နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၂၉/၈/၂၉၂၂)

ဩဂုတ်လ ၂၉ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


“လာလီဂါက ခက်တယ်” ဆိုပြီး တစ်ပွဲ ၂ ဂိုးနှုန်း သွင်းနေတဲ့ လီဝမ်ဒေါစကီး

လာလီဂါ ဟာ ကစားရ ခက်တဲ့ ပြိုင်ပွဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားတဲ့ ရောဘတ် လီဝမ်ဒေါစကီး ကတော့ တစ်ပွဲကို ၂ ဂိုးနှုန်း သွင်းပြီး ခြေစွမ်းပြနေတာ တွေ့ရပါတယ်။
လီဝမ်ဒေါစကီး အနေနဲ့ ဗလက်ကာနိုနဲ့ အဖွင့်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲစဉ် (၂) မှာတော့ ရီးရဲယ်ဆိုစီဒက် ဘက်ကို ၂ ဂိုး သွင်းယူနိုင်ခဲ့သလို မနေ့ညက ကစားခဲ့တဲ့ ဗယ်လာဒိုးလစ်နဲ့ ပွဲမှာလည်း ၂ ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ အမှန်တကယ်တော့ လီဝမ်ဒေါစကီးဟာ တစ်ပွဲတည်း ၄ ဂိုး သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးတိုင် ၂ ကြိမ် ထိခဲ့တာကြောင့် ၂ ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

၃ ပွဲ ကစားပြီး ၄ ဂိုး သွင်းထားတဲ့ လီဝမ်ဒေါစကီးဟာ ၂၀၂၂-၂၃ ဘောလုံးရာသီ အတွက် ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား စာရင်းမှာ ဘက်တစ် တိုက်စစ်မှူး ဘရိုဟာ အီဂလားစီးယက်စ်နဲ့ အတူ ထိပ်ဆုံးမှာ ပူးတွဲ ရပ်တည်နေခဲ့ပါတယ်။ ဘာစီလိုနာ ကလည်း ပွဲစဉ် (၃) အပြီးမှာ ရမှတ် ၇ မှတ်၊ ရဂိုး ၈ ဂိုး၊ ပေးဂိုး ၁ ဂိုးနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

နည်းပြ ဇာဗီ ကတော့ လက်ရှိ ဘာစီလိုနာရဲ့ အခြေအနေကို ကျေနပ် အားရနေပြီး သူ့ရဲ့ အသင်းဟာ တိုးတက်ဖို့ လိုအပ်နေသေးပေမယ့် အကောင်းဆုံးတော့ ကစားလျက် ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် လီဝမ်ဒေါစကီးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီးတော့လည်း ပိုလန် တိုက်စစ်မှူးကြီးဟာ ပင်ကိုယ် သဘာဝအရ ခေါင်းဆောင်နိုင်သူ တစ်ဦး ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

လီဂူး၀မ်း
တူးလောက်စ်
ပဲရစ် စိန့် ဂျာမိန်း
1X2 သရေ @ 6.80
ဂိုးအောက် 3.50 @ 2.00
ပထမပိုင်း ဂိုးပေါ် 1.50 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဇာဗီက “သွင်းဂိုးတွေ အပြင် ကျွန်တော် ချီးကျူးချင်တာက သူ့ရဲ့ အချိန်ကိုက် လှုပ်ရှားနိုင်မှု ဖြစ်ပါတယ်။ ပရိသတ်တွေ သတိထားမိချင်မှ သတိထားမိပါလိမ့်မယ်။ ဒီအချက်ကသူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ ပင်ကိုယ် ခေါင်းဆောင်နိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။ အသင်းနဲ့ လျင်လျင်မြန်မြန် အသားကျသွားတာလည်း သိပ်ကိုကောင်းပါတယ်။ သူက အရမ်းလည်း အလုပ် ကြိုးစားသူ တစ်ဦး ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ကာဗာနီကို ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့တဲ့ ဗလင်စီယာ နည်းပြ ဂတ်တူဆို

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း အက်ဒီဆင် ကာဗာနီ ကိုတော့ လာလီဂါ ကလပ် ဗလင်စီယာက ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း နည်းပြ ဖြစ်သူ ဂတ်တူဆိုက အတည်ပြုသွားခဲ့ပါတယ်။

