နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၃၀/၈/၂၀၂၂)

ဩဂုတ်လ ၃၀ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရှော်ကေး လူငယ် ခံစစ်မှူးကို ခေါ်ယူနိုင်ခဲ့တဲ့ အေစီမီလန်

စီးရီးအေ ချန်ပီယံ အေစီမီလန် ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ရှော်ကေး အသင်းရဲ့ လူငယ် နောက်ခံလူ မာလစ်ခ် သီယော်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။

အေစီမီလန်တို့ အသက် ၂၀ အရွယ် ဂျာမန် ယူ ၂၁ လက်ရွေးစင်ကို ယူရို ၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ကစားသမားရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ယူရို ၁၀ သန်းထိ ပေးချေရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မာလစ်ခ် အနေနဲ့ စီးရီးအေ ကလပ်နဲ့ ၂၀၂၇ ခုနှစ် အထိ ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။

မာလစ်ခ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ရှော်ကေး အားကစား ဒါရိုက်တာ ရူဘန် ရှရောက်ဒါက “မာလစ်ခ်ကို အသင်းပြောင်းခွင့်ပေးဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ။ သူဟာ ရှော်ကေးရဲ့ ငယ်မွေးခြံပေါက် ဖြစ်ပြီး ဒီနှစ်ပိုင်း အတွင်းမှာ တိုးတက်လာတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ အနေနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ စီးပွားအရ အမြဲတမ်း ထည့်တွေးရတာတွေ ရှိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ကစပြီး ရှော်ကေး စီနီယာ အသင်းကြီး အတွက် ပွဲထွက် ကစားခွင့်ရခဲ့တဲ့ မာလစ်ခ် သီယော်ဟာ ပြိုင်ပွဲစုံ ၆၁ ပွဲ ကစားပြီး ၃ ဂိုး သွင်းထားသူ ဖြစ်ပါတယ်။ မာလစ်ခ်ဟာ ဂျာမန် ယူ ၂၁ အသင်း အတွက်လည်း ပုံမှန် ပွဲထွက်ခွင့်ရနေသူ ဖြစ်ပြီး ရှော်ကေး အသင်း အနေနဲ့ သူ့နေရာမှာ အစားထိုးဖို့ အတွက် လစ်ဗာပူးလ်က အသက် ၂၀ အရွယ် နောက်ခံလူ ဆက်ပ် ဗန်ဒန်ဘက်ဂျ်ကို အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။


ဆယ်လီ ဟာမစ်ဒ်ဇစ်ကို ၃ နှစ် သက်တမ်း တိုးခဲ့တဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် ကတော့ သူတို့ အသင်းရဲ့ အားကစား ဒါရိုက်တာ ဟက်ဆန် ဆယ်လီဟာမစ်ဒ်ဇစ် ကို ၂၀၂၆ ခုနှစ် အထိ ၃ နှစ် စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။

ဘေယန်မြူးနစ် ဥက္ကဌ ဟာဘတ် ဟိုင်နာက “သူဟာ ငါးနှစ်တာ ကာလ အတွင်း အရမ်းကို ကောင်းမွန်တဲ့ အရာတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။” “သူဟာ ကျွန်တော်တို့ရဲ့ ပထမ အသင်း အတွက်ရော လူငယ် ကစားသမားတွေ အတွက် အပါအဝင် ဖွဲ့စည်း တည်ဆောက်ပုံနဲ့ ဝန်ထမ်းရေးရာ အတွက်ပါ အဆက်မပြတ် မြှင့်တင်ပေးနေပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ပစ်မှတ်တွေကို ခေါ်ယူဖို့ အတွက်နဲ့ ဘဏ္ဍာရေး အခြေအနေတွေကို အမြဲတမ်း ခေါင်းထဲထည့်ပြီး လုပ်ဆောင်ပေးနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆလီဟာမစ်ဒ်ဇစ်ကို နောက်ထပ် ၃ နှစ် သက်တမ်းတိုးဖို့ ဘေယန်မြူးနစ်ရဲ့ ဘုတ်အဖွဲ့ တာဝန်ရှိသူတွေဟာ တနင်္လာနေ့ ညနေက အစည်းအဝေးမှာ တညီတညွတ်တည်း သဘောတူညီခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အသက် ၄၅ နှစ် အရွယ် ဟာမစ်ဒ်ဇစ်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လ ကတည်းက ဘေယန်မြူးနစ်မှာ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

လီဂူး၀မ်း
တူးလောက်စ်
ပဲရစ် စိန့် ဂျာမိန်း
1X2 သရေ (Draw) @ 6.80
ဂိုးအောက် 3.50 @ 2.00
ပထမပိုင်း ဂိုးပေါ် 1.50 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အီကာ ဘရာဗိုကို ခေါ်ယူခဲ့တဲ့ ရီးရဲယ်

ရီးရဲယ်မက်ဒရစ် အသင်း ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယာ လေဗာကူဆင် အသင်းရဲ့ လူငယ် တိုက်စစ်မှူး အိုင်ကာ ဘရာဗို ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အသက် ၁၇ နှစ် အရွယ် တိုက်စစ် ကစားသမားဟာ ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီမှာ ၁၀ စုနှစ် တစ်ခု အကြာ ဖြတ်သန်းပြီးနောက် ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် အသင်းထံ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။ လေဗာကူဆင် အသင်းကြီး အတွက်တော့ ပြီးခဲ့တဲ့ ရာသီက ပွဲစဉ် ၂ ပွဲသာ လူစားဝင် ကစားခဲ့ရပေမယ့် ရီးရဲယ်မက်ဒရစ်က အနာဂတ် အတွက် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဘရာဗိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ လေဗာကူဆင် ဘက်က သူတို့ တရားဝင် ဝက်ဘ်ဆိုဒ် ကတဆင့် အတည်ပြု ကြေညာသွားခဲ့တာလည်း ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ ဘရာဗိုကို ကနဦး တစ်ရာသီ အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ရာသီ အကုန်မှာတော့ ယူရို ၆ သန်းနဲ့ အပြီးသတ် ဝယ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဘရာဗို အနေနဲ့ ရီးရဲယ်မက်ဒရစ် အသင်းကြီးမှာ ချက်ချင်း ပွဲထွက်ခွင့်ရဦးမှာ မဟုတ်ပဲ ရီးရဲယ်မက်ဒရစ် ကတ်စတီလာမှာပဲ စတင် ကစားရဖို့တော့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်