – အာရှကျားများ
အဖွဲ့ချုပ် – တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်
အရောင် – အပြာ၊ အဖြူ/အနက်
နည်းပြချုပ် – ပေါ်လို ဘန်တို
အသင်းခေါင်းဆောင် – ဆွန်ဟောင်မင်
ပွဲအများဆုံး ကစားထားသူ – ချာဘမ်ကွန်၊ ဟောင်မြန်ဘို (၁၃၆ ပွဲ)
ဂိုးအများဆုံးသွင်းထားသူ – ချာဘမ်ကွန် (၅၈ ဂိုး)
ဖီဖာအဆင့်ရပ်တည်မှု – ၂၈ (၂၀၂၂ ခုနှစ် ဇွန်လ အထိ)
ပထမဆုံး နိုင်ငံတကာပွဲ
တောင်ကိုရီးယား ၅ – ၃ မက္ကဆီကို (ဩဂုတ် ၂၊ ၁၉၄၈)
အကြီးမားဆုံး နိုင်ပွဲ
တောင်ကိုရီးယား ၁၆ – ၀ နီပေါ (စက်တင်ဘာ ၂၉၊ ၂၀၀၃)
အကြီးမားဆုံး ရှုံးပွဲ
တောင်ကိုရီးယား ၀ – ၁၂ ဆွီဒင် (ဩဂုတ် ၅၊ ၁၉၄၈)
ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု
အခုဆိုရင် တောင်ကိုရီးယားက ကမ္ဘာ့ဖလား ကို ၁၁ ကြိမ် မြောက် ဝင်ရောက် ယှဉ်ပြိုင် ရတော့မှာပါ။ ပြီးခဲ့တဲ့ ၁၀ ကြိမ်မှာ အိမ်ရှင် အဖြစ် သူတို့ လက်ခံကျင်းပခဲ့တဲ့ ၂၀၀၂ ကမ္ဘာဖလား မှာ စတုတ္ထ ရခဲ့တာ အမြင့်မားဆုံး အောင်မြင်မှု ပါပဲ။ ကျန်အကြိမ်တွေ မှာတော့ အုပ်စုအဆင့်၊ ၁၆ သင်း အဆင့်က အမြင့်ဆုံးပါပဲ။ ဘရာဇီး ကမ္ဘာ့ဖလား၊ ရုရှား ကမ္ဘာ့ဖလား နှစ်ကြိမ် ဆက်တိုက် အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီတခါတော့ ဆွန်ဟောင်မင် ဦးဆောင်မှု နဲ့အတူ သူတို့တွေ တော်တော်လေး မျှော်လင့်ထားပြီး ဘယ်လောက်အထိ ခရီးပေါက်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။
အခြားအောင်မြင်မှု
အာရှထိပ်သီး အသင်း ပီပီ တောင်ကိုရီးယားဟာ အာရှဖလားမှာ ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ပြီး ဒုတိယ ၄ ကြိမ်၊ တတိယ ၄ ကြိမ် ရထားပါတယ်။ အာရှ အားကစား ပြိုင်ပွဲမှာလည်း ရွှေတံဆိပ် ၃ ကြိမ် အထိ ဆွတ်ခူးခဲ့ကာ တရုတ်၊ ဂျပန် တို့နဲ့ ကစားရတဲ့ အရှေ့အာရှ ချန်ပီယံ ရှစ်မှာလည်း ချန်ပီယံ ၅ ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ အခြားသော ဖိတ်ခေါ် ဖလားပွဲတွေ၊ အထိမ်းအမှတ် ပွဲတွေမှာလည်း တောင်ကိုရီးယား တွေရဲ့ အောင်မြင်မှုက မနည်းမနောပါပဲ။ ကာတာ ကမ္ဘာ့ဖလား မှာတော့ တောင်ကိုရီးယားတို့ အုပ်စု H မှာ ဂါနာ၊ ဥရုဂွေး၊ ပေါ်တူဂီ တို့နဲ့ ရင်ဆိုင်ရမှာပါ။
ကစားမည့်ရက်
ဥရုဂွေး – တောင်ကိုရီးယား (နိုဝင်ဘာ ၂၄)
တောင်ကိုရီးယား – ဂါနာ (နိုဝင်ဘာ ၂၈)
တောင်ကိုရီးယား – ပေါ်တူဂီ (ဒီဇင်ဘာ ၂)
ဗိုလ်စွဲရန် အလေးပေးမှု
+ ၂၅၀၀၀
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.