ဂတ်တူဆိုက “ကာဗာနီ အကြောင်း ပြောတဲ့အခါ သူက သာမန် ကစားသမား မဟုတ်သလို ကလပ် အသင်းကြီးတွေနဲ့ ထိပ်တန်း အဆင့်မှာ အချိန် အတော်ကြာ ကစားခဲ့သူပါ။ သူက အသက် 35 ရှိပေမယ့် မယုံနိုင်စရာ ကောင်းလောက်အောင် စိတ်ဓာတ်ပြင်းပြသူပါ။ ကျွန်တော်တို့ ပိုက်ဆံ ကိစ္စ မပြောခဲ့ပါဘူး။ နည်းစနစ်ပိုင်း အရပဲ စကားပြောခဲ့ပါတယ်။” လို့ ဆိုပါတယ်။

အသက် ၃၅ နှစ် အရွယ် ဥရုဂွေး တိုက်စစ်မှူးကြီးဟာ အခုနွေရာသီမှာ ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။ ကာဗာနီဟာ အစောပိုင်းက လာလီဂါ ကလပ်တွေ ဖြစ်တဲ့ ဗီလာရီးရဲယ်၊ ရီးရဲယ်ဆိုစီဒက် တို့နဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုနောက်ဆုံး မှာတော့ ဗလင်စီယာက ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း အက်ဒီဆင် ကာဗာနီ ကိုတော့ လာလီဂါ ကလပ် ဗလင်စီယာက ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း နည်းပြ ဖြစ်သူ ဂတ်တူဆိုက အတည်ပြုသွားခဲ့ပါတယ်။
နာပိုလီ၊ ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကာဗာနီ

နာမည်ကျော် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ကာဗာနီဟာ စီးရီးအေ ကလပ် ပါလာမိုမှာ ၁၁၂ ပွဲ ကစားပြီး ၃၆ ဂိုး သွင်းယူခဲ့သလို နာပိုလီမှာတော့ ၁၃၈ ပွဲ ကစားပြီး ၁၀၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ မှာ ကစားခဲ့စဉ် ကတော့ သူ့အတွက် အတောက်ပဆုံး အချိန်တွေ ဖြစ်ခဲ့ပြီး ၃၀၁ ပွဲမှာ ဂိုး ၂၀၀ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ကာဗာနီဟာ ၂၀၂၀ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး ၅၉ ပွဲ ကစားရာမှာ ၁၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။


ဘာစီလိုနာကို ဆုဖလားတွေ ဆွတ်ခူးဖို့ လာခဲ့တာ ဖြစ်ကြောင်း ပြောလာတဲ့ ကွန်ဒေး

ဆုဖလား ရယူဖို့ အတွက် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ကြောင်း ဗယ်လာဒိုးလစ်ကို ၄ ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာ ပထမဦးဆုံး အကြိမ် ပွဲထွက်ခွင့်ရခဲ့တဲ့ နောက်ခံလူသစ် ဂျူးလ်စ် ကွန်ဒေးက ပြောကြားလိုက်ပါတယ်။

ကွန်ဒေးက “ကျွန်တော် အများကြီး မကစားရသေးပေမယ့် ခံစားရတာ အရမ်းကောင်းပါတယ်။ ကျွန်တော် အကောင်းဆုံး ပုံစံ ရဖို့တော့ အချိန်တစ်ခု လိုအပ်နေပါသေးတယ်” “ကျွန်တော် ဆုဖလားတွေ ဆွတ်ခူးဖို့နဲ့ ဆက်ပြီး တိုးတက်ဖို့ ဘာစီလိုနာကို လာခဲ့တာပါ။”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ကွန်ဒေးဟာ ပြီးခဲ့တဲ့ ဇွန်လ ကတည်းက ဆီဗီလာ ကနေ လာလီဂါ ပြိုင်ဘက် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဘာစီလိုနာ ကစားသမား အဖြစ်တော့ ပြီးခဲ့တဲ့ တစ်ပတ်ကမှ မှတ်ပုံတင်နိုင်ခဲ့ပြီး ဗယ်လာဒိုးလစ်နဲ့ ပွဲမှာ ပထမဦးဆုံး အကြိမ် ပွဲထွက်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၃ နှစ် အရွယ် ပြင်သစ် ခံစစ်မှူးဟာ ဘာစီလိုနာနဲ့ ပွဲဦးထွက်မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပြီး သူပါဝင်တဲ့ ခံစစ် ကလည်း ပေးဂိုး လုံးဝ မရှိခဲ့ပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်