နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၃၀/၈/၂၀၂၂)

ဩဂုတ်လ ၃၀ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘီလ်ဘာအို ဂိုးပြတ် နိုင်ပွဲ ရပြီး ဗလင်စီယာကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတဲ့ တီကို

ညက ယှဉ်ပြိုင်ကစားသွားတဲ့ လာလီဂါ ပွဲစဉ် ၃ ရဲ့ နောက်ကျပွဲတွေ မှာတော့ အက်သလက်တစ် ဘီလ်ဘာအို အသင်းက ကာဒစ်ဇ်ကို ၀-၄၊ အက်တလက်တီကို မက်ဒရစ်က ဗလင်စီယာကို ၀-၁ ရလဒ်တွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ရာသီသစ်မှာ ပုံစံကောင်း တစ်ခုနဲ့ အတူ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ ဘီလ်ဘာအိုတို့ ဒီပွဲမှာလည်း တိုက်စစ်က ခြေစွမ်းပြနိုင်ခဲ့ပြီး အင်နာကီ ဝီလီယမ်စ်၊ ဘာရန်ဂါ၊ ဂူရူဇက်တာ တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘီလ်ဘာအိုတို့ ၃ ပွဲ ကစားပြီး ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် (၂) မှာ ဗီလာရီးရဲယ်ကို အိမ်ကွင်းမှာ ၂ ဂိုး ပြတ် ရှုံးနိမ့်ထားတဲ့ ဒီယေဂို ဆီမြွန်နီရဲ့ အသင်း ကတော့ ဗလင်စီယာ ကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး လူစားဝင် ကစားသမား ၂ ဦးရဲ့ ခြေစွမ်းပြမှုကြောင့်သာ အဖိုးတန် ၃ မှတ် ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဗလင်စီယာ နည်းပြ ဂတ်တူဆိုရော တီကို နည်းပြ ဆီမြွန်နီပါ အဝါကတ် ပြသခံခဲ့ရပြီး နှစ်သင်းစလုံး ခပ်ကြမ်းကြမ်း ကစားသွားတာကြောင့် အဝါကတ်တွေ ပလူပျံခဲ့ရပါတယ်။ အက်တလက်တီကိုမက်ဒရစ် အတွက် တစ်လုံးတည်းသော သွင်းဂိုး ကိုတော့ ပွဲချိန် ၆၆ မိနစ်မှာလူစားဝင် ကစားသမားတွေ ဖြစ်တဲ့ သောမက်စ် လီမားရဲ့ ပေးပို့မှု ကနေ အန်တွန် ဂရစ်ဇ်မန်းက ၁၈ ကိုက်စည်း ထိပ်ကနေ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အက်တလက်တီကိုမက်ဒရစ်တို့ ၂ ပွဲနိုင်၊ ၁ ပွဲ ရှုံး၊ ရမှတ် ၆ မှတ်နဲ့ အဆင့် ၆ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။


ပြိုင်ဘက် အသင်းရဲ့ အကယ်ဒမီထွက် ကြယ်ပွင့်ကို ခေါ်ယူခဲ့တဲ့ ရီးရဲယ်မက်ဒရစ်

ရီးရဲယ်မက်ဒရစ် ကတော့ လာလီဂါ ပြိုင်ဘက် ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီ ထွက် ကစားသမားလေး အိုင်ကာ ဘရာဗို ကို ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။

ချဲလ်ဆီး ကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာ တိုက်စစ်မှူး ပီရဲယ် အန်းမရစ်ခ် အော်ဘာမီယန်းကို ခေါ်ယူချင်နေဆဲ ဖြစ်ပြီး လက်တလော မှာတော့ ပုံစံ ၂ မျိုးနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
အော်ဘာမီယန်းကို ပုံစံ ၂ မျိုးနဲ့ ကမ်းလှမ်းထားတဲ့ ချဲလ်ဆီး

