နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၂၉/၈/၂၀၂၂)

ဩဂုတ်လ ၂၉ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကလက်ဂျစ်ကို နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းဦးမယ့် ဝုဗ်

ဂျာမန် အခြေစိုက် Sky Sports ရဲ့ ဖော်ပြချက်အရ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် အသင်းဟာ ဘွန်ဒက်စ်လီဂါ ကလပ် စတုဂတ် တိုက်စစ်မှူး ဆာဆာ ကလက်ဂျစ်ကို နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဆာဆာ ကလက်ဂျစ်ကို ပထမ တစ်ကြိမ် ယူရို ၁၅ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းထားခဲ့ပေမယ့် စတုဂတ် ဘက်က ပယ်ချထားခဲ့ပါတယ်။ သတင်းတွေအရ ဆိုရင် စတုဂတ်ဟာ ကလက်ဂျစ်ကို ယူရို ၂၅ သန်း ရရှိမှသာ ရောင်းထုတ်လိုပေမယ့် ယူရို သန်း ၂၀ ဝန်းကျင်+အပိုဆုကြေးနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်သွားဖွယ် ရှိနေတယ်လို့လည်း သုံးသပ်နေကြပါတယ်။

စတုဂတ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ကလက်ဂျစ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားချင်နေပေမယ့် ကလပ် နှစ်သင်း အကြား သဘောတူညီမှု ရရှိဖို့ အတွက်တော့ ညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ်ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ် အရွယ် ဩစတြီးယား တိုက်စစ်မှူးကို အစောပိုင်းမှာ ယူနိုက်တက်၊ ရိုးမားနဲ့ ဒေါ့မန် တို့က စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့် အမှန်တကယ် ကြိုးပမ်းခဲ့ခြင်း မရှိခဲ့ပဲ ဝုဗ် ကသာ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။


ဘယ်လင်ဂမ် ဘယ်မှ မပြောင်းဘူးလို့ အတည်ပြုခဲ့တဲ့ ဒေါ့မန် အားကစား ဒါရိုက်တာ

ဂျူ့ဒ် ဘယ်လမ်ဂမ် အနေနဲ့ အခုနှစ် နွေရာသီမှာ ဘယ်အသင်းကိုမှ ပြောင်းရွှေ့မှာ မဟုတ်ကြောင်း ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ အားကစား ဒါရိုက်တာ ဆဘက်ရှန် ခဲလ်က ပြောကြားလိုက်ပါတယ်။

ခဲလ်က “သူ ကျွန်တော်တို့နဲ့ အတူ ရှိနေမှာပါ။ ဒီနေ့ ကျွန်တော် အာမခံနိုင်ပါတယ်။” လို့ Sky90 နဲ့ အင်တာဗျူးမှာ အတည်ပြု ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလပ် ဘက်က ဘယ်လင်ဂမ်နဲ့ ပတ်သတ်လို့ ကမ်းလှမ်းမှု တစုံတရာမှ မရရှိခဲ့သလို ကစားသမား ကိုယ်တိုင် ကလည်း ဒေါ့မန် ကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း ခဲလ်က ထပ်ပြီး အတည်ပြုသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
အဲဗာတန်
1X2 လိဒ် ယူနိုက်တက် @ 2.16
ဂိုးပေါ် 2.75 @ 2.17
ဂိုးပေါင်း 0-1 @ 3.40
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘယ်လင်ဂမ် ကိုတော့ ပြီးခဲ့တဲ့ တစ်ပတ်က ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်က ချိတ်ဆက်မှုတွေ ပြုလုပ်လာတယ် ဆိုပြီး သတင်းတွေ ထွက်နေခဲ့သလို ရီးရဲယ်မက်ဒရစ် ကလည်း နောက်ရာသီမှာ ခေါ်ယူမယ် ဆိုပြီး ကောလာဟလတွေ တောက်လျောက် ထွက်နေခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ဘာမင်ဂမ်စီးတီး ကနေ ယူရို ၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဘွန်ဒက်စ်လီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ၉၅ ပွဲ ကစားရာမှာ ၁၁ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်ထားသူ ဖြစ်ပါတယ်။


လေဗာကူဆင်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ အိုဒွိုင်း

ချဲလ်ဆီး ကွင်းလယ် တိုက်စစ် ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ကတော့ လေဗာကူဆင် အသင်းထံ ပြောင်းရွှေ့ ကစားဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေခဲ့ပြီလို့ သိရပါတယ်။

အိုဒွိုင်းဟာ ဘွန်ဒက်စ်လီဂါ ကလပ်ကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ကစားမှာ ဖြစ်ပြီး လာမယ့် ရက်ပိုင်း အတွင်း ဆေးစစ်မှု ခံယူသွားဖွယ် ရှိနေတယ်လို့လည်း ဂျာမန် ကလာတဲ့ သတင်းတွေ အရ သိရပါတယ်။

အသက် ၂၁ နှစ် အရွယ် အင်္ဂလန် ကစားသမားကို ဘွန်ဒက်စ်လီဂါ ထိပ်သီးတွေ ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ ဒေါ့မန် တို့ကလည်း ချိတ်ဆက်ခဲ့ကြပေမယ့် အခု နောက်ဆုံး မှာတော့ လေဗာကူဆင် ကိုပဲ ရောက်ရှိဖို့ သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Sky Germany ရဲ့ ဖော်ပြချက်အရ လေဗာကူဆင် အသင်းဟာ ရှက်တာဒိုးနက်စ် ကွင်းလယ်လူ မိုင်ခေလို မူဒရစ်ခ်ကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် အိုဒွိုင်းကို ပြောင်းလဲ ကြိုးပမ်းခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

အိုဒွိုင်း အနေနဲ့ လေဗာကူဆင် အသင်းမှာ စပါတာပရက်ဂ် ကနေ ပြောင်းရွှေ့လာတဲ့ အဒမ် ဟိုးလ်ဇက်ခ်၊ ဇင်းနစ် ကနေ ပြောင်းလာတဲ့ အက်ဇ်မွန် တို့နဲ့ ပုံမှန် ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်သွားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်