အသက် ၁၇ နှစ် အရွယ် တိုက်စစ် ကစားသမားဟာ လာမာစီယာ အကယ်ဒမီမှာ ၁၀ စုနှစ် တစ်ခုကြာ ဖြတ်သန်းပြီးနောက် ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် အသင်းထံ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။ လေဗာကူဆင် အသင်းကြီး အတွက်တော့ ပြီးခဲ့တဲ့ ရာသီက ပွဲစဉ် ၂ ပွဲသာ လူစားဝင် ကစားခဲ့ရပေမယ့် ရီးရဲယ်မက်ဒရစ်က အနာဂတ် အတွက် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဘရာဗိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ လေဗာကူဆင် ဘက်က သူတို့ တရားဝင် ဝက်ဘ်ဆိုဒ် ကတဆင့် အတည်ပြု ကြေညာသွားခဲ့တာလည်း ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ ဘရာဗိုကို ကနဦး တစ်ရာသီ အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ရာသီ အကုန်မှာတော့ ယူရို ၆ သန်းနဲ့ အပြီးသတ် ဝယ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဘရာဗို အနေနဲ့ ရီးရဲယ်မက်ဒရစ် အသင်းကြီးမှာ ချက်ချင်း ပွဲထွက်ခွင့်ရဦးမှာ မဟုတ်ပဲ ရီးရဲယ်မက်ဒရစ် ကတ်စတီလာမှာပဲ စတင် ကစားရဖို့တော့ ရှိနေပါတယ်။


အော်ဘာမီယန်းကို ပုံစံ ၂ မျိုးနဲ့ ကမ်းလှမ်းထားတဲ့ ဘာစီလိုနာ

ချဲလ်ဆီး ကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာ တိုက်စစ်မှူး ပီရဲယ် အန်းမရစ်ခ် အော်ဘာမီယန်းကို ခေါ်ယူချင်နေဆဲ ဖြစ်ပြီး လက်တလော မှာတော့ ပုံစံ ၂ မျိုးနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဂါဘွန်း တိုက်စစ်မှူး အတွက် ချဲလ်ဆီးရဲ့ ပထမ ကမ်းလှမ်းချက်က ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း+မားကိုစ် အလွန်ဆို ဖြစ်ပြီး ဒုတိယ ကမ်းလှမ်းချက် ကတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဖြစ်တယ်လို့ သိရပါတယ်။ CBS နာမည်ကြီး သတင်းထောက် ဘန်ဂျက်ကော့ဗ်ရဲ့ ဖော်ပြချက် အရ ပေါင် ၁၅ သန်းနဲ့ အလွန်ဆို ကို အလိုက်ပေး ကမ်းလှမ်းချက်က ချဲလ်ဆီးရဲ့ ဦးစားပေး ကမ်းလှမ်းမှု ဖြစ်တယ်လို့ သိရပြီး ဘာစီလိုနာ ဘက်ကလည်း သဘောတူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

လာလီဂါ
ရီးယဲလ်မက်ဒရစ်
ရီးယဲလ် ဘက်တစ်
1X2 ရီးယဲလ် ဘက်တစ် @ 7.20
ဂိုးပေါ် 3.25 @ 2.08
ဂိုးပေါင် 0-1 @ 5.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာ ဟာ အစောပိုင်း ကတည်းက ခရစ္စတန်ဆန်ကို အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် အက်ဇ်ပီလီကွယ်တာနဲ့ မားကို့စ် အလွန်ဆို တို့ကိုပါ ခေါ်ယူလိုကြောင်း အတည်ပြု ပြောကြားထားခဲ့တာကြောင့် ချဲလ်ဆီးရဲ့ ပထမ ကမ်းလှမ်းချက်ကို အလျင်အမြန် လက်ခံသွားဖို့ သေချာသလောက် ရှိနေကြောင်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း အော်ဘာမီယန်း ကို ချဲလ်ဆီး အပြင် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ချဲလ်ဆီးကိုသာ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် အော်ဘာမီယန်းဟာ အာဆင်နယ် အသင်းမှာ ၄ ရာသီ ဖြတ်သန်းခဲ့ပြီး ပြိုင်ပွဲစုံ ၁၆၃ ပွဲ ကစားရာမှာ ၉၂ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်